တစ်လလျှင် လစာ ဒေါ်လာ ၂၉,၄၀၀ ရရှိပြီး လူတိုင်းလိုလိုက လုပ်ဖို့ဆန္ဒပြင်းပြနေရတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေရတဲ့ မသန်စွမ်းသူမိန်းကလေးတစ်ဦး

အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အင်တာနက်စာမျက်နှာများမှ သူမအား ထိုင်းနိုင်ငံရှိအကောင်းဆုံးအလုပ်ကို လုပ်ကိုင်နေတဲ့အမျိုးသမီးတစ်ဦးဟု ဖော်ပြခြင်းများကို ခံခဲ့ရပေမဲ့ တကယ်တမ်းမှာ သူမဟာ မသန်စွမ်းသူတစ်ဦးဖြစ်နေခဲ့ပါတယ်။Nitcharee Peneakchanasak အမည်ရှိအဆိုပါမိန်းကလေးဟာ ထိုင်းနိုင်ငံရှိ World Medical Hospital ရှိ လူနာများရဲ့ပျော်ရွှင်မှုကိုစစ်တမ်းကောက်သူအဖြစ် တစ်လလျှင် ဘတ် ၁ သန်း (ဒေါ်လာ ၂၉,၄၀၀) ရရှိရန် စာချုပ်ချုပ်ဆိုထားပါတယ်။သူမဟာ ၎င်းမျှလွယ်ကူတဲ့အလုပ်အတွက် ငွေအမြောက်အများကို ရရှိထားပါတယ်။

.

စာချုပ်ထဲအရ Nitcharee လုပ်ဆောင်ရမဲ့အလုပ်များမှာ သူမဟာ လူနာများနှင့်စကားပြောပေးရမယ်ဖြစ်ပြီး လူနာများအား ပျော်ရွှင်စေတဲ့အရာများကိုလည်း မေးမြန်းစပ်စုကာ စစ်တမ်းကောက်ယူရမှာဘဲ ဖြစ်ပါတယ်။ထို့အပြင် သူမရဲ့တွေ့ရှိချက်များကို ဆေးရုံရဲ့ social media page တွင်မှာပါ တင်ပေးရမှာဘဲ ဖြစ်ပါတယ်။

.

လူများစွာဟာ သူမအလုပ်အကိုင်ရဲ့အသေးစိတ်အချက်အလက်ကို သိလိုက်ရပြီးနောက်မှာတော့ တစ်ပါးသူအတွက် စဉ်းစားတွေးတောပေးရင်း စကားပြောပေးရတဲ့အလုပ်က မလွယ်ကူမှန်းကို သိသွားခဲ့ရကာ သူမအတွက် စိတ်လှုပ်ရှားနေခဲ့ကြရပါတယ်။

သို့ပေမဲ့ ဆေးရုံက သူမအား သူမစကားပြောလိုတဲ့လူနာကို ရွေးချယ်ခွင့်ပေးထားပြီး သူမအား လူနာနဲ့စကားပြောရင် ဒီလိုဟိုလိုလုပ်ရမယ်ဆိုပြီးလည်း မကန့်သတ်ထားပါဘူး။

သင်စကားပြောချင်တဲ့လူနာကို ရွေးမယ် ၊ ရွေးပြီးရင် သူနဲ့ မိနစ်အနည်းငယ် ဒါမှမဟုတ် နာရီပေါင်းများစွာကြာအထိ စကားပြောမယ် ၊ ပြီးရင် social media မှာ သင့်ရဲ့အတွေ့အကြုံအကြောင်းကို တင်လိုက်မယ် ၊ ပြီးရင် အဲ့ဒါအတွက် လစာရမယ် ၊ ဒါကတော့ လူတိုင်းလိုချင်နေတဲ့ အိမ်မက်အလုပ်တစ်ခုဘဲ မဟုတ်ပါသလားဗျာ။

ဒီအလုပ်မှာ သူမဟာ လူနာတွေရဲ့စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးပြီး လူနာတွေကို ပျော်ရွှင်စေမယ့်အရာတွေကို တိကျသေချာစွာ ရှာဖွေပေးနိုင်မှ ဆေးရုံကလည်း လူနာတွေရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။သိုပေမဲ့လည်း သူမရဲ့အလုပ်ဟာ လူတိုင်းအတွက် အမြဲအလုပ်လျှောက်ချင်နေတဲ့ အလုပ်တစ်ခုသာ ဖြစ်နေပါသေးတယ်။

.

Nitcharee ဟာ ၂၀၁၁ ခုနှစ်မှာ မတော်တဆမှုကြောင့် ခြေထောက်များကိုဆုံးရှုံးခဲ့ရပြီး မသန်စွမ်းသူတစ်ဦးဖြစ်သွားခဲ့တာကြောင့် သူမဟာ ရုပ်ပိုင်းဆိုင်ရာဖြင့် လူနာများအပေါ်စိန်ခေါ်မှုထားကာ သူမရဲ့အာရုံစိုက်မှုကို ပိုမိုအာရုံစိုက်နိုင်ရန် စီစဉ်ခဲ့ပါတယ်။ခြေထောက်များမရှိတော့တဲ့သူမအနေနဲ့ ရေကူးခြင်း၊ ရေငုပ်ခြင်းနှင့်ကြက်တောင်ကစားခြင်းကဲ့သို့သောလှုပ်ရှားမှုတွေမှာ မပျော်မွေ့နိုင်ဘဲနေနေရတာကြောင့် သူမဟာ ခြေတုလက်တုများဝယ်ယူနိုင်ရန် သူမရဲ့ဝင်ငွေများကိုအသုံးပြုသွားဖို့အတွက်လည်း စီစဉ်ထားခဲ့ပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "တစ်လလျှင် လစာ ဒေါ်လာ ၂၉,၄၀၀ ရရှိပြီး လူတိုင်းလိုလိုက လုပ်ဖို့ဆန္ဒပြင်းပြနေရတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေရတဲ့ မသန်စွမ်းသူမိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*