မိသားစုအတွက် သရက်သီးတွေရောင်းပြီး ရုန်းကန်နေရတဲ့ကလေးငယ်ရဲ့ သစ်သီးတွေကို ပိုက်ဆံမပေးဘဲ ယူသွားခဲ့တဲ့ အစောင့်တစ်ဦး



JRose (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်နိုင်ငံမှာ ဝမ်းနည်းစရာဖြစ်ရပ်မှန်တစ်ခုက မိသားစုများစွာ ဆင်းရဲလွန်းလို့ ကလေးတွေ ကျောင်းမတက်နိုင်တာတို့၊ တခါတလေမှာ သူတို့စားဖို့အတွက် ငယ်စဥ်ကပင် ငွေရှာနေရပါပြီ ။ မကြာသေးမီက ကလေးငယ်ရဲ့ဓာတ်ပုံကို အင်တာနက်ပေါ်တင်ခဲ့တဲ့ Januarie Sinnung Calzado က ဖြန့်ဝေပြီးနောက် ထိုလူငယ်လေးရဲ့ ဓာတ်ပုံဟာ ပြန့်နှံ့သွားခဲ့ပါတယ် ။ Calzado ရဲ့အဆိုအရ ထိုကောင်လေးဟာ ကျောင်းမသွားရတဲ့အတွက် သစ်သီးတွေရောင်းဖို့ အာဏာပိုင်ရုံးကို နေ့တိုင်းသွားခဲ့ပါတယ် ။ အဲဒီအစား သူက သူ့မိသားစုကိုကူညီဖို့ သစ်သီးရောင်းခြင်းဖြင့် နေ့တွေ ကုန်ဆုံးခဲ့ပါတယ် ။ တစ်နေ့တော့ ကလေးက ငိုယိုနေခဲ့ပြီး Calzado နဲ့ သူမရဲ့ အရာရှိများက ကလေးကို စိုးရိမ်စိတ်နဲ့ ဘာဖြစ်တာလဲလို့ မေးလိုက်ပါတယ် ။

ကောင်လေးရဲ့ဖြေကြားချက်အရ ပုဂ္ဂလိကအစောင့်တစ်ဦး သူ့ရဲ့ သရက်သီးအထုပ် လေးထုပ်ကို ငွေမပေးဘဲ ဒီတိုင်းဘဲယူသွားလိုက်တယ်လို့ဆိုပါတယ် ။ သရက်သီးလေးထုပ်ဆုံးရှုံးသွားတဲ့အတွက် ကလေးက ငိုနေခဲ့တာပါ ။ သူက ထိုသရက်သီးများတွင် သူဆုံးရှုံးခဲ့တဲ့ ငွေကိုထုတ်ဖော်မပြောသော်လည်း သူ့မိသားစုအတွက် စားနပ်ရိက္ခာရရှိရန် အစွမ်းကုန်ကြိုးစားနေရတဲ့ ထိုလူငယ်လေးအတွက် ကြီးမားတဲ့ ပမာဏ ဖြစ်နေပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "မိသားစုအတွက် သရက်သီးတွေရောင်းပြီး ရုန်းကန်နေရတဲ့ကလေးငယ်ရဲ့ သစ်သီးတွေကို ပိုက်ဆံမပေးဘဲ ယူသွားခဲ့တဲ့ အစောင့်တစ်ဦး"

Leave a comment

Your email address will not be published.


*