အထူးနေ့လေးမှာ တိုက်ခန်းအိမ်ရာရှိဓာတ်လှေကားထဲမှာအဆာပြေမုန့်များနှင့် နှလုံးသားနွေးထွေးသွားစေမဲ့ စာတစ်စောင်ကို ကျန်ထားပေးခဲ့တဲ့ အိမ်နီးချင်းတစ်ဦး

စင်္ကာပူနိုင်ငံသားအချို့အတွက် အမျိုးသားနေ့ဟာ ကူးစက်ရောဂါကြောင့် တင်းကျပ်တဲ့အစီအမံများနှင့်ရှင်သန်နေရဆဲဖြစ်သောကြောင့် ၎င်းတို့အချို့ဟာ စိတ်ဓာတ်ကျဆင်းကာ စိတ်ပျက်အားလျော့နေခဲ့ရပါတယ်။အစိုးရကလည်း အမျိုးသားနေ့ချီတက်ပွဲကို ၂ ရက်သာ လှည့်လည်ရန်ကန့်သတ်ထားသဖြင့် စင်္ကာပူနိုင်ငံသားအချို့ဟာ အိမ်မှာသာ အသာလေးနေနေခဲ့ရပါတယ်။သို့ပေမဲ့ Whampoa တိုက်ခန်းအိမ်ရာရှိနေထိုင်သူတစ်ဦးဟာ ဖြစ်ပျက်ခဲ့သမျှအတွက် လူတိုင်းကို ကျေးဇူးတင်နေဆဲဖြစ်ပြီး အိမ်နီးချင်းများနှင့်ပျော်ရွှင်မှုအချို့ကို ဝေဌာရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထို့ကြောင့် အဆိုပါနေထိုင်သူတစ်ဦးဟာ အချင်းချင်းကို ကူညီရိုင်းပင်းနိုင်ဖို့အတွက် ၎င်းတိုက်ရှိဓာတ်လှေကားတစ်နေရာမှာ အဆာပြေမုန့်အချို့ကို ကျန်ထားခဲ့ပါတယ်။ထို့အပြင် ၎င်းမုန့်များနှင့်အတူ ကျန်ထားခဲ့တဲ့စာတစ်စောင်ကလည်း လူတိုင်းရဲ့နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်။

Complaint Singapore ရဲ့ Facebook group တစ်ခုတွင်အဆာပြေစားဖို့ကျန်ထားခဲ့တဲ့၎င်းမုန့်ထုပ်ရဲ့ဓာတ်ပုံတစ်ပုံကိုတင်ခဲ့သော်လည်း OP တစ်ဦးက ၎င်းကို complaint တပ်နေခဲ့ပါတယ်။

သို့ပေမဲ့ Mr Wilson Soh အမည်ရှိအမျိုးသားက သူ့အိမ်နီးချင်းလုပ်ခဲ့တဲ့အရာတွေကို ဝေမျှချင်ခဲ့ပြီး အဲဒါအတွက် အဆိုပါနေထိုင်သူကို ကျေးဇူးတင်နေခဲ့ပါတယ်။ဓာတ်ပုံထဲအရ ၎င်းတို့က mamee အဆာပြေမုန့်အိတ်ကြီးတွေနဲ့ Snickers bar လိုချိုမြိန်တဲ့အရာတွေကို ထားခဲ့တာကို တွေ့နိုင်ပါတယ်။၎င်းနေထိုင်သူဟာ စိတ်ရွှင်လန်းမှုအပြည့်ဖြင့် စာတစ်စောင်ကိုပါ ကျန်ထားခဲ့ပါတယ်။

၎င်းစာကို ဓာတ်လှေကားစီးမဲ့လူအယောက်စီတိုင်းက အဆာပြေမုန့်ထုပ်ကို ယူသွားဖို့မမေ့စေရန်နှင့် အိမ်နီးချင်းများက နှစ်သိမ့်ပေးနိုင်ရန် ရည်ရွယ်ချက်ရှိရှိကျန်ထားခဲ့ပုံရပါတယ်။

အဆိုပါနေထိုင်သူဟာ awesome ဖြစ်တဲ့သူ့ရဲ့အိမ်နီးချင်းများနှင့် အတူနေထိုင်ခွင့်ရတာကို ဂုဏ်ယူနေခဲ့ပြီး သူ သို့မဟုတ် သူမဟာ ၎င်းစာတစ်စောင်ထဲမှာ ၎င်းတို့ရဲ့အမျိုးသားနေ့သီချင်းဖြစ်တဲ့“Home” သီချင်းထဲက စာသားအချို့ကိုပါ ကိုးကားရေးသားထားခဲ့ပါတယ်။ထို့နောက် ၎င်း post ဟာ netizen များစွာရဲ့နှလုံးသားကို နွေးထွေးသွားစေခဲ့ပြီး netizen များထံမှ ကောင်းမွန်တဲ့တုံ့ပြန်ချက်များစွာကို လက်ခံရရှိခဲ့ပါတယ်။

အချို့သောလူများက ၎င်းတို့ရဲ့တိုက်ခန်းမှာတော့ ထို့ကဲ့သို့သော အိမ်နီးချင်းများမရှိဘဲ ၎င်းနေ့မှာ တစ်တိုက်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့တာကြောင့် ၎င်းတို့လည်း အဆိုပါတိုက်ခန်းအိမ်ရာသို့ ပြောင်းရွေ့သွားချင်ကြောင်း စတဲ့မှတ်ချက်များစွာကို ပြန်လည် ရေးသားဖော်ပြပေးခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : mustsharenews

Be the first to comment on "အထူးနေ့လေးမှာ တိုက်ခန်းအိမ်ရာရှိဓာတ်လှေကားထဲမှာအဆာပြေမုန့်များနှင့် နှလုံးသားနွေးထွေးသွားစေမဲ့ စာတစ်စောင်ကို ကျန်ထားပေးခဲ့တဲ့ အိမ်နီးချင်းတစ်ဦး"

Leave a comment

Your email address will not be published.


*