ေရနစ္ေနတဲ့ေခြးေလးကိုကယ္ဖို႔ ကိုယ့္ရဲ႕အသက္ကိုစြန႔္စားခဲ့တာေၾကာင့္ ပညာသင္ဆုအျပင္ အျခားေသာဆုမ်ားကိုပါ ေပးအပ္ခံခဲ့ရတဲ့ ေကာင္ေလး

ျမစ္ထဲမွာ ေရနစ္ေနခဲ့တဲ့ေခြးေလးတစ္ေကာင္ကို ကယ္တင္ႏိုင္ရန္ သူ႔အသက္ကိုစြန႔္စားေစခဲ့တဲ့ Angelo Diolata Flores အမည္ရွိ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦးရဲ႕ ဗီဒီယို ကို မၾကာေသးခင္က Margole Miko Ilagan အမည္ရွိအမ်ိဳးသားက မွ်ေဝေပးခဲ့ပါတယ္။ Angelo ရဲ႕ သူရဲေကာင္းဆန္တဲ့လုပ္ရပ္ေၾကာင့္ သူ႔ကို netizen မ်ားစြာက ခ်ီးက်ဴးခဲ့ၾကၿပီး အထင္ႀကီးေလးစားခဲ့ၾကပါတယ္။ဗီဒီယိုထဲမွာ Angelo ဟာ ၾကမ္းျပင္ရဲ႕ေဘးတစ္ဖက္တစ္ခ်က္ကေန အႏၲရာယ္မ်ားလွတဲ့ ေခြးေလးဆီသို႔ လ်င္ျမန္စြာ ေ႐ြ႕လ်ားသြားေနတာကို ေတြ႕ခဲ့ရပါတယ္။သူ႔အတြက္ အေသအခ်ာကိုင္ဆြဲထားစရာဘာမွ်မရွိတဲ့အျပင္ ၎က ခက္ခဲတဲ့လုပ္ရပ္ျဖစ္ေနေပမဲ့လည္း Angelo ဟာ ၎ကို စိတ္ထဲမထားေနခဲ့ပါဘူး။သူ႔အား ဗီဒီယို႐ိုက္ကူးေနၾကတဲ့လူမ်ားက Angelo ကို အားေပးစကားမ်ားအျပင္ ထိုေခြးေလးက ေၾကာက္ရမ္းရမ္းနဲ႔သူ႔ကို ျပန္ကိုက္ႏိုင္တာေၾကာင့္ အထူးသတိထားဖို႔အတြက္ ေအာ္ဟစ္သတိေပးေနခဲ့ၾကပါတယ္။

သို႔ေပမယ့္ ေခြးေလးက ဒီလူက ၎ရဲ႕အသက္ကို ကယ္တင္ေပးဖို႔လုပ္ေနတယ္ဆိုတာကို သတိထားမိပုံရတာေၾကာင့္ ေခြးေလးဟာ ၿငိမ္သက္တိတ္ဆိတ္စြာ ေနေနခဲ့ပါတယ္။ထို႔အျပင္ Angelo က ေခြးေလးကို ျမစ္ထဲကေနဆြဲထုတ္ဖို႔ႀကိဳးစားရန္ အျခားစိန္ေခၚမႈတစ္ခုကို ရင္ဆိုင္ခဲ့ပါတယ္။ထို႔ေနာက္ Angelo ဟာ သူ႔ရဲ႕ဟန္ခ်က္ကို ထိန္းဖို႔အတြက္ ျမစ္ကမ္းရဲ႕တစ္ဖက္ျခမ္းမွာ ခ်ည္ထားတဲ့ဝါယာႀကိဳးတစ္ခုကို အမိအရ ဖမ္းယူအသုံးျပဳခဲ့ရၿပီးေနာက္ ထိုေခြးေလးကို ေဘးကင္းစြာ ကယ္တင္ႏိုင္ခဲ့ပါတယ္။သူရဲေကာင္းဆန္လြန္းတဲ့လုပ္ရပ္အတြက္ Angelo အား Animal Kingdom Foundation က Young Hero အျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရတဲ့အျပင္ Animal Kingdom Foundation မွ သူ႔အား အထက္တန္းေက်ာင္းပညာသင္ဆု ၊စမတ္ဖုန္း ႏွင့္ အျခားေသာ လိုအပ္တဲ့ကုန္ေျခာက္ပစၥည္းမ်ားစြာကိုပါ ေပးအပ္ခ်ီးျမင့္ေပးခဲ့ပါတယ္။

.

