ယာဥ္ေမာင္းလိုင္စင္မပါလို႔ ကားရပ္ခိုင္းတဲ့ယာဥ္ထိန္းရဲကို အားရပါးရဆူဆဲၿပီး video ပါ႐ိုက္ကူးခဲ့ၾကတဲ့ လင္မယား(႐ုပ္သံ)

ဒီ video ေလးကေတာ့ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ ယာဥ္ေမာင္းအမ်ိဳးသားဟာ ယာဥ္စည္းကမ္းက်ဳးလြန္လို႔ ယာဥ္ထိန္းရဲက ကားကိုတားၿပီး ၊ အျခားေသာအေထာက္အထားလိုင္စင္မ်ားကို စစ္ေဆးေမးျမန္းရာမွ ျပသာနာအစပ်ိဳးခဲ့ျခင္းျဖစ္ပါတယ္ ။ Video အစပိုင္းမွာေတာ့ ယာဥ္ေမာင္းအမ်ိဳးသားရဲ႕ေဘးမွာထိုင္ေနတဲ့ဇနီးျဖစ္သူဟာ သူမရဲ႕ခင္ပြန္းျဖစ္သူဟာ ေနအိမ္မွာယာဥ္ေမာင္လိုင္စင္ကို က်န္ရစ္ခဲ့မိေၾကာင္းေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ ယာဥ္ထိန္းရဲကိုသူမတို႔ရဲ႕ေနအိမ္အထိလိုက္ၿပီး ယာဥ္ေမာင္းလိုင္စင္လိုက္ယူလ်ွင္ ထုတ္ေပးလိုက္မည္ျဖစ္ေၾကာင္း ရန္စ စကားမ်ားလည္းေျပာဆိုခဲ့ပါတယ္ ။

ထို္႔အျပင္ ခင္ပြန္းျဖစ္သူမွာလည္းကားေပၚမွဆင္းကာ ယာဥ္ထိန္းရဲကို သူ၏သက္ေသခံကပ္ျပားျပသခဲ့ပါေသးတယ္ ။ ထို႔အျပင္ဇနီးသည္ျဖစ္သူမွာလည္း ယာဥ္ထိန္းရဲဟာလာဘ္စားခ်င္၍ ယခုကဲ့သို႔ျပဳလုပ္တာျဖစ္ေၾကာင္း အမိအရမွတ္တမ္းတင္႐ိုက္ထားခ်င္လို႔ဆိုၿပီး ကားေပၚမွဆင္းကာ video ေသခ်ာ႐ိုက္ကူးခဲ့ပါေသးတယ္ ။ ထို႔အျပင္ ယာဥ္ထိန္းရဲ ရဲ႕လုပ္ရပ္ကိုတံု႔ျပန္တဲ့အေနနဲ႔ အဆိုပါ video ကို Facebook ေပၚေဝမ်ွခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း လူအမ်ားစုကေတာ့ အဆိုပါစံုတြဲႏွစ္ဦးဟာ ” ကိုယ့္လုပ္ရပ္ကို ကိုယ္တိုင္ video မွတ္တမ္းတင္ထားတာပဲ ၊ ေတာ္ေတာ္ရယ္ရတယ္ ၊ လိုင္စင္ကလည္းမပါဘူး.. ယာဥ္ထိန္းရဲကိုလည္း ေအာ္ဆဲေသးတယ္ ” ဆိုၿပီး မွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။ ထို႔အျပင္ ” ယာဥ္ေမာင္းရင္ ယာဥ္ေမာင္းလိုင္စင္ပါရတာက အကုန္လံုးက်င့္သံုးေနရတဲ့ ဥပေဒပဲ ” ဆိုၿပီး အဆိုပါစံုတြဲကို လူအမ်ားက မ်ိဳးစံုသံုသပ္ေဝဖန္ခဲ့ၾကပါတယ္ ။ ကဲ…ကိုယ္ေတြအေနနဲ႔.. ကိုယ္ေတြရဲ႕အေျခအေနနဲ႔ေကာ..ပရိသတ္ႀကီးတို႔ ဘယ္လိုျမင္လဲ..

