၈ႏွစ္အ႐ြယ္မွစၿပီး ပင္လယ္ျပင္မွာေနထိုင္ကာ ေက်ာက္ပုစြန္ေတြကို ဖမ္းၿပီး သူမဆုံးတဲ့အခါမွ အနားယူမယ္ဆိုတဲ့ အသက္ ၁၀၁ ႏွစ္ရွိၿပီျဖစ္တဲ့ အဖြား

Virginia “Ginny” Oliver အမည္ရွိ အမ်ိဳးသမီးဟာ သူမကို ၁၉၂၀ ခုႏွစ္ ဇြန္လ ၆ ရက္ေန႔မွာ ေမြးဖြားတဲ့ ေန႔မွစၿပီး ပင္လယ္ျပင္တစ္ခုတည္းမွာ ေနထိုင္ခဲ့တာပါ ။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူမရဲ႕ခင္ပြန္းနဲ႔ အတူေနထိုင္ၿပီး ေက်ာက္ပုစြန္ေတြကိုသာ စားသုံးျခင္းျဖင့္ ဘဝကို ျဖတ္သန္းခဲ့ပါတယ္ ။ အသက္ ၈ႏွစ္အ႐ြယ္မွာပင္ Virginia ဟာ ေလွတစ္စင္းနဲ႔ အနီးအနားက ကြၽန္းေတြမွာ ေက်ာက္ပုစြန္ေတြကို လိုက္ဖမ္းျခင္းျဖင့္ သူမရဲ႕ဖခင္ကို ကူညီခဲ့ပါတယ္ ။ ယေန႔မွာ Virginia ဟာ သမီးနဲ႔ သားသုံးေယာက္ရွိေနေပမဲ့ သူမနဲ႔ သူမရဲ႕ ၇၈ ႏွစ္အ႐ြယ္သား Max တို႔ကို လြန္ခဲ့တဲ့ ၁၅ ႏွစ္က သူမရဲ႕ခင္ပြန္းေသဆုံးၿပီးကတည္းကပင္ သူတို႔ေတြကို ျပဳစုခဲ့ရပါတယ္ ။ နက္နံခင္ ၅ နာရီ မထိုးခင္မွာ Virginia က သူမခင္ပြန္းထားခဲ့တဲ့ သေဘၤာတစ္စီးနဲ႔ ေက်ာက္ပုစြန္ရွာဖို႔ ထြက္သြားေလ့ရွိပါတယ္ ။

ပင္လယ္ျပင္မွာ ဆယ္စုႏွစ္ကိုးခုေက်ာ္ ေနလာၿပီး Virginia က ပင္လယ္စာေတြလိုက္ရွာရင္း မေတာ္တဆမႈတစ္ခု ႀကဳံခဲ့ဖူးပါတယ္ ။ ဂဏန္းက သူမရဲ႕လက္ေခ်ာင္းကို ေခါက္ၿပီး အေရးေပၚခန္းသို႔ သြားရန္လိုအပ္လာခဲ့ပါတယ္ ။ Virginia က သူမရဲ႕အ႐ိုးေတြသာမဟုတ္ရင္ သူမရဲ႕ လက္ေခ်ာင္းေတြကို ျဖတ္ရမယ္လို႔ ဆိုခဲ့ပါတယ္ ။ ယခုမွာ Virginia ဟာ အသက္ ၁၀၁ ႏွစ္ရွိေနေပမဲ့ ေက်ာက္ပုစြန္ေတြကိုသာလိုက္ရွာၿပီး သူမရဲ႕ ကေလးေတြကို အေကာင္းဆုံးအရသာနဲ႔ အၿမဲခ်က္ေကြၽးေနဆဲျဖစ္ပါတယ္ ။ သူမအနားယူဖို႔ အစီအစဥ္ရွိလားလို႔ လူေတြက ေမးတဲ့အခါမွာ အသက္ ၁၀၁ ႏွစ္ရွိၿပီျဖစ္တဲ့ Virginia က“ ငါေသတဲ့အခါမွ” လို႔ ေျဖခဲ့ပါတယ္ ။

.

