အျမဲ ရန္ျဖစ္စကားမ်ားေနၾကတဲ့ မိဘႏွစ္ပါးေၾကာင့္မခံစားႏိုင္ေတာ့ဘဲ 36လႊာကေနခုန္ခ်ခဲ့တဲ့ 11ႏွစ္အရြယ္သမီးေလး

ၿပီးခဲ့တဲ့ November 26 ရက္ေန႔က ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 11ႏွစ္အရြယ္ ကေလးမေလးဟာ သူမရဲ႕မိဘေတြအျမဲရန္ျဖစ္စကားမ်ားခဲ့ၾကတဲ့အတြက္ အေတာ္ေလးကိုဒုကၡေရာက္ခဲ့ရၿပီး မခံႏိုင္ေတာ့တဲ့အဆံုး 36လႊာကေန ခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့မႈျဖစ္ပ်က္ခဲ့ပါတယ္ ။၎တို႔မိသားစုဟာ Hanoi ၿမိဳ႕မွာ႐ွိတဲ့ အဆင့္ျမင့္တိုက္ခန္းမွာေနထိုင္ခဲ့ၾကတာျဖစ္ၿပီး ၊ ကေလးမေလးရဲ႕ မိဘႏွစ္ပါးလံုးဟာ အေတာ္ေလးကိုဝင္ေငြေကာင္းတဲ့ အလုပ္အကိုင္မ်ိဳးလုပ္ကိုင္ေနၾကသူေတြျဖစ္ေပမဲ့လည္း မၾကာေသးခင္ကစၿပီး အေတာ္ေလးကို ရန္ျဖစ္စကားမ်ားခဲ့ၾကပါတယ္ ။

ၿပီးခဲ့တဲ့ November 25 ရက္ေန႔ညက အဆိုပါမိန္းကေလးရဲ႕ မိဘႏွစ္ပါးဟာထပ္မံစကားမ်ားရန္ျဖစ္ခဲ့ၾကၿပီး အခ်င္းခ်င္းေအာ္ေငါက္ခဲ့ၾကတဲ့အျပင္ ၊ တံခါးေတြကိုလည္း က်ယ္ေလာင္စြာ ေဆာင့္ပိတ္ခဲ့ၾကပါတယ္ ။ အဆိုပါမိဘႏွစ္ပါးရဲ႕လုပ္ရက္ေတြေၾကာင့္ ကေလးမေလးဟာ တစ္ညလံုးငိုေႂကြးခဲ့ရပါတယ္ ။ ေနာက္မနက္ခင္းမွာေတာ့ မိခင္ျဖစ္သူဟာ က်ယ္ေလာင္တဲ့ခုန္ခ်သံမ်ိဳးၾကားခဲ့ေပမဲ့လည္း ခင္ပြန္းျဖစ္သူကိုအေတာ္ေလးစိတ္ဆိုးေနခဲ့ၿပီး ေခါင္းလည္းကိုက္ခဲေနေသးတဲ့အတြက္ ထမၾကည့္ပဲျပန္အိပ္စက္ခဲ့ပါတယ္ ။ အခ်ိန္ခဏအၾကာမွာမွ အိပ္ရာမွႏႈိးထလာၿပီး သမီးျဖစ္သူကို မနက္စာစားဖို႔ေခၚထခဲ့ေပမဲ့လည္း သမီးျဖစ္သူကျပန္လည္ေျဖၾကားျခင္းမ်ိဳးမ႐ွိခဲ့တဲ့အတြက္ အခန္းထဲဝင္ၾကည့္ရာမွ ပုတင္းေပါက္တံခါးဟာဖြင့္ေနခဲ့ၿပီး ၊ အျပင္ဖက္မွလည္း ဆူညံသည့္အသံမ်ားၾကားေနခဲ့၍ သူမလွန္းၾကည့္လိုက္ခ်ိန္မွာေတာ့ သူမရဲ႕သမီးျဖစ္သူဟာ ေျမျပင္ေပၚမွ ေသြးအိုင္ေတြထဲ လဲက်ေနတာကိုေတြ႔႐ွိသြားခဲ့ပါတယ္ ။