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီ video လေးကတော့ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ ယာဉ်မောင်းအမျိုးသားဟာ ယာဉ်စည်းကမ်းကျုးလွန်လို့ ယာဉ်ထိန်းရဲက ကားကိုတားပြီး ၊ အခြားသောအထောက်အထားလိုင်စင်များကို စစ်ဆေးမေးမြန်းရာမှ ပြသာနာအစပျိုးခဲ့ခြင်းဖြစ်ပါတယ် ။ Video အစပိုင်းမှာတော့ ယာဉ်မောင်းအမျိုးသားရဲ့ဘေးမှာထိုင်နေတဲ့ဇနီးဖြစ်သူဟာ သူမရဲ့ခင်ပွန်းဖြစ်သူဟာ နေအိမ်မှာယာဉ်မောင်လိုင်စင်ကို ကျန်ရစ်ခဲ့မိကြောင်းပြောပြခဲ့ပါတယ် ။ ထို့အပြင် ယာဉ်ထိန်းရဲကိုသူမတို့ရဲ့နေအိမ်အထိလိုက်ပြီး ယာဉ်မောင်းလိုင်စင်လိုက်ယူလျှင် ထုတ်ပေးလိုက်မည်ဖြစ်ကြောင်း ရန်စ စကားများလည်းပြောဆိုခဲ့ပါတယ် ။

ထို့်အပြင် ခင်ပွန်းဖြစ်သူမှာလည်းကားပေါ်မှဆင်းကာ ယာဉ်ထိန်းရဲကို သူ၏သက်သေခံကပ်ပြားပြသခဲ့ပါသေးတယ် ။ ထို့အပြင်ဇနီးသည်ဖြစ်သူမှာလည်း ယာဉ်ထိန်းရဲဟာလာဘ်စားချင်၍ ယခုကဲ့သို့ပြုလုပ်တာဖြစ်ကြောင်း အမိအရမှတ်တမ်းတင်ရိုက်ထားချင်လို့ဆိုပြီး ကားပေါ်မှဆင်းကာ video သေချာရိုက်ကူးခဲ့ပါသေးတယ် ။ ထို့အပြင် ယာဉ်ထိန်းရဲ ရဲ့လုပ်ရပ်ကိုတုံ့ပြန်တဲ့အနေနဲ့ အဆိုပါ video ကို Facebook ပေါ်ဝေမျှခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း လူအများစုကတော့ အဆိုပါစုံတွဲနှစ်ဦးဟာ ” ကိုယ့်လုပ်ရပ်ကို ကိုယ်တိုင် video မှတ်တမ်းတင်ထားတာပဲ ၊ တော်တော်ရယ်ရတယ် ၊ လိုင်စင်ကလည်းမပါဘူး.. ယာဉ်ထိန်းရဲကိုလည်း အော်ဆဲသေးတယ် ” ဆိုပြီး မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ထို့အပြင် ” ယာဉ်မောင်းရင် ယာဉ်မောင်းလိုင်စင်ပါရတာက အကုန်လုံးကျင့်သုံးနေရတဲ့ ဥပဒေပဲ ” ဆိုပြီး အဆိုပါစုံတွဲကို လူအများက မျိုးစုံသုံသပ်ဝေဖန်ခဲ့ကြပါတယ် ။ ကဲ…ကိုယ်တွေအနေနဲ့.. ကိုယ်တွေရဲ့အခြေအနေနဲ့ကော..ပရိသတ်ကြီးတို့ ဘယ်လိုမြင်လဲ..

Jasmine (Mckzone Daily)

Be the first to comment on "ယာဥ္ေမာင္းလိုင္စင္မပါလို႔ ကားရပ္ခိုင္းတဲ့ယာဥ္ထိန္းရဲကို အားရပါးရဆူဆဲၿပီး video ပါ႐ိုက္ကူးခဲ့ၾကတဲ့ လင္မယား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*