ငါးဖမ်းပြီးအသက်မွေးနေရမဲ့အစား ယခုအခါမှာ ပင်လယ်ရှိစွန့်ပစ်ပစ္စည်းများကိုသာ လိုက်လံသန့်ရှင်းနေရတဲ့ အသက် ၉၀ အရွယ် အဘိုးတစ်ဦး

အသက် ၉၀ အရွယ် Wayan အမည်ရှိအဘိုးအို ဟာ လွန်ခဲ့တဲ့နှစ်ပေ့င်းများစွာကတည်းက နေ့စဉ်နေ့တိုင်း သူ့ရဲ့ငါးဖမ်းပိုက်ကွန်များနှင့်ပိုက်ကွန်အိတ်များကို စုစည်းကာ သူ့ရဲ့လှေငယ်လေးဖြင့် Bali ကျွန်းကမ်းရိုးတန်းတစ်လျှောက်သို့ ထွက်ခွါသွားလေ့ရှိပါတယ်။၎င်းရှိကျွန်းတစ်လျှောက်က ငါးဖမ်းလုပ်ငန်းများအတွက် အဓိကနေရာတစ်ခုဖြစ်ပြီး Wayan အတွက်လည်း ငယ်စဉ်ကတည်းကနေ ဆယ်စုနှစ်များစွာအထိ ကျင့်သုံးခဲ့တဲ့ အသက်မွေးဝမ်းကျောင်းမှုတစ်ခုဘဲ ဖြစ်ပါတယ်။

သို့သော် ယနေ့ခေတ်ကာလမှာတော့ ငါးမျှားကြိုးဖြင့် ထုထည်ကြီးမားတဲ့ငါးဖမ်းခြင်းများအတွက် ရုန်းကန်းလှုပ်ရှားနေရမဲ့အစား ၎င်းကမ်းခြေမှာ ပလတ်စတစ်ဘူးများနှင့်အမှိုက်အိတ်များသာ ပေါများလာခဲ့ပါတယ်။

လာမဲ့ ၂၀၅၀ ခုနှစ်မှာ သမုဒ္ဒရာထဲမှာ ငါးများထက် ပလတ်စတစ်အိတ်များက ပိုများလာနိုင်တယ်လို့ အစီရင်ခံစာအချို့က ကြိုတင်ခန့်မှန်းကာ ပြောဆိုနေကြပါတယ်။

San Francisco မြို့အခြေစိုက် Dana Frankoff အမည်ရှိဒါရိုက်တာရဲ့ “ Voice Above Water ” ဆိုတဲ့ ရုပ်ရှင်ဟာ တံငါသည်တစ်ဦးဖြစ်တဲ့အဘိုး Wayan ရဲ့ကမ်းရိုးတန်းအိမ်သို့ သွားပြီး အဘိုးရဲ့တစ်နေ့တာ လုပ်ရိုးလုပ်စဉ်များကို ရိုက်ကူးကာ မှတ်တမ်းတင်ထားခြင်းဘဲဖြစ်ပါတယ်။လူတို့ရဲ့စွန့်ပစ်ပစ္စည်းများဖြင့်ပြည့်နက်လာတဲ့ပင်လယ်သမုဒ္ဒရာကြီးကြောင့် အဘိုးဟာ သူ့မိသားစုနှင့်သူ့အသိုင်းအဝိုင်းများအတွက် အာဟာရရှိတဲ့ငါးများကို သယ်ပြန်ပေးရမဲ့အစား ပင်လယ်ရှိ အ၀တ်စုတ်များ၊ပုလင်းများနှင့် အခြားသောအမှိုက်သရိုက်များစတဲ့စွန့်ပစ်ပစ္စည်းများစွာကိုသာ ကမ်းခြေသို့ ပြန်လည်သယ်ဆောင်နေခဲ့ရပါတယ်။

ထို့ကြောင့် Frankoff က အဘိုးရဲ့အသက်မွေးဝမ်းကျောင်းမှုဟာ ၎င်းကျွန်းနှင့် နီးစပ်တဲ့လူသားများနှင့် သက်ဆိုင်သလို လူသားများကြောင့် ကမ္ဘာကြီးရဲ့အခြေအနေက တစ်ဖြည်းဖြည်းဆိုးရွားလာနေခဲ့တာကို သရုပ်ပြချင်ခဲ့တာကြောင့် သူမဟာ အဘိုးရဲ့ဘဝဇာတ်ကြောင်းကို အသုံးပြုကာ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးခဲ့ပါတယ်။

” ဒီဇာတ်လမ်းလေးက လူသားတစ်ယောက်ရဲ့အရင်းအမြစ်များကို အသုံးပြုပြီး ခြားနားချက်တစ်ခုကို ပြုလုပ်ထားတာပါ၊ ကျွန်မတို့လည်း ကမ္ဘာကြီးအတွက်ကော လူသားတို့အားလုံးအတွက်ကော တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ရန် ကိုယ့်အပိုင်းနဲ့ကိုယ်လုပ်ဆောင်ရင် အခုထက် ပိုကောင်းမွန်တဲ့အရာတွေကို ပြုလုပ်နိုင်မှာပါ ” ဟု Frankoff က သူမရဲ့ရုပ်ရှင်နှင့်ပတ်သက်ပြီး သတိပေးထားခဲ့ပါတယ်။

“ Voice Above Water ” ရုပ်ရှင်က ဒါရိုက်တာ Dana Frankoff ရဲ့ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်သလို စာဖတ်သူတို့လည်း သူမရဲ့ပထမဦးဆုံးလက်ရာကို ခံစားကြည့်ရှုလိုရင်တော့ ၎င်းရုပ်ရှင်ကို Vimeo app မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Mia (Mckzone Daily)

Source : thisiscolossal

Be the first to comment on "ငါးဖမ်းပြီးအသက်မွေးနေရမဲ့အစား ယခုအခါမှာ ပင်လယ်ရှိစွန့်ပစ်ပစ္စည်းများကိုသာ လိုက်လံသန့်ရှင်းနေရတဲ့ အသက် ၉၀ အရွယ် အဘိုးတစ်ဦး"

Leave a comment

Your email address will not be published.


*