ဖိနပ်မပါဘဲ ဘတ်စကတ်ဘောကစားနေတဲ့ ကောင်လေးတစ်ဦးကို ဖိနပ်အသစ်တစ်ရံနဲ့ ခြေအိတ်အချို့ အခမဲ့ပေးခဲ့တဲ့ အကြင်နာတရားအပြည့်နဲ့ ကောင်လေး(ရုပ်သံ)




JRose (Mckzone Daily)

Source : heartwarmingthings

Unicode

မေတ္တာကိုလိုအပ်နေတဲ့သူတွေကို ဝေမျှပေးတာဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပါ ။ လူသားချင်းစာနာထောက်ထားမှုက ကမ္ဘာတစ်ဝှမ်းရှိ အကြင်နာတရားတွေကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သုံးနိုင်ပါတယ် ။ တစ်စုံတစ်ယောက်ကို ချစ်ကြောင်းပြခြင်းဟာ သူတို့ရဲ့ နေ့တစ်နေ့လုံးကို ပြောင်းလဲစေရုံသာမက သူတို့ရဲ့ စိတ်သဘောထားတစ်ခုလုံးကိုလည်း ပြောင်းလဲစေနိုင်တာပါ ။ အဖေတစ်ဦးက သူ့သားငယ်လေးဟာ ခြေဗလာနဲ့ သူငယ်ချင်းကို ဖိနပ်အသစ်တစ်ခုပေးခဲ့တဲ့ သူ့သားရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကို ဝေမျှလာခဲ့ပါတယ် ။ အနီးအနားမှာ ခြေဗလာနဲ့ ဘတ်စကတ်ဘောကစားနေတဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိတဲ့အခါ Ethan အမည်ရှိ ကောင်လေးငယ်က သူ့ရဲ့ဖခင်နဲ့အတူရှိနေခဲ့ပါတယ် ။

သူဘာကြောင့် ဖိနပ်မဝတ်ရတာလဲဆိုတာကို သတိထားမိပြီး ထိုကောင်လေးက သူ့မှာဖိနပ်မရှိဘူးလို့ Ethan ကို တွေးစေခဲ့ပါတယ် ။ အဲ့ဒီနောက် Ethan က မကြာသေးမီက သူ့ဖခင်ဆီရထားတဲ့ ဖိနပ်အသစ်တစ်ရံနဲ့ခြေအိတ်လက်ဆောင်အချို့ကို ပြေးလွှားသွားယူခဲ့ပြီး ကောင်လေးကို လက်ဆောင်ပေးခဲ့ပါတယ် ။ ကောင်လေးက လက်ဆောင်အတွက် အရမ်းဝမ်းသာသွားပြီး ပျော်နေခဲ့ပါတယ် ။ ဒီကောင်လေးဟာ Ethan ရဲ့ ဘတ်စကတ်ဘောကစားခြင်းကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းအသစ်တစ်ယောက်ဖြစ်နိုင်ပါတယ် ။

အကောင်းဆုံးကတော့ Ethan ရဲ့အဖေ Eman ဟာ သူတို့နှစ်ယောက်ရဲ့ အခိုက်အတန့်အားလုံးကို ဗီဒီယိုနဲ့ရိုက်ယူထားပြီး Instagram မှာမျှဝေခဲ့ပါတယ် ။ Eman က သူ့သားရဲ့ ကြင်နာတဲ့လုပ်ရပ်အတွက် သူ့သားအပေါ် ဂုဏ်ယူပြီး ကမ္ဘာအနှံ့ဖြန့်ချင်တယ်ဆိုတာ ရှင်းနေပါတယ် ။ ငါတို့က Ethan လိုလူမျိုး ပိုပြီးကြင်နာတဲ့စိတ်တွေကို တကယ်သုံးနိုင်ပါတယ် ။ အဲဒါက အသက်ကြီးသူတွေဖြစ်စေ ငယ်ရွယ်သူတွေဖြစ်စေ ကြင်နာမှုကိုဝေမျှနိုင်တယ်ဆိုတာကို ပြသတဲ့သဘောပါပဲ ။

JRose (Mckzone Daily)

Be the first to comment on "ဖိနပ်မပါဘဲ ဘတ်စကတ်ဘောကစားနေတဲ့ ကောင်လေးတစ်ဦးကို ဖိနပ်အသစ်တစ်ရံနဲ့ ခြေအိတ်အချို့ အခမဲ့ပေးခဲ့တဲ့ အကြင်နာတရားအပြည့်နဲ့ ကောင်လေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*