အသက်ရှင်ရန် လအနည်းငယ်သာလိုတော့တာကြောင့် ချစ်သူကောင်လေးကို လက်ထပ်ခဲ့လိုက်တဲ့ ကင်ဆာရောဂါရှင် အမျိုးသမီး




.

.

.

JRose (Mckzone Daily)

Source : theepochtimes

Unicode

ကင်ဆာရောဂါကို တိုက်ဖျက်နေတဲ့ Memphis အမျိုးသမီးတစ်ဦးဟာ သူမအသက်ရှင်ရန် လေးလထက်မနည်းတော့ဘူးလို့ ဆရာဝန်များကပြောသော်လည်း မကြာသေးမီက သူမဟာ အထက်တန်းကျောင်းသာရည်းစားနဲ့ လက်ထပ်ခဲ့ပါတယ် ။ အသက် ၂၀ အရွယ် Gracie Jeppsen အမည်ရှိ အမျိုးသမီးဟာ ပြင်းထန်တဲ့ ဦးနှောက်အကျိတ် ဝေဒနာကို ခံစားနေရသော်လည်း ဇွန်လ ၂၁ ရက်နေ့မှာ သူမရဲ့ ချစ်သူ Seth Madsen နဲ့ လက်ထပ်ခဲ့ပါတယ် ။lovebirds နှစ်ယောက်ဟာ နိုင်ငံခြားကျောင်းသွားတက်တဲ့အချိန် အထက်တန်းကျောင်းကတည်းက ချိန်းတွေ့ခြင်းကို စတင်ခဲ့တာပါ ။

အိမ်ပြန်ရောက်တဲ့အခါ Gracie က ပြင်းထန်တဲ့ ဦးနှောက်အကျိတ်ကို ဧပြီလ ၁ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ရက်အနည်းငယ်အကြာမှာ သူမဟာ Gracie’s social worker ဆေးရုံမှာ ကုသမှုခံယူခဲ့ပါတယ် ။ Blastoma က သူမရဲ့ ဦးခေါင်းသို့ ပြန့်သွားပြီး ပြင်းထန်တဲ့ ကျောနာကျင်မှုဖြစ်စေခဲ့တာကြောင့် အသက်ရှင်ဖို့ မကြာတော့ဘူးလို့ ဆရာဝန်က ဆိုပေမဲ့ နှစ်ဦးစလုံးက လက်ထပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ် ။

Gracie ရဲ့ မိဘများက သူတို့စုံတွဲဟာ သူတို့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ရန်နဲ့ ၎င်းတို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာပေးရန် ကူညီပေးခဲ့ပြီး ပျော်ရွှင်ခဲ့ကြရပါတယ် ။ သူမအမေ Tiffany Jeppsen က ” Gracie ရဲ့ဖခင် David Jeppsen ဟာ Seth နဲ့ သူ့သမီးက အမြဲအတူတကွနေလိုကြောင်းနဲ့ အခြေအနေများအရ မိဘများအနေနဲ့ သူတို့ရဲ့ မင်္ဂလာပွဲကို ဘယ်လိုပင်ဖြစ်စေ ပြုလုပ်ရန်လိုကြောင်း ” ပြောကြားခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အသက်ရှင်ရန် လအနည်းငယ်သာလိုတော့တာကြောင့် ချစ်သူကောင်လေးကို လက်ထပ်ခဲ့လိုက်တဲ့ ကင်ဆာရောဂါရှင် အမျိုးသမီး"

Leave a comment

Your email address will not be published.


*