ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် Face mask ကို ဝယ်မတပ်နိုင်တာကြောင့် ကားပေါ်မှာ ငိုကြွေးနေခဲ့ရတဲ့ အဘွားတစ်ဦး
Mia (Mckzone Daily)
Source : rachfeed
Unicode
ကူးစက်ရောဂါမှ မိမိကိုယ်ကိုကာကွယ်ရန် ကမ္ဘာတစ်ဝှမ်းရှိလူများဟာ Face Mark များကို အပြိုင်အဆိုင်ဝယ်ယူခဲ့ကြခြင်းကြောင့် Face Mark စျေးနှုန်းများဟာ မဟာတရားမြင့်တက်လာခဲ့ပါတယ်။သို့ပေမဲ့ ဆင်းရဲနွမ်းပါးသူများကလည်း ရောဂါကူးစက်မှုကိုကာကွယ်ဖို့ mask များလိုနေသေးတာကြောင့် ၎င်း Mark အား ၎င်းတို့တတ်နိုင်တဲ့စျေးနှုန်းအတွင်းမှာ မရနိုင်တဲ့အခါ ၎င်းတို့ဟာ စိတ်ထိခိုက်ခံစားခဲ့ကြရပါတယ်။မကြာသေးမီက ဘတ်စ်ကားတစ်စီးပေါ်မှာ Face Mark မ၀ယ်နိုင်လို့ ငိုကြွေးနေတဲ့အဘွားတစ်ဦးရဲ့ ဓာတ်ပုံများကို Kim Ann Ah အမည်ရှိအမျိုးသမီးရဲ့ Facebook page မှာ တင်ကာ ဝေမျှပေးခဲ့ပြီးနောက် လူအများထံသို့ ပျံ့နှံ့သွားခဲ့ပါတယ်။ငိုကြွေးနေတဲ့အဆိုပါအဘံားတစ်ဦးရဲ့ဓာတ်ပုံများဟာ လူများစွာရဲ့နှလုံးသားကို ရိုက်ခတ်သွားစေခဲ့ပါတယ်။
အဆိုပါအဘွားဟာ သူမနေထိုင်မြို့မှ အခြားမြို့တစ်မြို့သို့ ကူးကာ တစ်စုံတစ်ဦးကို သွားတွေ့ရန်အတွက် သူမဟာ Face Mark အစား သူမဂျာကင်အင်္ကျီရဲ့အပေါ်ပိုင်းကို ယာယီ mark အဖြစ် ခရီးသွားရာ တစ်လမ်းလုံးမှာ အသုံးပြုခဲ့ပါတယ်။ကူးစက်ရောဂါကို ကြောက်လန့်ပေမဲ့လည်း သူမဟာ Mark တစ်ခု၀ယ်တပ်ဖို့ကို မတတ်နိုင်ခဲ့ပါဘူး။အခြားဘတ်စ်ကားစီးခရီးသည်များက အထူးသဖြင့် သူမ ဘာ့ကြောင့်ငိုနေရတာကိုသိရှိလိုက်ရပြီးနောက်မှာတော့ သူမအား သနားသွားခဲ့ကြရပါတယ်။ထို့နောက် ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့လူတစ်ယောက်က ပိုနေတဲ့သူ့ရဲ့ Mark ကို အဆိုပါအဘွားအား တပ်ဖို့ ပေးလိုက်ပါတယ်။
အဆိုပါလူတစ်ယောက်က သူဟာ Mark များစွာကို မ၀ယ်နိုင်သလို အသစ်တစ်ခုထပ်ရဖို့ ပိုက်ဆံအများကြီးသုံးပစ်လိုက်ရမယ်မှန်းကိုလည်း ကောင်းကောင်းကြီး သိနေပေမဲ့ အဆိုပါအဘွားကို သူ့ရဲ့ Face Mark အပိုတစ်ခုပေးလိုက်တဲ့အခါမှာ အဘွားဟာ ထပ်ပြီးမျက်ရည်ကျကာ ငိုကြွေးသွားခဲ့ရပါတယ်။သို့ပေမယ့် ဒီတခါတော့မှာတော့ အဘွားရဲ့မျက်ရည်များဟာ ဝမ်းသာမျက်ရည်များဖြစ်နေခဲ့ပါတယ်။အဆိုပါအဘွားအား ပျော်ရွှင်မှုနှင့်လုံခြုံမှုတို့ကို ပြန်လည်ခံစားစေခဲ့တဲ့အတွက် အဆိုပါကြင်နာတတ်တဲ့သူရဲကောင်းအား အထူးပင် ကျေးဇူးတင်နေမိပါတယ်ဗျာ။အခုလိုကာလမှာ ကျွန်တော်ဟာ လူသားချင်းစာနာမှုဖြင့် တစ်ဦးကိုတစ်ဦးအား ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် Face mask ကို ဝယ်မတပ်နိုင်တာကြောင့် ကားပေါ်မှာ ငိုကြွေးနေခဲ့ရတဲ့ အဘွားတစ်ဦး"
Leave a comment
Your email address will not be published.
*