ေရာဂါေတြၾကားက အလုပ္လုပ္ေနရတာကို လိပ္စာအမွားေပးၿပီး ေအာ္ဒါမွာယူခဲ့သူေၾကာင့္ ဝမ္းနည္းၿပီး မ်က္ရည္က်ခဲ့ရတဲ့ delivery သမား

Lalamove Rider တစ္ဦးဟာ လိပ္စာအတုျဖင့္ ေဖာက္သည္က ေအာ္ဒါတင္ၿပီးေနာက္ မ်က္ရည္ဝဲကာ ေဒသခံတစ္ဦးက သူ႔ရဲ႕ဝမ္းနည္းဖြယ္အျဖစ္ကို ဆိုရွယ္မီဒီယာေပၚ မွ်ေဝလာခဲ့ပါတယ္ ။ Lalamove Rider နဲ႔ အျခားကုန္ပို႔ေဆာင္သမားေတြဟာ COVID-19 ကူးစက္ေရာဂါေၾကာင့္ သူတို႔အသက္အႏၲရာယ္က်ေရာက္မွာကို မေၾကာက္ဘဲ အလုပ္လုပ္ေနၾကတာပါ ။ ဒါေပမယ့္ ဒီ ပို႔ေဆာင္ေရးသမားေတြရဲ႕အနစ္နာခံမႈကိုတန္ဖိုးမထားတဲ့သူေတြအမ်ားႀကီးရွိၿပီး Rider ေတြကို ေနာက္ေျပာင္ဖို႔ လိပ္စာအတုေပးတာဟာ မိမိအတြက္က ရယ္စရာေကာင္းတယ္လို႔ေတြးမိေပမဲ့ သူတို႔က်ေတာ့ ဝမ္းနည္းေနရရွာပါတယ္ ။

Lara Natan ဆိုတဲ့ ေဒသထံတစ္ဦးက Lalamove Rider တစ္ဦးဟာ ထိုေနရာမွာ အမွန္တကယ္မရွိတဲ့ လူတစ္ဦးကို ေမးျမန္းရန္ သူတို႔ရဲ႕အိမ္ကို ေရာက္ရွိလာခဲ့တာကို မွ်ေဝခဲ့ပါတယ္ ။ ထိုသူက Lalamove မွတဆင့္ တစ္စုံတစ္ခုကိုမွာၾကားၿပီး သူတို႔ရဲ႕လိပ္စာကိုေပးခဲ့တာပါ ။ ဒါေပမယ့္ ေအာ္ဒါမွာယူတဲ့သူကို ဘယ္သူမွမသိပါဘူး ။ Lalamove က Rider သမားမ်ားဟာ အြန္လိုင္းေရာင္းသူထံမွ ေဖာက္သည္ေတြ မွာတဲ့ ပစၥည္းကို ဝယ္ဖို႔ ပိုက္ဆံ အရင္ဆုံးစိုက္ေပးရပါတယ္ ။

အဲ့ဒီေနာက္ သူတို႔က ေဖာက္သည္ဆီကေနတစ္ဆင့္ ေငြပမာဏကို ျပန္ရမာျဖစ္ပါတယ္ ။ ဒါေပမဲ့ ထိုကဲ့သို႔ေသာ အတုအေယာင္ေဖာက္သည္ေတြက သူတို႔အတြက္ ေငြအမ်ားႀကီးကုန္က်ေစခဲ့ပါတယ္ ။ ထိုအျဖစ္အပ်က္က Rider သမားကို ဓာတ္ပုံ႐ိုက္တဲ့ Natan ကို ေဒါသထြက္ေစၿပီး အျခားေသာ ပို႔ေဆာင္ေရးသမားေတြ ဒီလိုမ်ိဳးမႀကဳံေတြ႕ေအာင္ သတိေပးတဲ့အေနနဲ႔ သူရဲ႕ ဝမ္းနည္းဖြယ္အျဖစ္အပ်က္ကို မွ်ေဝခဲ့လိုက္တာပါ ။

JRose (Mckzone Daily)

.

