ေျမာင္းထဲနစ္သြားတဲ့ ဆင္ငယ္ေလးကို ၁၁ နာရီၾကာေအာင္ လြတ္ေျမာက္ရန္ အသည္းအသန္ ႀကိဳးစားဆြဲထုတ္ခဲ့တဲ့ ဆင္အမိ

ယေန႔ေဖာ္ျပမဲ့ အေၾကာင္းအရာက ကြၽႏ္ုပ္တို႔ကိုမီးေမာင္းထိုးျပလိုတဲ့ သင္ခန္းစာက “ အေမတစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ ဘာမွ်ႏႈိင္းယွဥ္စရာမရွိ” ဆိုတဲ့ စကားအတိုင္း အာရွဆင္မိခင္တစ္ေကာင္က သက္ေသျပခဲ့ပါတယ္ ။ အိႏၵိယႏိုင္ငံရဲ႕ခ႐ိုင္တစ္ခုမွာ ဆင္ငယ္ေလးဟာ ေျမာင္းထဲသို႔နစ္သြားတဲ့အခါ မိခင္က သူမရဲ႕ကေလးကို ႐ႊံ႕ႏြံမွ ၁၁ နာရီနီးပါး ၾကာေအာင္ လြတ္ေျမာက္ရန္ အသည္းအသန္ႀကိဳးစားခဲ့ရပါတယ္ ။ ကံမေကာင္းစြာနဲ႔ပဲ သူမရဲ႕ႀကိဳးစားမႈက အေျခအေန ပိုဆိုးလာေစထဲ့တာပါ ။ သူမရဲ႕ ႀကီးမားတဲ့ ေျခဖဝါးေတြက အေပါက္ထဲသို႔ ႐ႊံ႕ေတြကို ပိုတြန္းခ်ၿပီး သူမရဲ႕ ကေလးကို ဆြဲထုတ္ရန္ ခက္ခဲေစခဲ့ပါတယ္ ။

႐ြာသားေတြက ဆင္ကို ေတြ႕ၿပီး ကူညီရန္ စိတ္ထက္သန္ခဲ့ၾကပါတယ္ ။ `The Daily Mail´ရဲ႕ အဆိုအရ ထိုအျဖစ္အပ်က္ကို ႐ိုက္ကူးတဲ့ ေဒသခံ Jitendra Tiwari ဟာ ထရပ္ကားအျပည့္တင္ထားတဲ့ ငွက္ေပ်ာသီးနဲ႔ ဆင္ကို အာ႐ုံလႊဲရန္ အစီအစဥ္တစ္ခုကို စီစဥ္ခဲ့ပါတယ္ ။ ထိုအစီစဥ္က ေအာင္ျမင္ခဲ့ၿပီး ေျမာင္းတြင္းထဲက ႐ႊံ႕ေတြကို ဖယ္ရွားၿပီး ေဒသခံေတြရဲ႕ အကူအညီနဲ႔ ဆင္က ေနာက္ဆုံးမွာ သူမရဲ႕ကေလးကို ႏွာေမာင္းနဲ႔ ဆြဲထုတ္ႏိုင္ခဲ့ပါတယ္ ။ ေနာက္ပိုင္းတြင္ သူတို႔ႏွစ္ေယာက္ျပန္ဆုံၿပီးတဲ့ေနာက္ သူတို႔ႏွစ္ဦး စလုံးခံစားရတဲ့ ခံစားခ်က္ကို ငါတို႔ေတြ စိတ္ကူးလို႔ေတာင္မရပါဘူး ။

.

.

.

.

.

.

JRose (Mckzone Daily)

Source : lifebuzz

Unicode

ယနေ့ဖော်ပြမဲ့ အကြောင်းအရာက ကျွန်ုပ်တို့ကိုမီးမောင်းထိုးပြလိုတဲ့ သင်ခန်းစာက “ အမေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဘာမျှနှိုင်းယှဉ်စရာမရှိ” ဆိုတဲ့ စကားအတိုင်း အာရှဆင်မိခင်တစ်ကောင်က သက်သေပြခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံရဲ့ခရိုင်တစ်ခုမှာ ဆင်ငယ်လေးဟာ မြောင်းထဲသို့နစ်သွားတဲ့အခါ မိခင်က သူမရဲ့ကလေးကို ရွှံ့နွံမှ ၁၁ နာရီနီးပါး ကြာအောင် လွတ်မြောက်ရန် အသည်းအသန်ကြိုးစားခဲ့ရပါတယ် ။ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ကြိုးစားမှုက အခြေအနေ ပိုဆိုးလာစေထဲ့တာပါ ။ သူမရဲ့ ကြီးမားတဲ့ ခြေဖဝါးတွေက အပေါက်ထဲသို့ ရွှံ့တွေကို ပိုတွန်းချပြီး သူမရဲ့ ကလေးကို ဆွဲထုတ်ရန် ခက်ခဲစေခဲ့ပါတယ် ။

ရွာသားတွေက ဆင်ကို တွေ့ပြီး ကူညီရန် စိတ်ထက်သန်ခဲ့ကြပါတယ် ။ `The Daily Mail´ရဲ့ အဆိုအရ ထိုအဖြစ်အပျက်ကို ရိုက်ကူးတဲ့ ဒေသခံ Jitendra Tiwari ဟာ ထရပ်ကားအပြည့်တင်ထားတဲ့ ငှက်ပျောသီးနဲ့ ဆင်ကို အာရုံလွှဲရန် အစီအစဉ်တစ်ခုကို စီစဉ်ခဲ့ပါတယ် ။ ထိုအစီစဉ်က အောင်မြင်ခဲ့ပြီး မြောင်းတွင်းထဲက ရွှံ့တွေကို ဖယ်ရှားပြီး ဒေသခံတွေရဲ့ အကူအညီနဲ့ ဆင်က နောက်ဆုံးမှာ သူမရဲ့ကလေးကို နှာမောင်းနဲ့ ဆွဲထုတ်နိုင်ခဲ့ပါတယ် ။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်ပြန်ဆုံပြီးတဲ့နောက် သူတို့နှစ်ဦး စလုံးခံစားရတဲ့ ခံစားချက်ကို ငါတို့တွေ စိတ်ကူးလို့တောင်မရပါဘူး ။

JRose (Mckzone Daily)

Be the first to comment on "ေျမာင္းထဲနစ္သြားတဲ့ ဆင္ငယ္ေလးကို ၁၁ နာရီၾကာေအာင္ လြတ္ေျမာက္ရန္ အသည္းအသန္ ႀကိဳးစားဆြဲထုတ္ခဲ့တဲ့ ဆင္အမိ"

Leave a comment

Your email address will not be published.


*