Mia (Mckzone Daily)
Source : godupdates
Unicode
မိမိတို့အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် မွေးထားတယ်ဆိုရင် သူတို့ဟာ ကိုယ့်အတွက် ပျော်ရွှင်မှုတွေပေးတဲ့ အဖော်ကောင်းတစ်ယောက်ပါဘဲ ။ အခုဖော်ပြပေးမဲ့ ဗီဒီယိုဟာလည်း မိသားစုတစ်စုက Gailtyn Rae အမည်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်မျောက်မလေးတစ်ကောင်ကို မွေးထားပါတယ် ။ ဒီဗီဒီယိုမှာ Gaitlyn Rae က သူမရဲ့ သခင်အတွက် ညစာပြင်ဆင်ပေးဖို့ ပဲသီးလေးတွေ ချိုးနေတာဖြစ်ပါတယ် ။ ပဲသီးကို တစ်ခါချိုးလိုက်တာနဲ့ သူမရဲ့မျက်နှာလေး လုပ်လုပ်သွားတဲ့ အမှုအရာလေးကြောင့် ချစ်စရာကောင်းနေလွန်းပါတယ် ။
Gailtyn Rae ရဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ သူမရဲ့ အမှုအရာလေးကြောင့် မျောက်တစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်လေးထက် ကလေးလေးတစ်ယောက်လို သဘောထားကြပါတယ် ။ မကြာမီမှာပင် Follower တိုးလာပြီး Netizen တွေက အင်တာနက်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ပြောဆိုနေကြပါတယ် ။ မျောက်မလေးရဲ့ ချစ်စကောင်းတဲ့ ဗီဒီယိုလေးကို စာဖတ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ် ။
Mia (Mckzone Daily)
Be the first to comment on "သခင်အတွက် ညစာပြင်ဆင်ပေးဖို့ ပဲသီးလေးတွေကို ချိုးနေတဲ့ ချစ်စရာမျောက်မလေးရဲ့ အမှုအရာ (ရုပ်သံ)"