Source : rachfeed
Unicode
(၈) နှစ်အရွယ်ကလေးတစ်ယောက်က မတူညီတဲ့ အစားအစာများ ချက်ပြုတ်နည်းကို တက်ကျွမ်းခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ များစွာချီးမွမ်းခံခဲ့ရပါတယ် ။ လူကြီးတော်တော်များများက ခေါက်ဆွဲခြောက်ကလွဲရင် တခြားချက်ပြုတ်ဖို့ ဘယ်လိုလုပ်ရမှန်းတောင် မသိပါဘူး ။ ဒါပေမယ့် ဒီကလေးက ရှုပ်ထွေးတဲ့အစားအစာအမျိုးအစားအချို့ကိုတောင်ချက်ပြုတ်နိုင်ပါတယ် ။ Wayne Macadaag ဟာ အသက် ၈ နှစ်သာရှိသေးသော်လည်း adobong pusit sa gata ၊ bangus humba ၊ Bicol express နဲ့ ကြက်သားဟင်းအပါအဝင် အစားအစာမျိုးစုံနဲ့ ချက်ပြုတ်နည်းများကို သူသိနေခဲ့တာပါ ။
သူ့အသက်အရွယ်လောက်နဲ့ ဒီလိုရှုပ်ထွေးတဲ့ အစားအစာ ချက်ပြုတ်နည်းကို သူသင်ယူနိုင်ခဲ့တယ် ဆိုတာက အထင်ကြီးစရာပါဘဲ ။ လူအတော်များများက ကလေးအတွက် သူ့ရဲ့ကျွမ်းကျင်မှုကို ချီးကျူးခဲ့သလို သူ့ကိုကောင်းကောင်းပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့မိဘတွေကိုလည်း ချီးကျူးခဲ့ကြပါတယ် ။ အိမ်က လူကြီးတွေက သူ့ကိုဘယ်လိုချက်ရမယ်ဆိုတာ သင်ကြားပေးခဲ့တာကြောင့် သူက တက်ကျွမ်းခဲ့တဲ့အတွက် မိဘဖြစ်သူကိုလည်း ချီးကျူးခဲ့တာပါ ။ “ သေချာတာပေါ့၊ ဒီကလေးက ချက်ပြုတ်တဲ့နေရာမှာ ဘုရားသခင်ပေးတဲ့ အရည်အချင်းရှိတယ်။ ကလေး မင်းလုပ်နေတဲ့အရာကို ဆက်လုပ်ပါ။ မင်း ကြီးလာတဲ့အခါ ဒါကမင်းကိုအောင်မြင်တဲ့ဘဝဆီ ဦးတည်ခေါ်ဆောင်လိမ့်မယ်” လို့ အင်တာနက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ် ။
JRose (Mckzone Daily One)
Be the first to comment on "အရသာကောင်းပြီး မတူညီတဲ့အစားအစာချက်ပြုတ်နည်းကို ကျွမ်းကျင်စွာ ချက်တက်နေပြီဖြစ်တဲ့ ၈နှစ်ကောင်လေး"