မွေးစားခံချင်လို့ ဘတ်စကားနောက်ကို မရမက အမှီလိုက်နေခဲ့တဲ့ လေလွင့်ခွေးမလေး (ရုပ်သံ)



JRose (Mckzone Daily)

Reference : heartwarmingthings

.

.

Unicode

Jaypee Barcelinia အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Quezon မြို့မှ တစ်နေ့ ဘတ်စ်ကားတစ်စီးကို စီးခဲ့ပါတယ် ။ သူမထိုင်နေရာမှ မိနစ်အနည်းငယ်အကြာမှာ သူမဘတ်စ်ကားနောက်မှ ခွေးတစ်ကောင်ပြေးလိုက်လာတာကို သတိပြုမိခဲ့ပါတယ် ။ ထိုခွေးဟာ ဘတ်စ်ကားကို အမှီလိုက်ရန် မယုံနိုင်လောက်အောင် စိတ်ပိုင်းဖြတ်ထားခဲ့ပုံရတာကြောင့် ထိုဘတ်စ်ကားစီးသူတိုင်းကို စွဲမက်စေတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ် ။ ယာဉ်ကခဏခဏရပ်လိုက်ပြီး ခွေးဟာ နောက်ကနေခုန်ဖို့ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ် ။

Jaypee ကယာဉ်မောင်းသူကို ခွေးကို ကားပေါ်တင်ရန် အကြံပေးသော်လည်း သူက ဒီခွေးဟာ လူတွေကို ကိုက်လိမ့်မယ် ဆိုတဲ့ အတွေးကြောင့် ကားရပ်မပေးခဲ့ပါဘူး ။ အဆုံးမှာတော့ ကားမောင်းသူက နောင်တရသွားပြီး လေလွင့်ခွေးကို ဘတ်စ်ကားပေါ် တင်ခွင့်ပြုလိုက်ပါတယ် ။ ကားပေါ်ရောက်တာနဲ့ ခွေးဟာ ဘတ်စကားနောက်လိုက်ရလို့ ပင်ပန်းတာကြောင့် ကောက်ကွေးပြီး တစ်ရေးတစ်မောအိပ်နေလိုက်ပါတယ် ။ ဒါပေမယ့် အဲဒီ့ဘတ်စ်ကားစီးပြီးသွားတဲ့ လမ်းကြောင်းတစ်လျှောက် အဲဒီခွေးဟာ ကားပေါ်ကနေမဆင်းချင်တော့ဒါကြောင့် ကားမောင်းသူက လေလွင့်ခွေးကို အိမ်ခေါ်သွားပြီး အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ခွေးလေးကို ချန်မထားဘဲ မွေးစားလိုက်လို့ ကားမောင်းသမားကို အရမ်းဘဲ ကျေးဇူးတင်မိပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "မွေးစားခံချင်လို့ ဘတ်စကားနောက်ကို မရမက အမှီလိုက်နေခဲ့တဲ့ လေလွင့်ခွေးမလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*