Anastasia Bezrukova အမည်ရှိမိန်းကလေးတစ်ဦးဟာ သူမအသက် ၈ နှစ်အရွယ်သာရှိသေးတဲ့အချိန်မှာ မိဘဖြစ်သူများက သူမအား a talent contest for the youth ဆိုတဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စာရင်းသွင်းပေးခဲ့ပါတယ်။မိဘများက သမီးဖြစ်သူကို ၎င်းပြိုင်ပွဲမှာ သူမအတွက် ပိုပျော်စရာကောင်းပြီး အတွေ့အကြုံတွေပိုရစေချင်တာမို့ အောင်မြင်မှုအတွက် သူမအား စိတ်ဖိစီးမှုမျိုးကို မထားစေခဲ့ပါဘူး။သို့ပေမယ့်ကောင်မလေးက သူမရဲ့နတ်သမီးလေးလိုလှပတဲ့အလှအပကြောင့် ၎င်းအစီအစဉ်ရဲ့အာရုံစိုက်မှုကို ရခဲ့ပါတယ်။
.
ထို့နောက် ငယ်ရွယ်တဲ့မော်ဒယ်လ်နှင့် photographer တစ်ဦးဖြစ်တဲ့ Zhanna Romashka ဟာ Anastasia အတွက် ဓာတ်ပုံရိုက်ပေးခဲ့ပြီး Anastasia ဟာ သူမဒါရိုက်တာရဲ့အကြံပေးချက်ကို လိုက်နာကာ သူမရဲ့ဓာတ်ပုံအချို့ကို မြို့ထဲရှိ ယုံကြည်စိတ်ချရတဲ့မော်ဒယ်သင်တန်းကျောင်းတစ်ခုသို့ ပို့ခဲ့ပါတယ်။
ထို့နောက် Anastasia ဟာ ချက်ချင်း လူသိများသွားခဲ့သလို သူမရဲ့ဘဝသည်လည်း မယုံနိုင်လောက်အောင်ကို ပြောင်းလဲသွားခဲ့ပါတယ်။လအနည်းငယ်အကြာမှာတော့ Anastasia ဟာ အီတလီ brand တစ်ခုမှ ပထမဆုံးဖိတ်ကြားတဲ့မော်ဒယ်အဖြစ် ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။
Anastasia ရဲ့ဖြူစင်သန့်ရှင်းတဲ့အလှတရားဟာ ဥရောပတိုက်ရှိမော်ဒယ်ကုမ္ပဏီများစွာကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။အပြစ်ကင်းစင်ပြီးစွဲမက်ဖွယ်ကောင်းတဲ့သူမရဲ့အလှတရားအပြင် Anastasia မှာ မော်ဒယ်တစ်ယောက်ရဲ့ ကောင်းမွန်တဲ့စံပြရုပ်ရည်အနေအထားပါ ရှိနေခဲ့ပါတယ်။လူအများစုက သူမကို ရုရှားရဲ့ Angel လေးလို့ခေါ်ကြပါတယ်။သူမရဲ့ဖြူစင်တဲ့အလှတရားက သူမအား ကမ္ဘာပေါ်မှာအလှဆုံးကလေးမော်ဒယ် ၅ ယောက်ထဲက တစ်ယောက်ဖြစ်စေခဲ့ပါတယ်။
သူမဟာ ရုရှားမှ တစ်ဦးတည်းသော ကလေးမော်ဒယ်အဖြစ် Vogue Bambini သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပြီး Collezioni, Kenguru, Dolores, Daisy, Mamas & Papas နှင့် Harper’s Bazaar စသည့်အခြားနာမည်ကြီးမဂ္ဂဇင်းများမှာလည်း ဖော်ပြခံခဲ့ရပါတယ်။
Modeling အလုပ်အပြင် Anastasia ဟာ Milky Way နှင့် After You ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများနှင့် အခြားသောရုပ်ရှင်များစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
ယခုအခါ Anastasia Bezrukova ဟာ ချစ်စရာကောင်းတဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာနေပြီဖြစ်ပါတယ်။သို့ပေမယ့် သူမရဲ့ဖြူစင်လွန်းတဲ့အလှတရားကတော့ မြင်သူတိုင်းရဲ့နှလုံးသားများစွာရဲ့ရင်ခုန်သံနှုန်းကို မြန်ဆန်စေနေဆဲဘဲ ဖြစ်ပါတယ်။
Mia (Mckzone Daily One)
Source : everytruenews24
Be the first to comment on "ဖြူစင်လွန်းတဲ့အလှတရားဖြင့် ကြီးပြင်းလာခဲ့ပြီး မြင်သူတိုင်းရဲ့ရင်ခုန်သံနှုန်းကို မြန်ဆန်စေတဲ့ ကလေးမော်ဒယ်မလေးတစ်ဦး"