၈နှစ်အရွယ်မြေးလေးကို ထောက်ပံ့ဖို့ ညတိုင်းလိုလို လမ်းဘေးတစ်နေရာမှာ သရေစာမုန့်မျိုးစုံကို ရောင်းချနေတဲ့ ၈၂အရွယ်အဘွားတစ်ဦး

အသက် ၈၂ နှစ်အရွယ် Nanay Gloria Tupas အမည်ရှိအဘွားတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Muntinlupaမြို့ မြို့လယ်Alabangရပ်ကွက်ရှိ HSBC တိုက်ရဲ့အရှေ့ဘက်ရှိ လျှောက်လမ်းဘေးတစ်နေရာမှာ တန်ဖိုးနည်းတဲ့သရေစာမုန့်မျိုးစုံကို ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပါတယ်။အသက်ကြီးပြီဖြစ်တဲ့ အဘွား Nanay က သူမမှာ အလုပ်အတွက် ရွေးချယ်စရာမရှိတော့တာကြောင့် ဒီအလုပ်ကိုသာလုပ်ကိုင်ခဲ့ပြီး အိမ်မှာရှိတဲ့ ၈ နှစ်အရွယ်မြေးလေးကိုပါ ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

အဘွား Nanay ရဲ့အခက်အခဲများကို Kring Man အမည်ရှိ Netizen တစ်ဦးက သူမရဲ့social media account မှာ မျှဝေထားခဲ့ကာ အဘွားက အမြဲပုံမှန် အဲ့ဒီနေရာမှာဘဲရှိပြီး လူအများအား သွားရောက်ဝယ်စားပေးကြဖို့မှာခဲ့ပါတယ်။အဘွား Nanay ဟာ ညတိုင်း ညနေခင်း ၆ နာရီမှ ၁၀ နာရီထိ သို့မဟုတ် အချို့သောအခက်အခဲကိစ္စများကြောင့် ၎င်းနေရာမှာ နောက်ကျတဲ့အထိ ဈေးရောင်းတတ်ပါသေးတယ်။

အဘွားဟာ အဲ့ဒီနေရာမှာဈေးမရောင်းရတဲ့နေ့တွေလည်းရှိပါတယ်။အဘွား Nanay က အသကကြီးလာတာနဲ့အမျှ ပင်ပန်းလာတတ်တာကြောင့် တစ်ခါတစ်ရံ ဈေးရောင်းရင်းနဲ့လည်း အနားယူဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

အဘွား Nanay ရဲ့ဈေးခြင်းတောင်းများက လေးလံတာကြောင့် Paliparan ရပ်ကွက်သို့သွားတဲ့လမ်းကြောင်းရှိကြင်နာတဲ့ van ကားသမားများထံမှ ကားကြုံလိုက်စီးခြင်းဖြင့် သူမဟာ မကြာခဏအကူအညီရယူတတ်ပါတယ်။

ကြင်နာတဲ့ van ကားသမားများကလည်း အဘွားကို မကြာခဏစီးနင်းခွင့်ပေးခဲ့ပြီး လေးလံတဲ့ပစ္စည်းများကို သူမရဲ့ဈေးရောင်းလေ့ရှိရာနေရာအထိ သယ်သွားပြီး ကူညီပေးခဲ့ကြပါတယ်။သူမမှာ အနားယူရတဲ့အချိန်များစွာရှိနေပေမယ့်လည်း ညတိုင်းလိုလို ၎င်းနေရာသို့ ဈေးသွားရောင်းခြင်းက သက်ကြီးရွယ်အို အဘွားတစ်ယောက်ရဲ့ပျော့ညံ့တဲ့ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။

အဘွား Nanay က သူမမှာ စတိုးဆိုင်လေးတစ်ဆိုင် နဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှိဖို့ကို မျှော်လင့်ထားကြောင်း ဆိုခဲ့ပါတယ်။သူမအနေနဲ့ အဘွား Nanay ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ခက်ခဲ​ပေမဲ့လည်း အဘွားရဲ့ဈေးရောင်းတဲ့အနီးအနားမှာ နေစရာအိမ်တစ်လုံးကိုရှာပေးနိုင်လိမ့်မယ်လို့ Kring က မျှော်လင့်နေပါတယ်။

.

ထို့နောက် Netizen များစွာက သူမရဲ့ဆန္ဒမကြာမီပြည့်လာရန် မျှော်လင့်နေခဲ့ကြပြီး အချို့ကလည်း ဆင်းရဲနွမ်းပါးသူများကိုအလေးပေးတဲ့ Kapuso Mo, Jessica Soho နှင့် Raffy Tulfo စတဲ့တက်ကြွလှုပ်ရှားမှုများကို Tag တွဲပြီးပြရင်တော့ သူမရဲ့ဆန္ဒက မကြာခင် ခနလေးအတွင်းမှာဘဲ ပြည့်သွားလိမ့်မယ်လို့လည်း အကြံကောင်းများပေးသွားခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "၈နှစ်အရွယ်မြေးလေးကို ထောက်ပံ့ဖို့ ညတိုင်းလိုလို လမ်းဘေးတစ်နေရာမှာ သရေစာမုန့်မျိုးစုံကို ရောင်းချနေတဲ့ ၈၂အရွယ်အဘွားတစ်ဦး"

Leave a comment

Your email address will not be published.


*