ထူးချွန်တဲ့ကာယဗလသမားတစ်ဦးဖြစ်ပြီး ၄၀ နှစ်အရွယ်လို့တောင် ထင်မိစေတဲ့ ရုပ်ရည်နဲ့ အသက် ၆၉ နှစ် အဘိုးအို(ရုပ်သံ)

အသက် ၆၀ နဲ့အထက်လူများကို ‘သက်ကြီးရွယ်အိုများ’ လို့ လူတွေက သတ်မှတ်ကြတာပါ ။ လူများစွာအတွက် အသက်ကြီးခြင်းဟာ ဖြည်းဖြည်းခြင်းအိုမင်းရင့်ရော်ပြီး အားနည်းတဲ့ခန္ဓာကိုယ်ရှိခြင်းလို့ သိထားကြပါတယ် ။ သို့သော် တရုတ်ပြည်မှ အဘိုးအိုတစ်ဦးဟာ ထိုအရာက အမြဲတမ်းမဟုတ်ကြောင်း သက်သေပြလာခဲ့ပါတယ် ။ အသက် ၆၉ နှစ် Xinmin Yang အမည်ရှိ အဘိုး နဲ့ တွေ့ဆုံပြီး သူဟာ သူ့ အသက်က ၄၀ ကျော်၊ ၃၀ နှောင်းပိုင်းအထိပင် ဖြစ်နိုင်တယ်လို့ ထင်စေမယ့်အလွန်ကောင်းမွန်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပါတယ် ။ အသက်ကြီးသော်လည်းငယ် ရွယ်နုပျိုတဲ့အဘိုးအိုကို တရုတ်ကြံ့ခိုင်ရေးမီဒီယာကုမ္ပဏီ Change Production က မကြာသေးမီက ပြသခဲ့ပါတယ် ။

.

ကုမ္ပဏီက“ စစ်မှန်ထင်ပေါ်ကျော်ကြားပြီးစွဲမက်ဖွယ်ကောင်းတဲ့ အနောက်တိုင်းကြံ့ခိုင်ရေးယဉ်ကျေးမှုကို တရုတ်လူငယ်များသို့ ရည်ရွယ်တယ်” လို့ ယူဆသော်လည်း သက်ကြီးရွယ်အိုများပင် ထိုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် လူငယ်များကို အနည်းငယ်မနာလိုဖြစ်စေပါတယ် ။

.

သို့သော် Xinmin က ကာယဗလလေ့ကျင့်ခန်းလောကမှာ အသစ်အဆန်းမဟုတ်ခဲ့ပါဘူး ။ သူက သူ့ရဲ့ အသက်အရွယ်မှာ ကာယဗလသမားတစ်ဦးဖြစ်ရုံသာမကဘဲ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အမျိုးသားကာယဗလချန်ပီယံပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရသူလည်းဖြစ်ပါတယ် ။

.

လူများစွာမသိတဲ့အရာက ကာယဗလလေ့ကျင့်ခြင်းကို ၁၉၅၃ ခုနှစ်ကတည်းက တရုတ်မှာ တားမြစ်ပိတ်ပင်ထားတာကြောင့် ဖြစ်ပါတယ် ။ သို့သော် ၁၉၈၃ ခုနှစ်မှာ တားမြစ်ချက်ကိုရုပ်သိမ်းပြီးနောက် လူများစွာက ကာယဗလလေ့ကျင့်ခြင်းကို နှစ်သက်ခဲ့ကြတာပါ ။

.

“ နှစ်တွေတစ်လျှောက်မှာ ကာယဗလလေ့ကျင့်ခဲ့လို့ ငါကျန်းမာတဲ့ဘဝကိုရခဲ့တယ်။ ဒါကြောင့်ကာယဗလလေ့ကျင့်မှုမှာ ငါအောင်မြင်ခဲ့တယ်။ အဲဒါကြောင့် လူများစွာကိုလည်း ကာယဗလလေ့ကျင့်ရေးမှာ ပါဝင်စေချင်တယ် ” လို့ Xinmin က ဗီဒီယိုမှာ ကြေငြာခဲ့ပါတယ် ။

.

သူက ငယ်ရွယ်စဉ်ကပင် တင်းကြပ်တဲ့ အစားအသောက်အစီအစဉ်ကို မှီဝဲခဲ့တယ်လို့လည်း သူက ထုတ်ဖော်ခဲ့ပါတယ် ။ “ မနက်စာအတွက် ငါပုံမှန်ဆို ခရမ်းချဉ်သီး၊ သခွားသီး၊ အုတ်ဂျုံ၊ ကြက်ဥနဲ့ကြက်ရင်အုံအချို့ကို စားလေ့ရှိတယ်။ ငါဒီလိုစားလာတာ ၁၀ နှစ်နီးပါးရှိပြီ” လို့ ကာယဗလမောင်က ပြောပြလာပါတယ် ။ လူအတော်များများက Xinmin ပြောတဲ့ အစားအစာနည်းကို တကယ်မယုံကြပါဘူး ။

ယနေ့သူက ကာယဗလသမားတစ်ဦးသာမဟုတ်ဘဲ သူက ကျန်းမာတဲ့ အားကစားကို ခံစားရန်အခြားသူများကို လေ့ကျင့်ပေးနေပါပြီ ။ သူ့မိန်းမတောင်မှ သူ့တပည့်တစ်ယောက်ဖြစ်နေတာပါ ။

Jasmine (Mckzone Daily)

Source : rachfeed

Be the first to comment on "ထူးချွန်တဲ့ကာယဗလသမားတစ်ဦးဖြစ်ပြီး ၄၀ နှစ်အရွယ်လို့တောင် ထင်မိစေတဲ့ ရုပ်ရည်နဲ့ အသက် ၆၉ နှစ် အဘိုးအို(ရုပ်သံ)"

Leave a comment

Your email address will not be published.


*