May Castro အမည္ရွိအင္တာနက္သုံးစြဲသူတစ္ဦးဟာ ဖိလစ္ပိုင္ႏိုင္ငံ Davao del Sur ျပည္နယ္ Santa Cruz ၿမိဳ႕ရွိ လိုင္းကားတစ္စီးကိုတက္စီးလိုက္တဲ့အခ်ိန္မွာ လိုင္းကားအတြင္းရွိ တစ္ကမာၻလုံးအတြက္ သူမရဲ႕ခ်မ္းသာႂကြယ္ဝမႈကို ျပသခ်င္ေနပုံရတဲ့အျခားခရီးသည္တစ္ဦးကို ခ်က္ခ်င္း သတိျပဳမိသြားခဲ့ပါတယ္။အဆိုပါအမည္မသိခရီးသည္အမ်ိဳးသမီးဟာ အနည္းဆုံး ေ႐ႊဆြဲႀကိဳး ၆ ကုံးကို ဝတ္ဆင္ထားပါတယ္။ထို႔အျပင္ သူမရဲ႕လက္ေကာက္ဝတ္မွာလည္း ႀကီးမားတဲ့လက္ေကာက္မ်ားႏွင့္ သူမရဲ႕လက္ေခ်ာင္းေတြမွာလည္း လက္စြပ္မ်ားကိုပါ ဝတ္ဆင္ထားပါေသးတယ္။သူမရဲ႕အျခားလက္တစ္ဖက္က ပုံမွာ မပါတဲ့အတြက္ အဲ့ဒီလက္တစ္ဖက္ကိုလည္းဘဲ ေ႐ႊေတြအမ်ားႀကီးကို ဝတ္ဆင္ေကာင္းဝတ္ဆင္ထားႏိုင္ပါတယ္။
အကယ္လို႔မ်ား သူမသာ သူမရဲ႕နားႏွင့္ ေျခက်င္းဝတ္မွာပါ ေ႐ႊေတြဆင္ထားရင္ေတာ့ ကြၽန္ေတာ္တို႔လည္း ထပ္ၿပီးအံ့ဩစရာမျဖစ္ေနေတာ့ပါဘူး။သို႔ေပမဲ့ ထိုမ်ားျပားလွတဲ့လက္ဝတ္ရတနာအပိုင္းအစမ်ားမွ သူမရဲ႕ႂကြယ္ဝမႈကိုျပသသည့္အေနႏွင့္ အဆိုပါအမ်ိဳးသမီးဟာ လက္စြပ္မ်ားႏွင့္အလွဆင္ထားတဲ့သူမရဲ႕လက္တစ္ဖက္ျဖင့္ သူမရဲ႕ႂကြယ္ဝမႈကို ထပ္တိုးျပသႏိုင္ရန္ ၎လက္မွာ ပိုက္ဆံထုပ္ကိုပါ ကိုင္ထားလိုက္ပါေသးတယ္။ပိုက္ဆံထည့္ဖို႔ ေဘးမွာလြယ္အိတ္တစ္အိတ္ရွိပုံေပၚေနေပမဲ့လည္း သူမဟာ အျခားခရီးသည္မ်ားျမင္ေတြ႕ေစရန္အတြက္ ၎ပိုက္ဆံထုပ္ကို လက္မွာသာ ကိုင္ထားဖို႔ ဆုံးျဖတ္ခဲ့ပုံရပါတယ္။
ထို႔ေနာက္ အင္တာနက္သုံးစြဲသူေတာ္ေတာ္မ်ားမ်ားက အဆိုပါအမ်ိဳးသမီးကဲ့သို႔ ခ်မ္းသာလိုေၾကာင္းဆႏၵျပဳၾကေပမဲ့ အျခားသူမ်ားက တကယ္ခ်မ္းသာတဲ့သူတစ္ေယာက္က ၎တို႔ရဲ႕ဥစၥာပစၥည္းမ်ားကို ၎ကဲ့သို႔ ထုတ္ေဖာ္ျပသမွာမဟုတ္ေၾကာင္း ထို႔ကဲ့သို႔ ေထာက္ျပခဲ့ၾကပါတယ္။အဆိုပါအမ်ိဳးသမီးဟာ တကယ့္တကယ္သာခ်မ္းသာေနရင္ သူမဟာ လိုင္းကားစီးမွာမဟုတ္ဘဲ ဇိမ္ခံကား သို႔မဟုတ္ ယာဥ္အမ်ိဳးအစားတစ္မ်ိဳးမ်ိဳးကို စီးေနမွာေပါ့လို႔လည္း ေထာက္ျပခဲ့ၾကပါတယ္။အခ်ိဳ႕ေသာသူမ်ားကလည္း သူခိုးဓားျပေတြနဲ႔ႀကဳံလာတဲ့အခါ အဆိုပါအမ်ိဳးသမီးက စြပ္စြပ္စြဲစြဲေတြလုပ္မွာဆိုးတဲ့အတြက္ေၾကာင့္ ၎ကားေပၚရွိလိုက္ပါလာတဲ့ခရီးသည္မ်ားအတြက္သာ စိတ္ပူမိေၾကာင္းလည္း မွတ္ခ်က္ေပးထားခဲ့ၾကပါေသးတယ္။
JRose (Mckzone Daily One)
Source : rachfeed
Unicode
