အထက်တန်းကျောင်းတုန်းကချစ်သူဆီမှ အငြင်းခံလိုက်ရပြီးနောက် ကိုယ်အလေးချိန် ၁၃၂ ပေါင်အထိလျော့ချကာ သူ့ရဲ့အချစ်ကိုလက်ခံရန် တစ်ဖန်ချစ်ရေးဆိုခဲ့ပြန်တဲ့ အမျိုးသား

တစ်ခါတစ်ရံမှာ ငြင်းပယ်ခံရခြင်းက တစ်စုံတစ်ယောက်အတွက် လက်ခံပေးခြင်းထက် ပိုကောင်းနေတတ်ပါတယ်။Tsuchiya အမည်ရှိအမျိုးသားဟာ အသက် ၂၉ နှစ်အရွယ်ဂျပန်လူမျိုးဖြစ်ပြီး ကိုယ်အလေးချိန် ၂၈၇ ပေါင် ရှိပါတယ်။သူဟာ အစားအစာကို အလွန်ကြိုက်နှစ်သက်ပြီး အစားဆိုနှစ်ခွန်းမဟရပါဘူး။သူဟာ အထက်တန်းကျောင်းသားဘဝတုန်းက ကောင်မလေးတစ်ယောက်နှင့်ချစ်ခဲ့ပြီး သူ့ခံစားချက်တွေကို ဝန်ခံရန် ဆုံးဖြတ်ခဲ့ပါတယ်။ကံမကောင်းစွာဖြင့် သူ့ရဲ့ ကြီးမားတဲ့အလေးချိန်နှင့်အသွင်အပြင်တို့ကြောင့် သူ့ရဲ့ဝန်ခံချက်ကို ငြင်းပယ်ခံခဲ့ရပါတယ်။ထို့နောက် Tsuchiya ဟာ အသည်းကွဲသွားခဲ့ပြီး ကောင်မလေးကို နောက်ထပ်တစ်ချိန်ချစ်ခွင့်ပန်နိုင်ရန်အတွက် သူ့ရဲ့ကိုယ်အလေးချိန်ကို လျှော့ချရန်ဆုံးဖြတ်ခဲ့ပါတော့တယ်။

.

Tsuchiya ဟာ မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး သူ့ရဲ့မောင်နှမတစ်ဦးက အခြားတစ်နေရာတွင်အလုပ်လုပ်နိုင်ရန် အိမ်မှထွက်ခွါသွားခဲ့ပြီးနောက်မှာ သူဟာ မိဘများရဲ့တစ်ဦးတည်းသောသားအဖြစ် အချစ်ခံခဲ့ရပါတယ်။

.

သူဟာ ငယ်စဉ်ကသူ့အရွယ်အခြားကလေးများကဲ့သို့ပင် ပုံမှန်ဖြစ်တဲ့ကိုယ်အလေးချိန်ရှိခဲ့ပါတယ။သို့သော် ကျန်းမာရေးနှင့်မညီညွတ်တဲ့အစာကို စွဲလမ်းမှုကြောင့် သူ့ကို ကိုယ်အလေးချိန်များစွာတက်သွားစေခဲ့ပါတယ်။မိဘများကလည်း သူ့ရဲ့ပြသနာကိုသဘောပေါက်သွားခဲ့ပြီးနောက် နေ့ခင်းဘက်မှာ သူ့အား diet လုပ်တဲ့အစားအစာများကို ကျွေးခဲ့ပါတယ်။Tsuchiya ဟာ မိဘများရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပေမဲ့ ညသန်းခေါင်ယံအချိန်တိုင်းမှာတော့ မီးဖိုချောင်ထဲသို့ ခိုးကြောင်ခိုးဝှက်သွားခဲ့ပါတယ်။သူဟာ စည်သွတ်တူနာနှင့် mayonnaise တို့ဖြင့် ထမင်းအပြည့်ပါတဲ့ ပန်းကန်လုံးကြီးကို ကုန်အောင်စားတတ်သလို အဆီဖြစ်အစားအစာတို့ဟာ သူ့ရဲ့အကြိုက်ဆုံးအစားအစာဖြစ်ခဲ့ပါတယ်။မူလတန်းကျောင်းတက်စဉ်က Tsuchiya ရဲ့ကိုယ်အလေးချိန်ဟာ ၁၅၄ ပေါင်အထိတက်သွားခဲ့ပါတယ်။

.

နောက်ဆုံးမှာ ဆယ်ကျော်သက်အရွယ်၌ သူ့ရဲ့ကိုယ်အလေးချိန်ဟာ နှစ်ဆတိုးသွားခဲ့ပြီး သူ့ရဲ့အထက်တန်းကျောင်းချစ်သူ Aimi က သူ့အား ငြင်းပယ်လိုက်တဲ့အခါ Tsuchiya ဟာ ပေါင်အချို့ကို ချရန်ဆုံးဖြတ်လိုက်ပါတယ်။သူဟာ နေ့စဉ် ၃ နာရီကြာ အပြေးလေ့ကျင့်ခဲ့ပြီး တင်းကျပ်တဲ့အလေ့အကျင့်တစ်ခုကို သတ်မှတ်ခဲ့ပါတော့တယ်။နှစ်နှစ်ကြာစနစ်တကျစားသုံးကာ လေ့ကျင့်ခန်းလုပ်ခဲ့ပြီးနောက် Tsuchiya ဟာ အရပ် 5’8” မှာ သူ့ရဲ့စံပြကိုယ်အလေးချိန် ၁၅၄ ပေါင်အထိကို ချနိုင်ခဲ့ပါတယ်။သူဟာ Aimi အား ထပ်မံချစ်ရေးဆိုခဲ့ပေမဲ့ ဒုတိယအကြိမ် ငြင်းပယ်ခံခဲ့ရပါတယ်။

သူ့ရဲ့အချစ်ကိုလက်မခံပေးခဲ့ပေမဲ့ Tsuchiya ဟာ ယခုအခါယခင်ကထက် ပိုကျန်းမာလာတဲ့အတွက်ကြောင့် ပိုပျော်ရွှင်နေခဲ့ရပါတယ်။သူ့ရဲ့ရုပ်ရည်ရူပကာနှင့်ဆွဲဆောင်မှုရှိတဲ့ကိုယ်လုံးကိုယ်ဟန်တို့ကြောင့် Tsuchiya ဟာ မကြာတော့မဲ့အချိန်မှာဘဲ သူ့ရဲ့ပိုကောင်းတဲ့လက်တွဲဖော်ကို ရှာတွေ့လိမ့်မယ်လို့ သေချာစွာမျှော်လင့်နေမိပါတယ်။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "အထက်တန်းကျောင်းတုန်းကချစ်သူဆီမှ အငြင်းခံလိုက်ရပြီးနောက် ကိုယ်အလေးချိန် ၁၃၂ ပေါင်အထိလျော့ချကာ သူ့ရဲ့အချစ်ကိုလက်ခံရန် တစ်ဖန်ချစ်ရေးဆိုခဲ့ပြန်တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*