မြင်မြင်ချင်း ချစ်မိသွားခဲ့ကြပြီး လအနည်းငယ်အကြာမှာ လက်ထပ်ခဲ့ကြတဲ့ လူအများက မယုံမကြည်ဖြစ်ခဲ့ရတဲ့ ချစ်သူစုံတွဲ

Bayu Kumabara အမည်ရှိအမျိုးသား နှင့် Jennifer Brocklehurst အမည်ရှိအမျိုးသမီးတို့ဟာ လူအများအတွက် မဖြစ်နိုင်ဆုံးစုံတွဲတစ်တွဲအဖြစ် ဖြစ်နေခဲ့ပေမဲ့ သူတို့နှစ်ဦးဟာ မြင်မြင်ချင်း ချက်ချင်းချစ်မိသွားခဲ့ကြပြီး ယခုချိန်မှာ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ပြီးကြပြီဖြစ်ပါတယ်။၎င်းတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံပြီး လအနည်းငယ်အကြာမှာတင် လက်ထပ်ခဲ့ကြတာကြောင့် ၎င်းတို့ရဲ့အချစ်ဟာ စင်စစ်အမှန်ပင် ဖြစ်နေခဲ့ပါတယ်။ထို့အပြင် netizen များက ၎င်းတို့ရဲ့မင်္ဂလာပွဲအတွက် ရန်ပုံငွေများ ကူညီပေးခဲ့ကြပြီး Jennifer ရဲ့မိသားစုကိုပါ အင်ဒိုနီးရှားနိုင်ငံအထိကို မင်္ဂလာဆောင်ပွဲတက်ဖို့ ခေါ်ခဲ့ကြပါတယ်။ဒါကတော့ မယုံနိုင်စရာကောင်းအောင်ပါဘဲ။၎င်းတို့နှစ်ဦးရဲ့ ပထမဆုံး တွေ့ဆုံခြင်းကတော့ အရမ်းကို drama ဆန်လှပါတယ်။

.

Bayu ဟာ အင်ဒိုနီးရှားနိုင်ငံရှိ Andalas တက္ကသိုလ်မှ ကျောင်းသားတစ်ဦးသာဖြစ်ပြီး Jennifer ကတော့ နေရာအနှံ့ရှိလှပတဲ့ရှုခင်းများကိုခံစားကြည့်ရှုနိုင်ရန် နိုင်ငံအနှံ့ခရီးသွားတဲ့ဧည့်သည်တစ်ဦးမျှသာဖြစ်ပါတယ်။

.

၎င်းတို့နှစ်ဦးဟာ လမ်းကြောင်းတစ်ခုမှဆုံတွေ့ခဲ့ကြပြီး အချင်းချင်းချစ်မိသွားလိမ့်မယ်ဆိုတာကို သူတို့နှစ်ဦးစလုံးက လုံးဝသတိမထားမိခဲ့ကြပါဘူး။ထို့နောက် Jenniferဟာ သူမရဲ့အားလပ်ရက်ခရီးအပြီးမှာ အိမ်ပြန်ရမယ့်အစား သူမ ဟာ Bayu ရဲ့အချစ်ညို့အားရိုက်နှက်ခြင်းကို ခံလိုက်ရပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို သူမရဲ့ဒုတိယနေအိမ်ဖြစ်အောင် ပြုလုပ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။

.

ထို့ပေမဲ့ ၎င်းတို့မှာအချစ်ရှိခဲ့ပေမယ့် ၎င်းတို့က မချမ်းသာနေခဲ့ပါဘူး။ထို့ကြောင့် Jennifer ရဲ့မိသားစုအား အင်ဒိုနီးရှားနိုင်ငံသို့လာပြီး မင်္ဂလာဆောင်ပွဲတက်ရန် ဖိတ်ကြားခြင်းရဲ့ကုန်ကျစရိတ်များကို အိတ်စိုက်ကူညီပေးရန် netizen များစွာကလည်း အဆင်သင့်ဖြစ်နေခဲ့ကြပါတယ်။

အမှန်တော့ ၎င်းတို့ရဲ့ဆန်းကြယ်လွန်းတဲ့အချစ်ဇာတ်လမ်းက netizen များစွာအတွက် ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခုဖြစ်လာစေခဲ့တာကြောင့် netizen များက ၎င်းတို့ရဲ့ကိုယ်ပိုင်ငွေတွေကို အိတ်စိုက်ကာ ထုတ်ပေးချင်စိတ်ပေါက်ခဲ့ကြပုံရပါတယ်။

ဒါကတော့ အတော်လေးကို အံ့ဩစရာကောင်းလှပါတယ်။ဟုတ်ပါတယ် Bayu က simple ဖြစ်ပြီး Jennifer ကတော့ မော်ဒယ်မလေးတစ်ယောက်လို့ ကြည့်ကောင်းနေပါတယ်။ထို့ပေမဲ့ ၎င်းတို့စုံတွဲက အချစ်ဟာ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ထက် သာလွန်တယ်ဆိုတာကိုသက်သေပြပေးနိုင်ခဲ့ပါတယ်။၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကို လူတော်တော်များများက Disney ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ရုပ်ရှင်ဇာတ်ကားများနှင့် အတော်တူကြောင်း ပြောဆိုခဲ့ကြပါတယ်။

Bayu တောင် မော်ဒယ်မလေးလိုကြည့်ကောင်းတဲ့ Jennifer ကို ရနိုင်သေးတာမို့ ချစ်သူမရှိသေးတဲ့စာဖတ်သူတို့လည်း အားမငယ်လိုက်ပါနဲ့။တစ်ချိန်ချိန်ကျ့ရင်တော့ ကိုယ့်ရဲ့အချစ်စစ်ကို ရှာတွေ့သွားမှာပါ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "မြင်မြင်ချင်း ချစ်မိသွားခဲ့ကြပြီး လအနည်းငယ်အကြာမှာ လက်ထပ်ခဲ့ကြတဲ့ လူအများက မယုံမကြည်ဖြစ်ခဲ့ရတဲ့ ချစ်သူစုံတွဲ"

Leave a comment

Your email address will not be published.


*