May Castro အမည်ရှိအင်တာနက်သုံးစွဲသူတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Davao del Sur ပြည်နယ် Santa Cruz မြို့ရှိ လိုင်းကားတစ်စီးကိုတက်စီးလိုက်တဲ့အချိန်မှာ လိုင်းကားအတွင်းရှိ တစ်ကမ္ဘာလုံးအတွက် သူမရဲ့ချမ်းသာကြွယ်ဝမှုကို ပြသချင်နေပုံရတဲ့အခြားခရီးသည်တစ်ဦးကို ချက်ချင်း သတိပြုမိသွားခဲ့ပါတယ်။အဆိုပါအမည်မသိခရီးသည်အမျိုးသမီးဟာ အနည်းဆုံး ရွှေဆွဲကြိုး ၆ ကုံးကို ဝတ်ဆင်ထားပါတယ်။ထို့အပြင် သူမရဲ့လက်ကောက်ဝတ်မှာလည်း ကြီးမားတဲ့လက်ကောက်များနှင့် သူမရဲ့လက်ချောင်းတွေမှာလည်း လက်စွပ်များကိုပါ ဝတ်ဆင်ထားပါသေးတယ်။သူမရဲ့အခြားလက်တစ်ဖက်က ပုံမှာ မပါတဲ့အတွက် အဲ့ဒီလက်တစ်ဖက်ကိုလည်းဘဲ ရွှေတွေအများကြီးကို ဝတ်ဆင်ကောင်းဝတ်ဆင်ထားနိုင်ပါတယ်။
အကယ်လို့များ သူမသာ သူမရဲ့နားနှင့် ခြေကျင်းဝတ်မှာပါ ရွှေတွေဆင်ထားရင်တော့ ကျွန်တော်တို့လည်း ထပ်ပြီးအံ့ဩစရာမဖြစ်နေတော့ပါဘူး။သို့ပေမဲ့ ထိုများပြားလှတဲ့လက်ဝတ်ရတနာအပိုင်းအစများမှ သူမရဲ့ကြွယ်ဝမှုကိုပြသသည့်အနေနှင့် အဆိုပါအမျိုးသမီးဟာ လက်စွပ်များနှင့်အလှဆင်ထားတဲ့သူမရဲ့လက်တစ်ဖက်ဖြင့် သူမရဲ့ကြွယ်ဝမှုကို ထပ်တိုးပြသနိုင်ရန် ၎င်းလက်မှာ ပိုက်ဆံထုပ်ကိုပါ ကိုင်ထားလိုက်ပါသေးတယ်။ပိုက်ဆံထည့်ဖို့ ဘေးမှာလွယ်အိတ်တစ်အိတ်ရှိပုံပေါ်နေပေမဲ့လည်း သူမဟာ အခြားခရီးသည်များမြင်တွေ့စေရန်အတွက် ၎င်းပိုက်ဆံထုပ်ကို လက်မှာသာ ကိုင်ထားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။
ထို့နောက် အင်တာနက်သုံးစွဲသူတော်တော်များများက အဆိုပါအမျိုးသမီးကဲ့သို့ ချမ်းသာလိုကြောင်းဆန္ဒပြုကြပေမဲ့ အခြားသူများက တကယ်ချမ်းသာတဲ့သူတစ်ယောက်က ၎င်းတို့ရဲ့ဥစ္စာပစ္စည်းများကို ၎င်းကဲ့သို့ ထုတ်ဖော်ပြသမှာမဟုတ်ကြောင်း ထို့ကဲ့သို့ ထောက်ပြခဲ့ကြပါတယ်။အဆိုပါအမျိုးသမီးဟာ တကယ့်တကယ်သာချမ်းသာနေရင် သူမဟာ လိုင်းကားစီးမှာမဟုတ်ဘဲ ဇိမ်ခံကား သို့မဟုတ် ယာဉ်အမျိုးအစားတစ်မျိုးမျိုးကို စီးနေမှာပေါ့လို့လည်း ထောက်ပြခဲ့ကြပါတယ်။အချို့သောသူများကလည်း သူခိုးဓားပြတွေနဲ့ကြုံလာတဲ့အခါ အဆိုပါအမျိုးသမီးက စွပ်စွပ်စွဲစွဲတွေလုပ်မှာဆိုးတဲ့အတွက်ကြောင့် ၎င်းကားပေါ်ရှိလိုက်ပါလာတဲ့ခရီးသည်များအတွက်သာ စိတ်ပူမိကြောင်းလည်း မှတ်ချက်ပေးထားခဲ့ကြပါသေးတယ်။
JRose (Mckzone Daily One)
Be the first to comment on "မေၾကာက္မလန္႔နဲ႔ လိုင္းကားတက္စီးၿပီး တန္ဖိုးရွိလက္ဝတ္ရတနာမ်ားစြာကို ဝတ္ဆင္ထားကာ ပိုက္ဆံထုပ္ပါကိုင္ရင္း ႂကြားဝါဂုဏ္ယူေနခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး"