အစားအစာများအတွက်ပေးချေဖို့ငွေမရှိတာကြောင့် အမှိုက်ပုံးများကိုသာလိုက်လံဖွင့်ကာ အစာရှာနေခဲ့ကြရတဲ့ ညီအစ်ကိုနှစ်ဦး

Malaysia နိုင်ငံ Terengganu ပြည်နယ် Dungun ခရိုင်မှာနေထိုင်တဲ့ အသက် (၃၅) နှစ်အရွယ် Mardinah Dabe Martin အမည်ရှိ ကလေးလေးယောက်အမေတစ်ဦးဟာ လွန်ခဲ့တဲ့ ၃ လက သူမခင်ပွန်းနဲ့ကွာရှင်းခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူက Mardinah နဲ့ ၎င်းတို့ရဲ့ကလေးလေးယောက်ကို ထောက်ပံ့မှုမပေးခဲ့ပါဘူး။ဝမ်းနည်းစရာကောင်းတာက Mardinah ရဲ့အသက် ၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးနှစ်ယောက်က အငြိမ်မနေဘဲလက်ဆော့တတ်တဲ့အရွယ်ရောက်နေပြီး သူတို့ကို အိမ်မှာမထားခဲ့နိုင်တာကြောင့် Mardinah ဟာ အချိန်ပြည့်အလုပ်မလုပ်နိုင်ခဲ့ပါဘူး။

အကြီးဖြစ်တဲ့အသက် ၁၀ နှစ် နှင့် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက်က အနည်းငယ်စိတ်ချရတဲ့အရွယ်ရောက်ပေမဲ့လည်း သူတို့ဟာ ကျောင်းရဲ့အပြင်ဘက်ရှိအမှိုက်ပုံးများကိုဖွင့်ပြီး အစာရှာနေခဲ့ကြတာကြောင့် မကြာသေးခင်ကဘဲ အဖမ်းခံလိုက်ကြရခဲ့ပါတယ်။

Mardinah ရဲ့အိမ်နီးချင်းများက “ သူမကလေးတွေကို အိမ်နဲ့ဝေးတဲ့နေရာတစ်ခုမှာ ကျောင်းထားပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမရဲ့ကလေးတွေကို ကျောင်းပို့ဖို့ သူမမှာ ကားမရှိသလို ကားရှိရင်လည်း မောင်းဖို့လိုင်စင်မရှိပါဘူး” လို့ ဆိုခဲ့ကြပါတယ်။

သို့ပေမဲ့ သူမအိမ်နီးချင်းများက သူမရဲ့ကလေးများကို ကျောင်းပို့ပေးဖို့ဆန္ဒရှိတဲ့အတွက်ကြောင့် ၎င်းတို့ကိုကျေးဇူးတင်ကြောင်း Mardinah က ပြောကြားခဲ့ပါတယ်။ထို့အပြင် Mardinah ဟာ သူမရဲ့ငွေရေးကြေးရေးအခက်အခဲများကို သူမရဲ့အိမ်နီးချင်းများအားမသိစေချင်တာကြောင့် သူမ အိမ်အပြင်ထွက်တိုင်းရှက်ခဲ့ဖူးကြောင်းလည်း ဝန်ခံထားပါတယ်။

သို့ပေမယ့် သူမရဲ့အဖြစ်ကိုကြားခဲ့ကြပြီးတဲ့နောက် ၎င်းအိမ်နီးချင်းတို့က သူမနဲ့သူမရဲ့မိသားစုအတွက် ကြီးမားတဲ့အကူအညီကိုပေးခဲ့ကြကြောင်း Mardinah က ထပ်မံထုတ်ဖော်ပြောပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် Mardinah မိသားစုရဲ့ အခြေခံလိုအပ်ချက်များနှင့် ၎င်းတို့ရဲ့ဘ၀များကို ပိုမိုသက်တောင့်သက်သာဖြစ်စေရန် အခြားလိုအပ်တဲ့အရာများကို ထောက်ပံ့ရန်အတွက် NGO များစွာက သူမရဲ့နေအိမ်သို့ရောက်လာခဲ့ကြပါတယ်။

“အခြား NGO နှစ်ခုရဲ့အကူအညီကြောင့် ကျွန်တော်တို့က သူတို့အတွက် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ စာအုပ်စင်၊ အိပ်ရာ၊ ခေါင်းအုံး၊ စောင်၊ စားပွဲနှင့်အခြားလိုအပ်တဲ့ပစ္စည်းမျိုးစုံကို လှူဒါန်းနိုင်ခဲ့ပါတယ် ၊ သူတို့ရဲ့ ကနဦးနေထိုင်မှုအခြေအနေကို မျက်မြင်တွေ့ရှိတဲ့အခါ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ် ၊ ဒါမဲ့ သူတို့က ကျွန်တော်တို့လှူဒါန်းလိုက်တဲ့ပစ္စည်းတွေကို လက်ခံရရှိပြီးတဲ့နောက်မှာ ကလေးတွေရဲ့ပျော်ရွှင်စွာ တုံ့ပြန်ပေးခဲ့ပုံက ကျွန်တော်တို့ကို ပိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်စေခဲ့ပါတယ် “ လို့ Malaysian Freedom Riders Club ဥက္ကဋ္ဌဖြစ်သူ Mohd Sabri Talib က ပြောကြားခဲ့ပါတယ်။ထို့အပြင် လူများစွာက Mardinah အတွက် အိမ်မှာနေပြီးအသက်မွေးဝမ်းကျောင်းနိုင်မဲ့အလုပ်တစ်ခုရရှိရန်အတွက်လည်း ထပ်မံမျှော်လင့်နေခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "အစားအစာများအတွက်ပေးချေဖို့ငွေမရှိတာကြောင့် အမှိုက်ပုံးများကိုသာလိုက်လံဖွင့်ကာ အစာရှာနေခဲ့ကြရတဲ့ ညီအစ်ကိုနှစ်ဦး"

Leave a comment

Your email address will not be published.


*