သမီးျဖစ္သူမွာ ေက်ာင္းဝတ္စံုကိုဝတ္ဆင္ထားတဲ့အျပင္ ေသြးအိုင္ေတြႏွင့္ေျမျပင္ေပၚမွာလႈပ္႐ွားမႈမ႐ွိေတာ့ဘဲ လဲက်ေနခဲ့တာပါ ။ ထို႔ေနာက္ မိခင္ျဖစ္သူဟာ 39 လႊာကေန သမီး႐ွိရာသို႔ ဓာတ္ေလွကားကိုမေစာင့္ႏိုင္ေတာ့ဘဲ ၊ ေလွကားအတိုင္း ေျပးဆင္းသြားခဲ့ပါေတာ့တယ္ ။ သမီးအနားသို႔ေရာက္ခဲ့တာနဲ႔ သူမခ်က္ခ်င္းပဲေအာ္ဟစ္ငိုယိုခဲ့ပါေတာ့တယ္ ။ဖခင္ျဖစ္သူမွာလည္း သတင္းၾကားၾကားၿပီးခ်င္းနာရီဝက္အၾကာအခင္းျဖစ္ပြားရာေနရာသို႔ ေရာက္႐ွိလာခဲ့ပါတယ္ ။ သမီးငယ္ေလးကို ဆံုး႐ႈံးခဲ့ရတဲ့အတြက္ မိဘႏွစ္ပါးမွာအခ်င္းခ်င္းေပြ႔ဖက္ၿပီး ငိုေႂကြးခဲ့ၾကပါတယ္ ။ သမီးငယ္ေလးရဲ႕ ႐ုပ္အေလာင္းကို ေဆးရံုသို႔ယူေဆာင္သြားခဲ့ၾကၿပီး ေဆးရံုမွလည္း ေသဆံုးၿပီးေၾကာင္းအတည္ျပဳေပးတဲ့ အေၾကာင္းျပန္စာထုတ္ေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ November 26 ရက်နေ့က ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 11နှစ်အရွယ် ကလေးမလေးဟာ သူမရဲ့မိဘတွေအမြဲရန်ဖြစ်စကားများခဲ့ကြတဲ့အတွက် အတော်လေးကိုဒုက္ခရောက်ခဲ့ရပြီး မခံနိုင်တော့တဲ့အဆုံး 36လွှာကနေ ခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပျက်ခဲ့ပါတယ် ။၎င်းတို့မိသားစုဟာ Hanoi မြို့မှာရှိတဲ့ အဆင့်မြင့်တိုက်ခန်းမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး ၊ ကလေးမလေးရဲ့ မိဘနှစ်ပါးလုံးဟာ အတော်လေးကိုဝင်ငွေကောင်းတဲ့ အလုပ်အကိုင်မျိုးလုပ်ကိုင်နေကြသူတွေဖြစ်ပေမဲ့လည်း မကြာသေးခင်ကစပြီး အတော်လေးကို ရန်ဖြစ်စကားများခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ November 25 ရက်နေ့ညက အဆိုပါမိန်းကလေးရဲ့ မိဘနှစ်ပါးဟာထပ်မံစကားများရန်ဖြစ်ခဲ့ကြပြီး အချင်းချင်းအော်ငေါက်ခဲ့ကြတဲ့အပြင် ၊ တံခါးတွေကိုလည်း ကျယ်လောင်စွာ ဆောင့်ပိတ်ခဲ့ကြပါတယ် ။ အဆိုပါမိဘနှစ်ပါးရဲ့လုပ်ရက်တွေကြောင့် ကလေးမလေးဟာ တစ်ညလုံးငိုကြွေးခဲ့ရပါတယ် ။ နောက်မနက်ခင်းမှာတော့ မိခင်ဖြစ်သူဟာ ကျယ်လောင်တဲ့ခုန်ချသံမျိုးကြားခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူကိုအတော်လေးစိတ်ဆိုးနေခဲ့ပြီး ခေါင်းလည်းကိုက်ခဲနေသေးတဲ့အတွက် ထမကြည့်ပဲပြန်အိပ်စက်ခဲ့ပါတယ် ။ အချိန်ခဏအကြာမှာမှ အိပ်ရာမှနှိုးထလာပြီး သမီးဖြစ်သူကို မနက်စာစားဖို့ခေါ်ထခဲ့ပေမဲ့လည်း သမီးဖြစ်သူကပြန်လည်ဖြေကြားခြင်းမျိုးမရှိခဲ့တဲ့အတွက် အခန်းထဲဝင်ကြည့်ရာမှ ပုတင်းပေါက်တံခါးဟာဖွင့်နေခဲ့ပြီး ၊ အပြင်ဖက်မှလည်း ဆူညံသည့်အသံများကြားနေခဲ့၍ သူမလှန်းကြည့်လိုက်ချိန်မှာတော့ သူမရဲ့သမီးဖြစ်သူဟာ မြေပြင်ပေါ်မှ သွေးအိုင်တွေထဲ လဲကျနေတာကိုတွေ့ရှိသွားခဲ့ပါတယ် ။

သမီးဖြစ်သူမှာ ကျောင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့အပြင် သွေးအိုင်တွေနှင့်မြေပြင်ပေါ်မှာလှုပ်ရှားမှုမရှိတော့ဘဲ လဲကျနေခဲ့တာပါ ။ ထို့နောက် မိခင်ဖြစ်သူဟာ 39 လွှာကနေ သမီးရှိရာသို့ ဓာတ်လှေကားကိုမစောင့်နိုင်တော့ဘဲ ၊ လှေကားအတိုင်း ပြေးဆင်းသွားခဲ့ပါတော့တယ် ။ သမီးအနားသို့ရောက်ခဲ့တာနဲ့ သူမချက်ချင်းပဲအော်ဟစ်ငိုယိုခဲ့ပါတော့တယ် ။ဖခင်ဖြစ်သူမှာလည်း သတင်းကြားကြားပြီးချင်းနာရီဝက်အကြာအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပါတယ် ။ သမီးငယ်လေးကို ဆုံးရှုံးခဲ့ရတဲ့အတွက် မိဘနှစ်ပါးမှာအချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ် ။ သမီးငယ်လေးရဲ့ ရုပ်အလောင်းကို ဆေးရုံသို့ယူဆောင်သွားခဲ့ကြပြီး ဆေးရုံမှလည်း သေဆုံးပြီးကြောင်းအတည်ပြုပေးတဲ့ အကြောင်းပြန်စာထုတ်ပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အျမဲ ရန္ျဖစ္စကားမ်ားေနၾကတဲ့ မိဘႏွစ္ပါးေၾကာင့္မခံစားႏိုင္ေတာ့ဘဲ 36လႊာကေနခုန္ခ်ခဲ့တဲ့ 11ႏွစ္အရြယ္သမီးေလး"

Leave a comment

Your email address will not be published.


*