ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့မောင်လေးအား သက်သာသွားအောင် ဘေးကနေအနီးကပ်ပြုစုပေးနေခဲ့တဲ့ အသက် ၅နှစ်အရွယ်ကလေးမလေး

အခြားရွယ်သူကလေးများက သူငယ်ချင်းများနှင့်ဆော့ကစားခြင်း၊ ပျော်စရာဂိမ်းများကစားခြင်းတို့ကိုပြုလုပ်နေကြတဲ့အချိန်မှာ အသက် ၅ နှစ်အရွယ် Aubrey အမည်ရှိကလေးမလေးဟာ ဖျားနာနေတဲ့သူမရဲ့ ၄ နှစ်အရွယ်မောင်လေး Beckett ရဲ့အနားမှာသာ နေဖို့အတွက်ကို ရွေးချယ်ခဲ့ပါတယ်။Beckett ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ဧပြီလမှာ lymphoblastic သွေးကင်ဆာဟုတဲ့ရောဂါတစ်မ်ျုးကိုရှာဖွေတွေ့ရှိခဲ့ရပြီး သူဟာ ဓာတုကုထုံး၊ သွေးသွင်းခြင်းနှင့် platelet သွင်းခြင်းတို့ဖြင့် ဆေးရုံ၌ လပေါင်းများစွာကြာအောင် နေခဲ့ရပါတယ်။

ထို့ကြောင့် Aubrey က သူမဘာပဲဖြစ်နေဖြစ်နေ Beckett ကို ဂရုစိုက်ဖို့လိုသလို သူမတတ်နိုင်သမျှအချိန်တိုင်းသူ့ကိုနှစ်သိမ့်ပေးဖို့လိုတယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။

Aubrey ဟာ သူမရဲ့မောင်လေးအား ပြန်လည်နာလန်ထူရန် ကူညီပေးချင်ခဲ့ပြီး ကင်ဆာရောဂါကိုတိုက်ဖျက်နေစဉ် chemo ကြောင့်နေမကောင်းဖြစ်နေခဲ့စဉ်မှာ Beckett ရဲ့ကျောပြင်ကို အနောက်ကနေ ပွတ်တိုက်ပေးနေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် နေထိုင်တဲ့ Aubrey နှင့် Beckett တို့ရဲ့မိခင် Kaitlin Burge ရဲ့အဆိုအရ သူမဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကရိုက်ထားတဲ့အခုဓာတ်ပုံကို ပြန်ထုတ်ပြရန်ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းကဲ့သို့ လျှပ်တပြက်ဖြစ်ပျက်ခဲ့ပြီးနောက် ကိုယ်ကျိုးမငဲ့တဲ့ Aubrey ဟာ မောင်လေး Beckett ရဲ့လက်ကို ဆေးကြောပေးပြီး သူ့အား ဆိုဖာပေါ်သို့ ကြင်နာစွာခေါ်ဆောင်သွားပေးခဲ့သလို ၎င်းအိမ်သာကိုလည်း သူမကဘဲ သန့်ရှင်းရေးလုပ်ပေးခဲ့ပါသေးတယ်။

“ ကျွန်မ သူတို့နှစ်ယောက်ကို အတူတူတွေ့ရတဲ့အခါ ကျွန်မကို ပျော်ရွှင်စေသလို တစ်ချိန်တည်းမှာဘဲ ကျွန်မကို ဝမ်းနည်းသွားစေခဲ့တယ် ၊ သူတို့မှာ မယုံနိုင်စရာကောင်းတဲ့နှောင်ကြိုးတစ်ခုရှိတယ် ၊ ဒီနေ့အထိသူတို့က ပိုပိုနီးစပ်လာခဲ့တယ်၊ သူမက သူ့ကိုအမြဲဂရုစိုက်တယ်” ဟု Burge မှ The Sun သတင်းသို့ပြောကြားခဲ့ပါတယ်။ Aubrey နှင့် Beckett တို့ဟာ အလွန်ကိုရင်းနှီးကြပါတယ်။

Aubrey ဟာ အခြားကလေးများနှင့်အတူ ဆော့ကစားလို့ရပေမဲ့ ၎င်းကဲ့သို့အရာများထက် သူမရဲ့မောင်လေးအား ဂရုစိုက်ဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။မိခင် Burge က သူမနှင့်သူမရဲ့ခင်ပွန်းတို့က Aubrey အား အပြင်သို့ထွက်ရန်နှင့်အခြားအရာများလုပ်ရန်အမြဲအားပေးခဲ့ပေမဲ့လည်း ကြင်နာတတ်တဲ့နတ်သမီးလေးက သူမရဲ့နေမကောင်းဖြစ်နေတဲ့မောင်လေးကိုသာ ပိုဂရုစိုက်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

Beckett ဟာ ဤမျှအံ့ဩဖွယ်ကောင်းတဲ့အစ်မတစ်ယောက်ပိုင်ဆိုင်ခွင့်ရခြင်းက အလွန်ကိုကံကောင်းလှပါတယ်။Beckett လေးလည်း မကြာခင်မှာဘဲ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပြီး Aubrey လေးကလည်း သူမရဲ့ချစ်စရာကောင်းတဲ့မောင်လေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပြန်ဆော့ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ကာ ဆုတောင်းမိပါတယ်။Aubrey ဟာ လှပလွန်းတဲ့ Angel လေးတစ်ပါးလိုပါဘဲဗျာ။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့မောင်လေးအား သက်သာသွားအောင် ဘေးကနေအနီးကပ်ပြုစုပေးနေခဲ့တဲ့ အသက် ၅နှစ်အရွယ်ကလေးမလေး"

Leave a comment

Your email address will not be published.


*