ဖောက်သည်တစ်ဦးရဲ့ဆံပင်ကို ထူးခြားဆန်းပြားသွားအောင်ညှပ်ပေးဖို့ မီးကို အသုံးပြုပြခဲ့တဲ့ ဆံပင်ညှပ်ဆရာတစ်ဦး

တူရကီနိုင်ငံ၊ Istanbul မြို့ရှိ Kapsalon hair salon ရဲ့ဆိုင်ပိုင်ရှင် Kadir Demirel ဟာ သူ့ရဲ့ဖောက်သည်များအား ကပ်ကြေးဖြင့် ဆံပင်မညှပ်ပေးဘဲ မီးမွှေးစေတဲ့အရည်ကို ဖြန်းပြီး ဆံပင်ကိုမီးရှို့ကာ ပုံသွင်းပေးလိုက်ခြင်းဖြင့် လူများစွာအား အံ့အားသင့်စေခဲ့ပါတယ်။ဒီအထူးဆံပင်ညှပ်ဆိုင်မှာရိုက်ကူးထားတဲ့ဗီဒီယိုမှာ Kadir ဟာ မှန်နှင့်မျက်နှာချင်းဆိုင်နေတဲ့သူ့ဖောက်သည်ရဲ့ဆံပင်ကို ဖြီးပေးရင်း ၎င်းရဲ့ခေါင်းနှင့်ဆံပင်ကို မီးစွဲသွားအောင် လုပ်နေခဲ့ပါတယ်။

.

“ဆံပင်ညှပ်ဆရာတစ်ယောက်အဖြစ် သင်တန်းတက်တုန်းက ဒီနည်းပညာကို ကျွန်တော်သင်ယူခဲ့ရတယ်၊ အရင်တုန်းက ဆံပင်အခြောက်ခံစက်မရှိတာကြောင့် ဆံပင်ကို ဒီနည်းနဲ့အခြောက်ခံပြီး စတိုင်လ်ကျအောင် လုပ်ရတယ် ၊ ကဲ မကြောက်မလန့်ဘဲ ကျွန်တော့်ကို ယုံကြည်ပြီးကိုင်တွယ်ခွင့်ပေးလိုက်ပါ ။

.

ဒီနည်းလမ်းက ကျန်းမာတဲ့ဆံပင်တွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး ၊ အခြားလူတွေကို စနစ်တကျလေ့ကျင့်မှုတွေမရှိသေးရင်တော့ ဒီနည်းလမ်းကို မစမ်းကြည့်ဖို့ ကျွန်တော် အကြံပေးချင်တယ်” ဟု အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kadir က ထို့ကဲ့သို့ ပြောကြားခဲ့ပါတယ်။

.

ထို့အပြင် ဆံပင်ညှပ်ဆရာက ၎င်းတို့ရဲ့ဦးခေါင်းကို မီးလောင်လွယ်တဲ့ရေဖြင့် အကြိမ်ကြိမ်ပက်ဖြန်းပြီး ပုံဖော်ပေးနေချိန်မှာ သူ့ရဲ့ဖောက်သည်တွေကလည်း သူ့တို့ခေါင်းပေါ်မှာ မီးတွေလောင်နေတာကိုတောင်ဂရုမစိုက်ဘဲ စိတ်အေးလက်အေးဖြင့်ခုံပေါ်ထိုင်နေကြတုန်းပါဘဲ။ဆံပင်ညှပ်ဆရာရဲ့အဆိုအရ သူ့ရဲ့ဖောက်သည်အများစုဟာ ၎င်းအထူးဆံပင်ညှပ်နည်းကို စမ်းကြည့်ဖို့ကို နည်းနည်းလေးမှမကြောက်ကြပါဘူး။

.

တကယ်တမ်းကျ ၎င်းဆံပင်ညှပ်တဲ့နည်းဟာ သူ့ဆိုင်ကို လူပိုများလာစေခဲ့ပြီး သူ့ဆိုင်ရဲ့ထူးခြားတဲ့အချက်တစ်ခုအဖြစ် ဖြစ်လာစေခဲ့ပါတယ်။“ ငါ့ရဲ့ဖောက်သည်တွေက ငါ့ကိုယုံကြည်ကြလို့ ဒီနည်းနဲ့ဆံပင်ညှပ်ဖို့ကို မကြောက်ကြဘူး၊ ဒါ့အပြင် ဒီဆံပင်ညှပ်ခြင်းရဲ့အထူးနည်းလမ်းက နာကျင်မှုလည်းမရှိပါဘူး၊ ၇ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးနှစ်ယောက်ကို ငါ ဒီနည်းနဲ့ ဆံပင်ညှပ်ပေးခဲ့ပြီးပြီ ၊ ငါ့အလုပ်ကထူးခြားလို့ ငါ့အလုပ်ကို ငါချစ်တယ် ၊ ဒီထူးခြားတဲ့ဆံပင်ညှပ်နည်းကို အခြားဆံပင်ညှပ်ဆရာတွေကိုလည်း ပြန်လည်သင်ကြားပေးဖို့ ငါဆန္ဒရှိနေပါတယ်” ဟု Kadir က ထပ်မံပြောကြားခဲ့ပါသေးတယ်။ဆံပင်ကို မီးနဲ့ညှပ်တယ်ဆိုတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့နည်းလမ်းလို့ဘဲ ဆိုရမှာပါဗျာ။

Mia (Mckzone Daily)

Source : everytruenews24

Be the first to comment on "ဖောက်သည်တစ်ဦးရဲ့ဆံပင်ကို ထူးခြားဆန်းပြားသွားအောင်ညှပ်ပေးဖို့ မီးကို အသုံးပြုပြခဲ့တဲ့ ဆံပင်ညှပ်ဆရာတစ်ဦး"

Leave a comment

Your email address will not be published.


*