အွန်လိုင်းသင်တန်းအတွက် ငွေရှာရန် Shopee ရောင်းသူအဖြစ် လုပ်ကိုင်ခဲ့တဲ့ ၁၁နှစ် ကောင်လေး




JRose (Mckzone Daily)

Source : rachfeed

Unicode

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က Cek Ammey Abu Bakar ရဲ့အဆိုအရ သူ online ပေါ် မှာယူခဲ့တဲ့ LED မှန်မီးကို လက်ခံရရှိခဲ့သော်လည်း အရွယ်အစားမှားယွင်းခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ကိုအံ့အားသင့်စေတာက ရောင်းသူဟာ ၁၁ နှစ်အရွယ်သာရှိသေးတဲ့ Umar Al-Khattab အမည်ရှိ ကောင်လေးတစ်ဦးဘဲဖြစ်ပါတယ် ။ Umar Al-Khattab က Bakar ကို တောင်းပန်ခဲ့ပြီး ပြန်လဲပေးမယ်လိုါ ကတိပြုခဲ့ပါတယ် ။ ဒါပေမယ့် Bakar က ကောင်လေးဟာ အွန်လိုင်းမှာပစ္စည်းရောင်းတာကို အထူးသဖြင့် သူက သူ့လေ့လာမှုတွေကို ပံ့ပိုးပေးဖို့ ဒီအလုပ်ကိုလုပ်နိုင်တာဟာ ပိုအထင်ကြီးစေခဲ့ပါတယ် ။

Umar Al-Khattab ဟာ သူတို့မှာ မောင်နှမ ငါးယောက်အနက် သူက စတုတ္ထမြောက်တစ်ယောက်ဖြစ်ခဲ့ပါတယ် ။ ကောင်လေးက ကပ်ရောဂါကာလအတွင်း သူ့မိဘတွေရဲ့ အလုပ်အကိုင်ဆုံးရှုံးခဲ့တာကြောင့် အသက်ကြီးတဲ့ ကလေးတွေကိုဘဲ သူတို့ရဲ့လေ့လာမှုကို ဦး စားပေးခဲ့ပါတယ် ။ သူက အွန်လိုင်းသင်တန်းတက်ဖို့ သူ့အမေကို ဆဲလ်ဖုန်းဝယ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က မတတ်နိုင်သေးပါဘူး ။ မကျေမနပ်ဖြစ်မယ့်အစား သူက Shopee မှာပစ္စည်းရောင်းဖို့ ဆုံးဖြတ်လိုက်တယ် ။ မကြာမီအွန်လိုင်းမှ ရောင်းချတဲ့ ပထမအပတ်များအတွင်း အော်ဒါ ၃၀၀ ကျော် ရရှိလာခဲ့ပါတယ် ။

ကောင်လေးရဲ့ ဖောက်သည်တော်တော်များများက သူဟာ ၁၁ နှစ်ပဲရှိသေးတာကို သိခဲ့ပြီး နောက်ပိုင်းမှာ အံ့သြသွားခဲ့ပါတယ် ။သူရဲ့ အကြောင်းတွေ ပျံ့နှံ့သွားပြီးနောက် ကောင်လေးရဲ့ Online Shop ဟာ လူသိပိုများလာပြီး သူတို့ရဲ့ မှာယူမှုမှာမြင့်တက်လာခဲ့ပါတယ် ။ စီးပွားရေးလုပ်ငန်းရှင် ကောင်လေးကို ပစ္စည်းတွေရောင်းချပေးဖို့ ကမ်းလှမ်းမှုများပေးတဲ့ ကုမ္ပဏီများလည်း ရှိလာခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အွန်လိုင်းသင်တန်းအတွက် ငွေရှာရန် Shopee ရောင်းသူအဖြစ် လုပ်ကိုင်ခဲ့တဲ့ ၁၁နှစ် ကောင်လေး"

Leave a comment

Your email address will not be published.


*