ကလေးတွေ ဆော့ကစားတဲ့ မီးရှူးမီးပန်းတွေကြောင့် နေအိမ်ကို ဖျက်စီးပြီး အရာအားလုံးကို ဆုံးရှုံးခဲ့ရတဲ့ ၈၃ နှစ် အဘိုးအို (ရုပ်သံ)



.

.

.

.

JRose (Mckzone Daily)

Source : godupdates

Unicode

အသက် ၈၃ နှစ်အရွယ် Robert H. Alexander, Jr က ရွာကကလေးတွေ ကစားတဲ့ မီးရှူးမီးပန်းကြောင့် သူ့အိမ်ကို ထိပြီး သူပိုင်ဆိုင်သမျှအားလုံးကို ဆုံးရှုံးခဲ့ရပါတယ် ။ ဒါပေမယ့်ကြင်နာတတ်တဲ့ သူစိမ်းက ဝင်လာပြီး အဲဒီလူရဲ့မျှော်လင့်ချက်ကို အသစ်ပြန်ဖြစ်စေခဲ့ပါတယ် ။ Robert H. Alexander, Jr က သူနဲ့ သူ့ဇနီးတို့လက်ထပ်ပြီးနောက် သူတို့နှစ်ယောက်က ချွေးတွေနဲ့ ရလာတဲ့ ပိုက်ဆံကို စုပြီး အိမ်ကို ဆောက်လုပ်ခဲ့တာပါ ။ သူတို့ အဲ့ဒီအိမ်ကို ဆောက်ဖို့ အချိန်အများကြီး ပေးရပါတယ် ။ Robert က ငိုကြွေးရင်း မီးကြောင့် ပျက်စီးသွားတဲ့ အိမ်ရဲ့ အကြွင်းအကျန်များကို ကောင်ယူခဲ့ပါတယ် ။ သူ့မိန်းမ ဆုံးသွားတာလည်းမကြာသေးဘူး ၊ အခုလည်း သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို သိမ်းထားခဲ့တဲ့ အိမ်လေးကလည်း မီးထဲပါသွားခဲ့ပြီ ။

ဒါပေမဲ့ ကံကောင်းတာက မီးတောက်မှ လွတ်မြောက်ပြီး သူတို့မိသားစုတွေ တစ်ယောက်မှ ထိခိုက်မှု မဖြစ်ခဲ့ပါဘူး ။ အိမ်ထဲက အဖိုးတန်ပစ္စည်းများစွာကိုတော့ ဆုံးရှုံးခဲ့ရပါတယ် ။အိမ်ကို မီးရှို့ဖျက်ဆီးပြီးနောက် ဆွေမျိုးတစ်ဦး က ရောဘတ်နဲ့ သူ့မိသားစုဝင်များအတွက် ဟိုတယ်ကုန်ကျစရိတ်များကူညီရန် GoFundMe ရန်ပုံငွေတစ်ခု စီစဉ်ခဲ့ပါတယ် ။ ကြင်နာမှုလုပ်ရပ်က Robert အတွက် မျှော်လင့်ချက်ပြန်လည်ရရှိစေခဲ့ပါတယ် ။ ကမ္ဘာကြီးထဲမှာ သူစိမ်းတွေ အများကြီးထဲက အများစုဟာ ဒီလိုရက်ရောတကိတဲ့ လူကောင်းတွေရှိနေသေးတယ်ဆိုတာ Robert ကို သိစေခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ကလေးတွေ ဆော့ကစားတဲ့ မီးရှူးမီးပန်းတွေကြောင့် နေအိမ်ကို ဖျက်စီးပြီး အရာအားလုံးကို ဆုံးရှုံးခဲ့ရတဲ့ ၈၃ နှစ် အဘိုးအို (ရုပ်သံ)"

Leave a comment

Your email address will not be published.


*