အလှကြိုက်သလို အစားအသောက်လည်းကြိုက်တတ်ကြတဲ့မိန်းကလေးတို့အား အကြိုက်တွေ့သွားစေမဲ့ ဝက်နံရိုးနှင့် အစားအသောက်ပုံစံ ကလစ်များ



.

.

.

.

.

.

Mia (Mckzone Daily)

Source : juiceonline

Unicode

လူသားတွေဟာ ဆယ်စုနှစ်တစ်ခုရဲ့ခေတ်ရေစီးကြောင်းကို အမြဲအမီလိုက်လေ့ရှိတတ်ကြပါတယ်။အလှအပရေးရာ ၊ ဖက်ရှင်ပိုင်းဆိုင်ရာ နှင့် လူနေမှုပုံစံအပိုင်းဆိုင်ရာ စတဲ့ လူတို့လုပ်သင့်လုပ်ထိုက်တဲ့အရာတို့ကို ခေတ်ရေစီကြောင်းနောက်လိုက်ပြီး တစ်ဖြည်းဖြည်းပြောင်းလဲလာကြရပါတယ်။လိုချင် ၊ ဖြစ်ချင်တာမှန်သမျှကို ကိုယ်တိုင်စမ်းသပ်ပြုလုပ်လို့ရတဲ့ခေတ်ကြီးမှာ လူသားတိုင်းကလည်း တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် တီထွင်ကြံဆလာတတ်ကြပါတယ်။ခုလည်း မိန်းကလေးတွေအတွက် ထူးခြားတဲ့အရာတစ်ခုကို ထပ်မံဖန်တီးပေးလိုက်ကြပြန်ပါပြီ။ Lazada app မှ ရောင်းချသူတစ်ဦးဟာ မိန်းကလေးများအတွက် ဆံပင်ကလစ်ကဲ့သို့သော အရသာရှိပုံပေါက်တဲ့ပစ္စည်းအမျိုးမျိုးကို ရောင်းနေပါတယ်။၎င်းအစားအစားများနှင့်တူတဲ့ကလစ်များဟာ တစ်ခုကို ရင်းဂစ် ၁၂ ( မြန်မာငွေ ၄,၇၀၀ ကျပ်)ဖြင့် ရောင်းချနေပါတယ်။

၎င်းကလစ်တွေကတော့ အစားချစ်သူတွေအတွက် သဘောကျချင်စရာကောင်းနေမှာပါ။၎င်းကလစ်များရဲ့ပုံစံများမှာ ဖက်ထုပ် ၊ ကြက်တောင်ပံ ၊ အကင်ချောင်း နှင့် နံရိုးတို့ဘဲ ဖြစ်ပါတယ်။၎င်းကလစ်များထဲမှ အရောင်းရဆုံးတစ်ခုကတော့ Bak Kut Teh လို့ခေါ်တဲ့ ဟင်းရည်မပါဘဲ တကယ့်အစစ်နဲ့တူတဲ့ဝက်နံရိုးကလစ်ပါဘဲ။မိန်းကလေးများအနေနဲ့ အခြားသူတွေထပ် ခေတ်ရေစီးကြောင်းနောက်ကို အပြေးလိုက်ချင်ရင်တော့ ၎င်းကလစ်တွေကို ဝယ်တပ်လို့ရသလို ကောင်လေးနဲ့ date ရင်လည်း တမူဆန်းပြားသွားအောင် ဝယ်တပ်လို့ရပါတယ်နော်။တစ်လောကလည်း social media ပေါ်မှာ Oreo ကလစ်လေးတွေလည်း ပေါ်လာပါသေးတယ်။ဒီတော့ လက်ရှိမှာ trending ဖြစ်နေတဲ့ အစားအစာပုံကလစ်လေးတွေကို ကြည့်ရှုနိုင်ဖို့ စာဖတ်သူတို့အတွက်ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)

Be the first to comment on "အလှကြိုက်သလို အစားအသောက်လည်းကြိုက်တတ်ကြတဲ့မိန်းကလေးတို့အား အကြိုက်တွေ့သွားစေမဲ့ ဝက်နံရိုးနှင့် အစားအသောက်ပုံစံ ကလစ်များ"

Leave a comment

Your email address will not be published.


*