.

.

.

.

.

JRose (Mckzone Daily)

Source : theepochtimes

Unicode

Virginia “Ginny” Oliver အမည်ရှိ အမျိုးသမီးဟာ သူမကို ၁၉၂၀ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မွေးဖွားတဲ့ နေ့မှစပြီး ပင်လယ်ပြင်တစ်ခုတည်းမှာ နေထိုင်ခဲ့တာပါ ။ ဆယ်စုနှစ်ပေါင်းများစွာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်းနဲ့ အတူနေထိုင်ပြီး ကျောက်ပုစွန်တွေကိုသာ စားသုံးခြင်းဖြင့် ဘဝကို ဖြတ်သန်းခဲ့ပါတယ် ။ အသက် ၈နှစ်အရွယ်မှာပင် Virginia ဟာ လှေတစ်စင်းနဲ့ အနီးအနားက ကျွန်းတွေမှာ ကျောက်ပုစွန်တွေကို လိုက်ဖမ်းခြင်းဖြင့် သူမရဲ့ဖခင်ကို ကူညီခဲ့ပါတယ် ။ ယနေ့မှာ Virginia ဟာ သမီးနဲ့ သားသုံးယောက်ရှိနေပေမဲ့ သူမနဲ့ သူမရဲ့ ၇၈ နှစ်အရွယ်သား Max တို့ကို လွန်ခဲ့တဲ့ ၁၅ နှစ်က သူမရဲ့ခင်ပွန်းသေဆုံးပြီးကတည်းကပင် သူတို့တွေကို ပြုစုခဲ့ရပါတယ် ။ နက်နံခင် ၅ နာရီ မထိုးခင်မှာ Virginia က သူမခင်ပွန်းထားခဲ့တဲ့ သင်္ဘောတစ်စီးနဲ့ ကျောက်ပုစွန်ရှာဖို့ ထွက်သွားလေ့ရှိပါတယ် ။

ပင်လယ်ပြင်မှာ ဆယ်စုနှစ်ကိုးခုကျော် နေလာပြီး Virginia က ပင်လယ်စာတွေလိုက်ရှာရင်း မတော်တဆမှုတစ်ခု ကြုံခဲ့ဖူးပါတယ် ။ ဂဏန်းက သူမရဲ့လက်ချောင်းကို ခေါက်ပြီး အရေးပေါ်ခန်းသို့ သွားရန်လိုအပ်လာခဲ့ပါတယ် ။ Virginia က သူမရဲ့အရိုးတွေသာမဟုတ်ရင် သူမရဲ့ လက်ချောင်းတွေကို ဖြတ်ရမယ်လို့ ဆိုခဲ့ပါတယ် ။ ယခုမှာ Virginia ဟာ အသက် ၁၀၁ နှစ်ရှိနေပေမဲ့ ကျောက်ပုစွန်တွေကိုသာလိုက်ရှာပြီး သူမရဲ့ ကလေးတွေကို အကောင်းဆုံးအရသာနဲ့ အမြဲချက်ကျွေးနေဆဲဖြစ်ပါတယ် ။ သူမအနားယူဖို့ အစီအစဉ်ရှိလားလို့ လူတွေက မေးတဲ့အခါမှာ အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ Virginia က“ ငါသေတဲ့အခါမှ” လို့ ဖြေခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "၈ႏွစ္အ႐ြယ္မွစၿပီး ပင္လယ္ျပင္မွာေနထိုင္ကာ ေက်ာက္ပုစြန္ေတြကို ဖမ္းၿပီး သူမဆုံးတဲ့အခါမွ အနားယူမယ္ဆိုတဲ့ အသက္ ၁၀၁ ႏွစ္ရွိၿပီျဖစ္တဲ့ အဖြား"

Leave a comment

Your email address will not be published.


*