ရယ်စရာကောင်းတဲ့လူတစ်ဦးရဲ့ joke post တစ်ခုကြောင့် လူသိများကျော်ကြားလာခဲ့တဲ့ အလွန်ကိုချောမောလှပတဲ့မြေပဲရောင်းသူမလေးတစ်ဦး

Dale Camus အမည်ရှိ netizen တစ်ဦးဟာ တစ်နေ့မှာ အလွန်ချောမောလှပတဲ့မြေပဲရောင်းသူမိန်းကလေးတစ်ဦးကိုမြင်လိုက်တဲ့အခါ Dale ဟာ သူမအားချက်ချင်းစကားသွားပြောခဲ့ပြီး သူက သူမဟာ အမှန်တကယ်ဈေးသည်တစ်ဦးမဟုတ်ဘဲ gorgeous popcorn vendor girl အဖွဲ့မှ Pampanga အမည်ရှိမိန်းကလေးလုပ်ခဲ့သလို ၎င်းဈေးဆိုင်မှာ ရောင်းသူပိုများလာစေရန် ကူညီပေးတဲ့သူတစ်ဦးသာ ဖြစ်မယ်လို့သာ တွေးထင်နေခဲ့ပါတယ်။

.

Dale ရဲ့အဆိုအရ အဆိုပါလှပတဲ့မိန်းကလေးက သူမဟာ အာရုံစိုက်ခံရဖို့ အစားအသောက်လှည်းတန်းမှာ ဓာတ်ပုံလာရိုက်တဲ့သူမဟုတ်ဘဲ တကယ့်မြေပဲဈေးသည်မတစ်ဦးဖြစ်ကြောင်း သူမကိုယ်တိုင် အတည်ပြုပြောကြားခဲ့ပါတယ်။ထို့နောက် Dale က သူမအား ဖိလစ်ပိုင်နိုင်ငံရဲ့ Technological University ရဲ့ဘေးမှာရှိတဲ့ Dasmariñasမြို့ Salawag ရပ်ကွယ်ရဲ့ဈေးမှာ ရှာနိုင်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

.

ထို့အပြင် Dale က အဆိုပါမြေပဲရောင်းသူလေးဟာ အလွန်ရှက်တတ်သော်လည်း သူ့ကို ဓာတ်ပုံရိုက်ခွင့်ပေးခဲ့ပြီး နောက်တစ်ကြိမ် သူမထံမြေပဲဝယ်ဖို့ လာလည်ရင်း သူက ဓာတ်ပုံဆရာတစ်ဦးကိုပါ ခေါ်လာခဲ့မယ်လို့ သူမအား ပြောကြားခဲ့ပါတယ်။သို့သော် အဆိုပါမြေပဲရောင်းသူလေးက အလွန်ချောမောလှပနေပေမဲ့ Dale ရဲ့ သူမအား social media ပေါ် မိတ်ဆက်ပေးခဲ့တဲ့ပုံစံက အင်တာနက်အသုံးပြုသူများစွာအား ပို၍ပင် ရယ်မောသွားစေခဲ့ပါတယ်။

.

Dale ဟာ သူ့ရဲ့အိမ်ရှိဇနီးသည်က သူ့ရဲ့ အဆိုပါမြေပဲရောင်းသူလေးရဲ့ post ကို တွေ့သွားခဲ့ပြီး မကြာခင်မှာ သူ့ကို တစ်ခုခုလုပ်တော့မှာဖြစ်တာကြောင့် သူက အဆိုပါမြေပဲရောင်းသူလေးရဲ့တည်နေရာကို သူ့ရဲ့Facebook ထဲရှိသူငယ်ချင်းများအား အမြန်ပြောပြလိုက်ရကြောင်း ထို့ကဲ့သို့ နောက်ပြောင်ခဲ့ပါတယ်။

.

သို့ပေမဲ့ Dale ဟာ ၎င်း post ကို ရေးနေတဲ့အချိန်မှာ ဇနီးဖြစ်သူက ရောက်ချလာပြီးနောက် သူ့ဟာ လျင်မြန်စွာ သူ့ရဲ့ laptopကို ခေါင်းပေါ်ရွက်ထားလိုက်ရတာမို့ သူ့ရဲ့ post ရှိစာရဲ့အဆုံးသတ်က “ asdadasdasd**asdascasdasdfasdasd sendhelp 888asdasdasdasdass ” ထိုကဲ့သို့ ဖြစ်သွားခဲ့ရကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။တကယ်လည်း အဆိုပါမြေပဲသည်မလေးဟာ အလွန်ကို ချောမောလှပပါတယ်။Dale ရဲ့အဖြစ်ကတော့ မိန်းမရှိတဲ့အချို့သောလူတွေနဲ့ အဖြစ်ချင်းတူနေသလိုလိုပါဘဲဗျာ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "ရယ်စရာကောင်းတဲ့လူတစ်ဦးရဲ့ joke post တစ်ခုကြောင့် လူသိများကျော်ကြားလာခဲ့တဲ့ အလွန်ကိုချောမောလှပတဲ့မြေပဲရောင်းသူမလေးတစ်ဦး"

Leave a comment

Your email address will not be published.


*