ဖုန်းအလွန်အကျွံသုံးခြင်းကြောင့် Focal Seizures ရောဂါရဲ့ဝေဒနာကိုခံစားနေရတဲ့ ကောင်လေး(ရုပ်သံ)

ယနေ့ခေတ်မှာ အသေးစား electronic ကိရိယာများဖြစ်တဲ့ Smartphone များ နှင့် Tablet များကို သင်သွားလေရာတိုင်းမှာ လူတိုင်းကအသုံးပြုနေကြတာကို သင်တွေ့မိမှာပါ။အသေးစား electronic ကိရိယာများအား ကလေးများသာမက လူကြီးများလည်း အသုံးပြုရတာကိုကြိုက်နှစ်သက်ကြပါတယ်။ထိုအရာများအား အလွန်အကျွံအသုံးပြုခြင်းကို ရပ်တန့်ရန် လူအများအားသတိပေးနေပေမဲ့လည်း သတိပေးချက်များကိုသတိမပြုမိတဲ့ အခြားသူများလည်းရှိနေပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံ Gapan မြို့ရှိ Edgar Lising အမည်ရှိဖခင်တစ်ဦးဟာ ဖုန်းကိုအလွန်အကျွံအသုံးပြုခြင်းကြောင့် Focal Seizures ရောဂါတစ်မျိုးကို ခံစားနေရတဲ့ Nathan အမည်ရှိသားဖြစ်သူရဲ့ ဓာတ်ပုံများနှင့်ဗီဒီယိုများကို မကြာသေးမီက ပြန်လည်မျှဝေပေးခဲ့ပါတယ်။

.

သူ့ရဲ့သားဟာ Seizures ဝေဒနာများကြောင့် သူ့မျက်လုံးများ၊ ပါးစပ်နှင့်သူ့မျက်နှာအစိတ်အပိုင်းများဟာ ရံဖန်ရံခါမှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေ့ရှိပြီး ၎င်းက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲတဲ့အရာဖြစ်စေခဲ့ပါတယ်။

ထိုအခြေအနေများကြောင့် Nathan ဟာ မသက်မသာစွာ ခံစားနေရပါတယ်။ဖခင် Edgar ဟာ Nathanကို ဆေးရုံသို့ခေါ်သွားပြီး သူ့အခြေအနေကိုစစ်ဆေးရန် စမ်းသပ်မှုများဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် Nathan ရဲ့အခြေအနေက အနည်းငယ်သက်သာလာခဲ့ပြီး အိမ်ပြန်ခွင့်ရခဲ့ပေမဲ့လည်း သူ့မျက်လုံးများမှာ ဆက်လက်မှိတ်တုတ်မှိတ်တုတ်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

Nathan ရဲ့ EEG နှင့် CT SCAN ရလဒ်များက ပုံမှန်ဖြစ်ပေမဲ့လည်း Seizures ဝေဒနာခံစားနေရခြင်းက မပျောက်သေးတာကြောင့် ဖခင် Edgar ဟာလည်း ဘာလုပ်ပေးရမှန်းမသိတော့တာကြောင့် အခြားလူများရဲ့အကူအညီကို မေးမြန်းတောင်းခံခဲ့ပါတယ်။

.

လူအများစုကလည်း ကလေးအတွက်အကောင်းဆုံးဆေးရုံများကို ညွှန်းပေးခဲ့ကြပါတယ်။ထို့ကြောင့် နောက်ဆုံးမှာ Edgar က သား Nathan ကို St. Luke’s Medical Center သို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့ပြီး Nathan ရဲ့စစ်ဆေးချက်အရ Nathanဟာ Seizures ဝေဒနာခံစားနေရဆဲဖြစ်ပေမဲ့လည်း ယခုအချိန်မှာ ကောင်လေးက ပိုမိုကောင်းမွန်လာနေပြီဖြစ်ကြောင်း သက်ဆိုင်ရာဆရာဝန်များက ဖြေကြားပေးခဲ့ပါတယ်။ဒီအရာက အခြားမိဘများအား သတိပေးတဲ့အရာဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မိဘများအနေနဲ့လည်း သင့်ရဲ့ကလေးများအား အသေးစား electronic ကိရိယာများအသုံးပြုခြင်းကို အလွန်အကျွံမဖြစ်သွားစေဖို့ အတတ်နိုင်ဆုံး တားမြစ်ဖို့ မမေ့ကြပါနဲ့ဗျာ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "ဖုန်းအလွန်အကျွံသုံးခြင်းကြောင့် Focal Seizures ရောဂါရဲ့ဝေဒနာကိုခံစားနေရတဲ့ ကောင်လေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*