ယာဉ်မတော်တဆကိစ္စကြောင့် ပါးလာရိုက်တဲ့မိန်းကလေးကို ခြေထောက်နဲ့ပြန်ကန်မိခဲ့လို့ ဝိုင်းရိုက်ခံခဲ့ရတဲ့အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ဒီဇင်ဘာလ 1ရက်နေ့က မလေးရှားနိုင်ငံရဲ့လမ်းမကြီးတစ်နေရာမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ လမ်းလယ်မှာယာဉ်ပိတ်မောင်းလို့ဆိုတဲ့ ကိစ္စအသေးလေးကြောင့် ရန်ဖြစ်ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ် ။ Video ထဲမှာတော့ အင်္ကျီနက်ပြာရောင်နဲ့အမျိုးသားဟာ သူ၏သူငယ်ချင်နှင့်အတူကားအပြင်ဖက်မှာရပ်နေတုန်း အမျိုးသမီးတစ်ယောက်ဟာ ရုတ်တရက်ရောက်ရှိလာပြီး သူ့ကိုပါးရိုက်ပစ်ခဲ့လို့စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတစ်ကြီးနှင့်အဆိုပါအမျိုးသမီးကို ပြန်ကန်ထုတ်မိခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ၎င်းအမျိုးသမီးနှင့်အတူပါလာခဲ့တဲ့ သူမခင်ပွန်းနှင့်သူငယ်ချင်းအပေါင်းအပါများက မိန်းကလေးကိုကန်ရလားဆိုပြီး အဆိုပါအမျိုးသားကိုဝိုင်းပြီးထိုးနှက်ခဲ့ကြပါတော့တယ် ။

အဆိုပါထိုးနှက်ခံခဲ့ရတဲ့အမျိုးသားက သူ၏twitter စာမျက်နှာပေါ်မှာ ဖြစ်စဉ်တစ်ခုလုံးကိုရှင်းပြခဲ့ပါတယ် ။ ” ကျွန်တော် လမ်းဆုံဖက်ကနေ လမ်းမကြီးဖက်ကိုမောင်းသွားချင်ပေမဲ့ မီးပွိုင်မနေပြီးယာဉ်တွေပိတ်နေခဲ့ပေမဲ့လည်း အဆိုပါအမျိုးသမီးက သူမ၏အရှေ့သို့ကားဖြတ်ဝင်တာကို မလိုလားဘဲ အတင်းကြီးကိုဟွန်းတီးနေခဲ့ပါတော့တယ် ။ ထို့နောက်အချိန်ကြာလာတော့ ကျွန်တော်လည်းသူ့ကိုအရှေ့ကိုအရင်ပေးသွားလိုက်ပြီး သူ့ကိုအနောက်ဖက်ကနေပြန်ပြီး ဟွန်းတီးပစ်ခဲ့ပါတယ် ။ အဲ့တော့သူမကအတော်ဒေါသထွက်ခဲ့ပြီး ကားပေါ်က ဆင်းလာပြီး ကျွန်တော့်ကိုပါးချတယ် ၊ အဲ့တော့ ကျွန်တော်လည်း ပြန်ကန်ပစ်လိုက်တယ် ” ဆိုပြီး ရေးသားခဲ့ပါတယ် ။

သို့ပေမဲ့ နောက်ပိုင်း ရန်ဖြစ်ခဲ့ကြတဲ့နှစ်ဦးနှစ်ဖက်လုံးက ပြန်ပြီးအဆင်ပြေချင်ပုံရပါတယ် ။ ၎င်းအမျိုးသား Twitter ပေါ်မှာပြန်လည်ဝေမျှခဲ့တာကတော့ အဆိုပါအမျိုးသမီး နှင့် သူမခင်ပွန်းတို့နှင့်အတူ စားသောက်ဆိုင်မှာပြန်လည်တွေ့ဆုံခဲ့ကြပြီး ပြန်ပြီးအဆင်ပြေခဲ့ကြတဲ့ဓာတ်ပုံကို ပြန်လည်ဝေမျှပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ယာဉ်မတော်တဆကိစ္စကြောင့် ပါးလာရိုက်တဲ့မိန်းကလေးကို ခြေထောက်နဲ့ပြန်ကန်မိခဲ့လို့ ဝိုင်းရိုက်ခံခဲ့ရတဲ့အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*