ကျောင်းသားနှစ်ဦးက နှင်းမုန်တိုင်းကြားမှ သူ့အားကူညီပေးခဲ့ပြီးနောက် ၎င်းအထက်တန်းကျောင်းသို့ ဒေါ်လာ ၁၀,၀၀၀ ကိုပြန်လည်လှူဒါန်းပေးခဲ့တဲ့ အိမ်ခြေရာမဲ့အမျိုးသား

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်ခြေမဲ့အမျိုးသားတစ်ဦးဟာ ဆောင်းရာသီမှာ အင်္ကျီထူမပါဘဲ နှင်းမုန်တိုင်းကြောင့် အပြင်ဘက်မှာ ပိတ်မိနေခဲ့ပါတယ်။သူ့အ၀တ်များဟာ စိုစွတ်နေပြီးသူဟာ အလွန်အေးနေခဲ့ပလတယ်။ထိုလိုအချိန်မှာ အထက်တန်းကျောင်းသားနှစ်ယောက်ဖြစ်တဲ့ Ryan Kodat နဲ့ Luke Arnold တို့ဟာ သနားစရာကောင်းတဲ့သူ့ကိုတွေ့သွားခဲ့ပြီး ကူညီပေးနိုင်ရန် သူ့အားစကားလာပြောခဲ့ကြပါတယ်။အဆိုပါအိမ်ခြေမဲ့အမျိုးသားကဘယ်လောက်အေးသလဲဆိုတာကို သူတို့သတိထားမိတဲ့အတွက် သူတို့ဟာ သူ့အားစိုစွတ်နေတဲ့အဝတ်အစားကို ချွတ်စေကာ ခြောက်သွေ့တဲ့အဝတ်အစားများကို ပေးကမ်းခဲ့ကြပါတယ်။

။ကျောင်းသားနှစ်ဦးက အဆိုပါအိမ်ခြေမဲ့အမျိုးသားအား အတူတူနေနေတဲ့မိသားစုရှိလားလို့မေးတော့ ထိုသူက Illinois ပြည်နယ် Springfieldမြို့အနီးမှာ ဖျားနာနေတဲ့ဖခင်တစ်ဦးရှိတာကို သိခဲ့ရပါတယ်။ထို့နောက် ကျောင်းသားများဟာ အိမ်ခြေမဲ့အမျိုးသားအား ဖျားနာနေတဲ့ဖခင်နှင့်အတူနေနိုင်ဖို့ အိမ်သို့ ရထားစီးရန် ငွေအလုံအလောက်ပေးခဲ့ပါတယ်။

အိုးမဲ့အိမ်မဲ့လူတစ်ယောက်တကယ်ရုန်းကန်နေရတဲ့အချိန်မှာ ကျောင်းသားနှစ်ဦးတို့ရဲ့ကြင်နာမှုက သူ့နှလုံးသားထဲမှာ ထာဝစဉ်တည်နေမယ့်အရာတစ်ခုပါဘဲ။နှစ်ပေါင်းများစွာကြာပြီးနောက် Illinoisပြည်နယ် Dwight မြို့ရှိ Dwight အထက်တန်းကျောင်းဟာ အအေးဒဏ်များကြားမှအိမ်ခြေမဲ့သူစိမ်းတစ်ဦးကို ကူညီပေးခဲ့ကြတဲ့ ကျောင်းသားနှစ်ဦးအား ကြင်နာစွာဖြင့် ကျေးဇူးအထူးတင်တဲ့စာတစ်စောင်နှင့်အတူ ကျောင်းအတွက် လှူဒါန်းငွေ ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံရရှိခဲ့ရပါတယ်။

။ကျောင်းသားနှစ်ဦးရဲ့အိမ်ခြေရာမဲ့တစ်ဦးအပေါ်ကြင်နာပေးခဲ့မှုက အခုလိုအကျိုးသက်ရောက်သွားခဲ့ရတာကြောင့် ကျောင်းရဲ့သက်ဆိုင်သူများက အံ့ဩနေခဲ့ရပါတယ်။ထို့နောက် ၎င်းတို့ဟာ အဆိုပါအိမ်ခြေမဲ့အမျိုးသားအား စုံစမ်းကြည့်တဲ့အခါ အရင်က အဆိုပါအိမ်ခြေမဲ့ဟာ အဖေဖြစ်သူရဲ့အမွေကို ဆက်ခံဖို့ California သို့ရွေ့ပြောင်းလာပြီး သူဟာ အေးခဲလွန်းတဲ့ရာသီဥတုကြားမှ သူ့အား ကူညီပေးခဲ့တဲ့ကျောင်းသားနှစ်ဦးရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့ထားခဲ့ပါဘူး။

ကျောင်းအုပ်ကြီး Richard Jancek ကလည်း ကျောင်းသားနှစ်ဦးအားချီးမွမ်းရန် ရုံးခန်းသို့ခေါ်တွေ့ခဲ့ပြီး သူတို့ရဲ့လှူဒါန်းမှုကို ၎င်းတို့ရဲ့ကျောင်း၌စဉ်ဆက်မပြတ်တဲ့ကြင်နာမှုတစ်ခုကိုပြုလုပ်ရာမှာသုံးရန် ဆုံးဖြတ်ခဲ့ပါတယ်။

။ကျောင်းအုပ်ကြီးက ထိုသို့ပြုလုပ်ရာမှာ ၎င်းကျောင်းသားနှစ်ဦးတို့ရဲ့နာမည်များကို ထည့်ရေးရန်လုပ်ခဲ့ပေမဲ့ အဆိုပါကျောင်းသားများက “ကျွန်တော်တို့နာမည်ကို ထည့်ရေးစရာမလိုပါဘူး ၊ဆုရဖို့မဟုတ်ဘဲ လုပ်သင့်တဲ့အရာဖြစ်လို့ကျွန်တော်တို့ ဒါကိုလုပ်ခဲ့တာပါ ၊မနက်ဖြန်မှာလည်း ဒီလိုပဲဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့က အဲ့ဒီလိုဘဲ ထပ်လုပ်သွားမှာပါ” ဟု ဆိုခဲ့ကြပါတယ်။

ကြင်နာတဲ့မေတ္တာတရားဟာ ကိုယ့်ပေးဆပ်တိုင်း ကိုယ်ပေါ်တန်ပြန်သက်ရောက်တတ်တဲ့အရာပါ။အဆိုပါအိမ်ခြေရာမဲ့အမျိုးသားက ကျောင်းသားနှစ်ဦးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်း ချမ်းသာကြွယ်ဝတဲ့သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပုံရပါတယ်ဗျာ။

Mia (Mckzone Daily)

Source : understandingcompassion

Be the first to comment on "ကျောင်းသားနှစ်ဦးက နှင်းမုန်တိုင်းကြားမှ သူ့အားကူညီပေးခဲ့ပြီးနောက် ၎င်းအထက်တန်းကျောင်းသို့ ဒေါ်လာ ၁၀,၀၀၀ ကိုပြန်လည်လှူဒါန်းပေးခဲ့တဲ့ အိမ်ခြေရာမဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*