ငါးမန်းများ၊ ပင်လယ်သတ္တဝါများနဲ့ အတူရေအောက်ကမ္ဘာရောက်သွားသလို ခံစားစေမယ့် ခန်းနားလွန်းတဲ့ ဘိုးလင်းကစားရုံတစ်ခု



.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : buzznicked

Unicode

အမေရိကန်တစ်ဝှမ်းမှာ ကျော်ကြားနေတဲ့ Uncle Bucks Fish Bowl and Grill အမည်ရှိ ဘိုးလင်းမဟာမိတ်ကစားရုံဟာ ဘယ်လောက်ခန်းနားပြီး အံ့မခန်းဖွယ်ကောင်းလဲဆိုတာကို အခြားဘယ်ဘိုးလင်းကစားရုံမဆို အရှက်ရစေမယ်ဆိုတာ အမှန်ပါ ။ ထိုကြီးမားတဲ့ဘိုးလင်းကစားရုံဆိုရင် သင်ဟာ ရေအောက်ကမ္ဘာကို ရောက်နေသလိုတောင် ခံစားမိပါတယ် ။ ဘိုးလင်းကစားရုံထဲမှာဆို စားသောက်ဆိုင်၊ ဘားနဲ့စတိုးဆိုင်တို့ဖြင့် ပြီးပြည့်စုံတဲ့တကယ့်ကိုထူးခြားတဲ့ အရာတွေနဲ့ ပြည့်နက်နေပါတယ် ။ ကျွန်းပုံစံဘားတွင် လှပတဲ့ငါးများစွာနဲ့ ငါးပြတိုက်တွေလည်း ရှိနေခဲ့ပါတယ် ။ high-end ရွက်လှေကလပ်နဲ့တူတဲ့ စားသောက်ဆိုင်ဟာ appetizers မျိုးစုံ၊ အသားညှပ်ပေါင်မုန့်များ၊ အသုပ်များ၊ ပီဇာနဲ့ ဘာဂါများအစုံအလင် ပြည့်စုံတဲါ menu ကိုပေးပါတယ် ။

မိသားစုပျော်စရာဖျော်ဖြေရေးမျိုးစုံကို ပေးစွမ်းတဲ့ Uncle Buck’s အမည်ရှိ ဘိုးလင်းကစားရုံဟာ အသက်အရွယ်အားလုံးအတွက် အဆင်ပြေစေပါတယ် ။ ရေဘဝဲ၊ ရေသူမများနဲ့ အခြားပင်လယ်သတ္တဝါများစွာတို့ရဲ့ သွင်ပြင်လက္ခဏာတွေလည်း ပြသထားပါတယ် ။ ဒီ Bowling Paradise ရဲ့ အကြောင်းစုံကို Google မှာ Uncle Bucks Fish Bowl and Grill ရိုက်ရှာပြီး စုံစမ်းနိုင်ပါတယ် ။ တကယ့်ကို ပျော်စရာကောင်းတဲ့ နေရာလို့ ဆိုရမာပါဘဲ ။

JRose (Mckzone Daily)

Be the first to comment on "ငါးမန်းများ၊ ပင်လယ်သတ္တဝါများနဲ့ အတူရေအောက်ကမ္ဘာရောက်သွားသလို ခံစားစေမယ့် ခန်းနားလွန်းတဲ့ ဘိုးလင်းကစားရုံတစ်ခု"

Leave a comment

Your email address will not be published.


*