ထမင်းစားနေချိန် ထိုင်ခုံကို လှုပ်ယမ်းပြနေတဲ့ သရဲတစ္ဆေကို အေးဆေးထမင်းစားပါရစေဆိုပြီးတောင်းပန်နေတဲ့အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းလိုလိုကတော့ ဒီလိုကြက်သီးထဖို့ကောင်းတဲ့ ခပ်လန့်လန့်အရာမျိုးတွေကို စိတ်ဝင်စားတတ်လေ့ရှိပြီး ၊ အချို့ဆိုလျှင်လုံးဝကို မနေနိုင်လောက်တဲ့အထိကြောက်လန့်တတ်ကြပါတယ် ။ ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ၎င်းတို့အမှန်တကယ်တည်ရှိနေကြောင်းကို လက်တွေ့ပြလိုက်တာပါပဲ ။ @HellmyAnwar အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူထမင်းစားနေချိန်မှာ ၎င်းတို့ရှိနေကြောင်း ပြသတဲ့အနေနဲ့ ထိုင်ခုံကိုလှည့်ပြနေခဲ့တဲ့အဖြစ်ကို Video ရိုက်ယူပြီး သူ၏ Twitter စာမျက်နှာမှာ ပြန်လည်ဝေမျှခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ ” လှည့်နေတာ ရပ်ပါတော့ ၊ ငါဒီမှာ ထမင်းစားမလို့လေ ၊ ငါ့ကိုခဏလေးတော့ ထမင်းစားခွင့်ပေးပါ ” ဆိုပြီး အဆိုပါ သရဲတစ္ဆေဟုယူဆရသောအရာကို တောင်းဆိုနေခဲ့ပါတယ် ။ ထို့အပြင် ” စားစရာတွေ အများကြီးကျန်သေးတယ် ၊ ငါဘယ်လိုလုပ်ပြီး ထွက်ပြေးရမှာလဲ ၊ ဒီမှာ ပုဇွန်တုပ်တွေလည်း အများကြီးကျန်သေးတယ် ” ဆိုပြီး ပြောဆိုနေခဲ့တာကို video ထဲမှာကြားရမှာပါ ။

ကိုယ့်မျက်လုံးရှေ့တည့်တည့်မှာ ခြောက်လှန့်ပြနေပေမဲ့လည်း မကြောက်မလန့်ပဲ ထမင်းစားဖို့သာပြင်နေတဲ့ အဆိုပါအမျိုးသားရဲ့လုပ်ရပ်ဟာ အတော်လေးကိုသတ္တိရှိလွန်းတယ်ဆိုပြီး လူအများကပြောဆိုခဲ့ကြပါတယ် ။ အဆိုပါvideo ဟာလုပ်ကြံဖန်တီးထားခြင်းမျိုးမဟုတ်ဘဲ နဂိုမူရင်း Video သာ ဖြစ်ကြောင်းလည်း ပြောဆိုထားခဲ့ပါသေးတယ် ။ အဆိုပါ Video ကိုကြည့်ရှုသူအများအပြားရှိခဲ့ပြီး ပြန်လည်ဝေမျှသူလည်း များစွာရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ထမင်းစားနေချိန် ထိုင်ခုံကို လှုပ်ယမ်းပြနေတဲ့ သရဲတစ္ဆေကို အေးဆေးထမင်းစားပါရစေဆိုပြီးတောင်းပန်နေတဲ့အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*