.

Mia (Mckzone Daily)

Source : rachfeed

Unicode

မြစ်ထဲမှာ ရေနစ်နေခဲ့တဲ့ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ရန် သူ့အသက်ကိုစွန့်စားစေခဲ့တဲ့ Angelo Diolata Flores အမည်ရှိ ဆယ်ကျော်သက်ကောင်လေးတစ်ဦးရဲ့ ဗီဒီယို ကို မကြာသေးခင်က Margole Miko Ilagan အမည်ရှိအမျိုးသားက မျှဝေပေးခဲ့ပါတယ်။ Angelo ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကြောင့် သူ့ကို netizen များစွာက ချီးကျူးခဲ့ကြပြီး အထင်ကြီးလေးစားခဲ့ကြပါတယ်။ဗီဒီယိုထဲမှာ Angelo ဟာ ကြမ်းပြင်ရဲ့ဘေးတစ်ဖက်တစ်ချက်ကနေ အန္တရာယ်များလှတဲ့ ခွေးလေးဆီသို့ လျင်မြန်စွာ ရွေ့လျားသွားနေတာကို တွေ့ခဲ့ရပါတယ်။သူ့အတွက် အသေအချာကိုင်ဆွဲထားစရာဘာမျှမရှိတဲ့အပြင် ၎င်းက ခက်ခဲတဲ့လုပ်ရပ်ဖြစ်နေပေမဲ့လည်း Angelo ဟာ ၎င်းကို စိတ်ထဲမထားနေခဲ့ပါဘူး။သူ့အား ဗီဒီယိုရိုက်ကူးနေကြတဲ့လူများက Angelo ကို အားပေးစကားများအပြင် ထိုခွေးလေးက ကြောက်ရမ်းရမ်းနဲ့သူ့ကို ပြန်ကိုက်နိုင်တာကြောင့် အထူးသတိထားဖို့အတွက် အော်ဟစ်သတိပေးနေခဲ့ကြပါတယ်။

သို့ပေမယ့် ခွေးလေးက ဒီလူက ၎င်းရဲ့အသက်ကို ကယ်တင်ပေးဖို့လုပ်နေတယ်ဆိုတာကို သတိထားမိပုံရတာကြောင့် ခွေးလေးဟာ ငြိမ်သက်တိတ်ဆိတ်စွာ နေနေခဲ့ပါတယ်။ထို့အပြင် Angelo က ခွေးလေးကို မြစ်ထဲကနေဆွဲထုတ်ဖို့ကြိုးစားရန် အခြားစိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ပါတယ်။ထို့နောက် Angelo ဟာ သူ့ရဲ့ဟန်ချက်ကို ထိန်းဖို့အတွက် မြစ်ကမ်းရဲ့တစ်ဖက်ခြမ်းမှာ ချည်ထားတဲ့ဝါယာကြိုးတစ်ခုကို အမိအရ ဖမ်းယူအသုံးပြုခဲ့ရပြီးနောက် ထိုခွေးလေးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။သူရဲကောင်းဆန်လွန်းတဲ့လုပ်ရပ်အတွက် Angelo အား Animal Kingdom Foundation က Young Hero အဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရတဲ့အပြင် Animal Kingdom Foundation မှ သူ့အား အထက်တန်းကျောင်းပညာသင်ဆု ၊စမတ်ဖုန်း နှင့် အခြားသော လိုအပ်တဲ့ကုန်ခြောက်ပစ္စည်းများစွာကိုပါ ပေးအပ်ချီးမြင့်ပေးခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေရနစ္ေနတဲ့ေခြးေလးကိုကယ္ဖို႔ ကိုယ့္ရဲ႕အသက္ကိုစြန႔္စားခဲ့တာေၾကာင့္ ပညာသင္ဆုအျပင္ အျခားေသာဆုမ်ားကိုပါ ေပးအပ္ခံခဲ့ရတဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*