သားသမီးများရဲ့လျစ်လျူရှုမှုကို ခံနေရတဲ့အဘွား ဆေးရုံတက်နေချိန်မှာ တစ်ဦးတည်းသောအဖော်အဖြစ် သူမရဲ့အနားမှာ ရှိနေပေးခဲ့တဲ့ ခွေးလိမ္မာလေး

အသက် ၇၀ အရွယ် အမည်မသိအဘွားတစ်ဦးဟာ အသက်တွေကြီးလာပြီးနောက် ကိုယ်ပိုင်မိသားစုတွေရှိလာခဲ့တဲ့ သားသမီး သုံးယောက်တို့ရဲ့ လျစ်လျူရှုထားခြင်းကို ခံခဲ့ရပါတယ်။တစ်နေ့မှာ အဆိုပါအဘွားဟာ ဆေးရုံတင်ခံလိုက်ရတဲ့အခါ သူမအတွက် တစ်ဦးတည်းသော ဧည့်သည်နှင့်အဖော်မှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမမွေးစားခဲ့တဲ့ လမ်းဘေးခွေးလေးတစ်ကောင်သာ ဖြစ်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

Good Times သတင်းရဲ့ post တစ်ခုမှာ အဆိုပါအဘွားဟာ ၎င်းခွေးလေးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က လမ်းများပေါ်မှာ တွေ့ရှိခဲ့ရပြီး အဘွားဟာ သနားစရာကောင်းတဲ့ခွေးလေးကို သူမရဲ့အိမ်သို့ခေါ်သွားခဲ့ကာ ခွေးလေးကို မိသားစုဝင်တစ်ဦးလို သဘောထားခဲ့ပါတယ်။

လမ်းတွေမှာ ခွေးလေးအတွက် သင့်တော်တဲ့အစာအစားများမရှိတာကြောင့် ခွေးလေးဟာ ပိန်လှီပြီး အစားချို့တဲ့နေခဲ့တာကို မြင်တော့ အဘွားဟာ ခွေးလေးကို ကောင်းမွန်စွာ ထိန်းကျောင်းကာ ကျွေးမွေးပြုစုပေးခဲ့ပါတယ်။

ထိုအချိန်ကတည်းကပင် အဘွားရဲ့သားသမီးများဟာ သူမနှင့်ဝေးကွာနေတဲ့နေအိမ်မှာ ၎င်းတို့ရဲ့ကိုယ်ပိုင်မိသားစုနှင့်သာသာယာယာရှိနေခဲ့ကြပြီး အဘွားမှာတော့ ခွေးလေးဟာ သူမရဲ့အဖော်ဖြစ်သလို သူမရဲ့ကလေးလေးအဖြစ်ပါ ရှိနေခဲ့ရပါတယ်။

ထို့နောက် တစ်နေ့မှာ အဆိုပါအဘွားဟာ ဆေးရုံတင်လိုက်ရပြီး သူမရဲ့သားသမီးများဟာ ဆေးရုံမှာ သူမအားလာရောက်ဂရုစိုက်ပေးခြင်း သို့မဟုတ် သူမအား လာရောက်တွေ့ဆုံခြင်းတို့ကိုတောင် မလုပ်ခဲ့ကြကြောင်း Good Times သတင်းက ဖော်ပြထားခဲ့ပါတယ်။

သို့ပေမယ့် အဘွားရဲ့အနားကိုမသွားရန် တားနေခဲ့ပေမဲ့ အဘွားထံသို့ ရအောင်ချဉ်းကပ်နေခဲ့တဲ့ခွေးလေးတစ်ကောင်ကို တွေ့လိုက်ရတော့ ဆေးရုံရှိတာဝန်ရှိဝန်ထမ်းများက အလွန်ပင် အံ့ဩသွားခဲ့ကြရပါတယ်။အစပိုင်းမှာတော့ ၀န်ထမ်းတွေက ဆေးရုံမှာခွေးရှိနေတာကို မကြိုက်ခဲ့ကြပါဘူး။

သို့ပေမဲ့ ၎င်းတို့က ခွေးလေးဟာ တကယ်ပဲ အဆိုပါအဘွားရဲ့ “ ကလေး” လိုဖြစ်နေပြီး သူမအား ဂရုစိုက်ပေးတဲ့တစ်ဦးတည်းသော အဖော်လေးဖြစ်နေခဲ့တာကို သိလိုက်ရပါတယ်။

ထို့အပြင် ခွေးလေးက အနားမှာရှိနေချိန်မှာ အဘွားရဲ့ပိုမိုပျော်ရွှင်နေတဲ့ပုံကို ၎င်းတို့က သတိပြုမိခဲ့ကြတာကြောင့် တာဝန်ရှိဆေးရုံဝန်ထမ်းများဟာ ခွေးလေးအား လူနာအတွက် အနားမှာထားရန် ခွင့်ပြုပေးလိုက်ကြရပါတယ်။

၎င်းက တစ်ကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။ခွေးလေးဟာ ဆေးရုံမှာရှိနေစဉ်ကာလအတွင်း အဘွားအတွက် အားဆေးလိုဖြစ်နေခဲ့ပြီး အဘွားကို အနီးကပ်ဂရုစိုက်ပေးရင်း အမြဲမျက်ခြည်မပြတ် ရှိနေခဲ့ပါတယ်။ထို့နောက် မကြာခင်မှာဘဲ အဘွားဟာ ဆေးရုံဆင်းနိုင်ခဲ့ပြီး ခွေးလေးဟာ အဘွားအား ၎င်းရဲ့ကလေးလို ဆက်လက် ကြည့်ရှုစောင့်ရှောက်နေခဲ့ကြောင်း သတင်းများက ဖော်ပြထားခဲ့ပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "သားသမီးများရဲ့လျစ်လျူရှုမှုကို ခံနေရတဲ့အဘွား ဆေးရုံတက်နေချိန်မှာ တစ်ဦးတည်းသောအဖော်အဖြစ် သူမရဲ့အနားမှာ ရှိနေပေးခဲ့တဲ့ ခွေးလိမ္မာလေး"

Leave a comment

Your email address will not be published.


*