.

Source : rachfeed

Unicode

Lalamove Rider တစ်ဦးဟာ လိပ်စာအတုဖြင့် ဖောက်သည်က အော်ဒါတင်ပြီးနောက် မျက်ရည်ဝဲကာ ဒေသခံတစ်ဦးက သူ့ရဲ့ဝမ်းနည်းဖွယ်အဖြစ်ကို ဆိုရှယ်မီဒီယာပေါ် မျှဝေလာခဲ့ပါတယ် ။ Lalamove Rider နဲ့ အခြားကုန်ပို့ဆောင်သမားတွေဟာ COVID-19 ကူးစက်ရောဂါကြောင့် သူတို့အသက်အန္တရာယ်ကျရောက်မှာကို မကြောက်ဘဲ အလုပ်လုပ်နေကြတာပါ ။ ဒါပေမယ့် ဒီ ပို့ဆောင်ရေးသမားတွေရဲ့အနစ်နာခံမှုကိုတန်ဖိုးမထားတဲ့သူတွေအများကြီးရှိပြီး Rider တွေကို နောက်ပြောင်ဖို့ လိပ်စာအတုပေးတာဟာ မိမိအတွက်က ရယ်စရာကောင်းတယ်လို့တွေးမိပေမဲ့ သူတို့ကျတော့ ဝမ်းနည်းနေရရှာပါတယ် ။

Lara Natan ဆိုတဲ့ ဒေသထံတစ်ဦးက Lalamove Rider တစ်ဦးဟာ ထိုနေရာမှာ အမှန်တကယ်မရှိတဲ့ လူတစ်ဦးကို မေးမြန်းရန် သူတို့ရဲ့အိမ်ကို ရောက်ရှိလာခဲ့တာကို မျှဝေခဲ့ပါတယ် ။ ထိုသူက Lalamove မှတဆင့် တစ်စုံတစ်ခုကိုမှာကြားပြီး သူတို့ရဲ့လိပ်စာကိုပေးခဲ့တာပါ ။ ဒါပေမယ့် အော်ဒါမှာယူတဲ့သူကို ဘယ်သူမှမသိပါဘူး ။ Lalamove က Rider သမားများဟာ အွန်လိုင်းရောင်းသူထံမှ ဖောက်သည်တွေ မှာတဲ့ ပစ္စည်းကို ဝယ်ဖို့ ပိုက်ဆံ အရင်ဆုံးစိုက်ပေးရပါတယ် ။

အဲ့ဒီနောက် သူတို့က ဖောက်သည်ဆီကနေတစ်ဆင့် ငွေပမာဏကို ပြန်ရမာဖြစ်ပါတယ် ။ ဒါပေမဲ့ ထိုကဲ့သို့သော အတုအယောင်ဖောက်သည်တွေက သူတို့အတွက် ငွေအများကြီးကုန်ကျစေခဲ့ပါတယ် ။ ထိုအဖြစ်အပျက်က Rider သမားကို ဓာတ်ပုံရိုက်တဲ့ Natan ကို ဒေါသထွက်စေပြီး အခြားသော ပို့ဆောင်ရေးသမားတွေ ဒီလိုမျိုးမကြုံတွေ့အောင် သတိပေးတဲ့အနေနဲ့ သူရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်ကို မျှဝေခဲ့လိုက်တာပါ ။

JRose (Mckzone Daily)

Be the first to comment on "ေရာဂါေတြၾကားက အလုပ္လုပ္ေနရတာကို လိပ္စာအမွားေပးၿပီး ေအာ္ဒါမွာယူခဲ့သူေၾကာင့္ ဝမ္းနည္းၿပီး မ်က္ရည္က်ခဲ့ရတဲ့ delivery သမား"

Leave a comment

Your email address will not be published.


*