ညစာမစားခင် ဟင်းပွဲ ၁၀ ပန်းကန်ကို ၄၅ မိနစ်အတွက်း အကုန်စားပစ်ပြီး အိမ်ရောက်ရင် ညစာထပ်စားမယ်ဆိုတဲ့ အဖွား

Covid-19 စည်းမျဉ်းစည်းကမ်းများ တင်းကျပ်တဲ့ ကြေငြာချက်ကို အင်္ဂါနေ့ (ဇူလိုင်လ ၂၀ ရက်) မှာ ထုတ်ပြန်ပြီးနောက် အသက် ၆၇ နှစ်အရွယ်အဖွားက အစားအစာစင်တာမှ ဟင်းခေါက်ဆွဲ ၁၀ ပန်းကန်ကို မှာယူခဲ့ပါတယ် ။ တရုတ်ညနေခင်းနေ့စဉ်နဲ့ အင်တာဗျူးတစ်ခုမှာ Jiang အမည်ရှိ အမျိုးသမီးက သူမကို Blk 478, Tampines Street 44 ရှိ စားသောက်ဆိုင်မှာ သုံးလေးရက်တိုင်း အားပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။ အထူးသဖြင့်သူမက ထိုနေရာမှာ ရောင်းတဲ့ ဟင်း၊ခေါက်ဆွဲကို နှစ်သက်ပြီး သစ္စာရှိတဲ့ ဖောက်သည်တစ်ဦး ဖြစ်ခဲ့ပါတယ် ။

.

အသက် ၄၃ နှစ်အရွယ်ဈေးဆိုင်ပိုင်ရှင်က အဖွားရဲ့ မှာယူမှုကို လက်ခံပြီးတဲ့အခါ ဆိုင်ရှင်က “လူငယ်တွေက ပုံမှန်အားဖြင့် ပန်းကန်လုံးသုံး လေးလုံး စားနိုင်တယ်၊ ငါ့အရွယ်အစားနဲ့ဆိုရင် ပန်းကန်လုံး ငါးလုံး ခြောက်လုံးလောက်ပဲစားနိုင်တာ။ သူက ငါ့ကို ပန်းကန်လုံး ၁၀ လုံးစားနိုင်တယ်လို့ ပြောတုန်းက ငါမယုံနိုင်ခဲ့ဘူး” လို့ ပြောခဲ့ပါတယ် ။

.

သူမခေါက်ဆွဲ ၁၀ ပန်းကန်လုံးစားပြီးသွားလျှင် သူမကို ခေါက်ဆွဲအခမဲ့ပေးမယ်လို့ Jiang ကို ဆိုင်ရှင်က ယုံကြည်စိတ်ချစွာ ပြောခဲ့ပါတယ် ။ Jiang က သူ့ကိုစိန်ခေါ်ပြီး နောက်နေ့မှာ ဆိုင်ကို ရောက်လာခဲ့ပါတယ် ။ သူမမှာထားတဲ့ ခေါက်ဆွဲများကို အသေးငယ်ဆုံး အရွယ်အစားဖြစ်ပြီးတစ်လုံးလျှင် ၃ ဒေါ်လာ ကုန်ကျပါတယ် ။ ခေါက်ဆွဲနဲ့ ဟင်းအပြင် ပန်းကန်တစ်ခုစီမှာ ကြက်သား၊ အာလူး၊ tau pok နဲ့ ငါးကိတ်အချပ်များပါဝင်ပါတယ် ။ ညနေ ၃ နာရီခန့်မှာ သတင်းထောက်များ ဆိုင်သို့ ရောက်တဲ့အခါ Jiang က ခေါက်ဆွဲငါးပန်းကန်တောင် စားပြီးနေပြီ ။ ဆိုင်ပိုင်ရှင်အံ့သြသွားတာက Jiang ဟာ တစ်ထိုင်တည်းမှာ ပန်းကန် ၁၀ လုံးကို စားနိုင်ရုံသာမက ၄၅ မိနစ်အတွင်းပန်းကန်ထဲက ‌ခေါက်ဆွဲများကို သူမ‌ ပြောင်လက်နေအောင် စားနိုင်ခဲ့ပါတယ် ။

.

“သူမအသက်အရွယ်နဲ့ ဒီလောက်စားနိုင်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး။ ၁၀ နှစ်ကျော်အတွင်း ဒီလောက်စားကောင်းတဲ့မိခင်တစ်ယောက်ကို ဒါဟာ ပထမဆုံးအကြိမ် ငါတွေ့ခဲ့တာဘဲ ” လို့ ဆိုင်ရှင်ကဆိုပါတယ် ။ သူမပွဲအပြီးမှာ Jiang က သူမအလွန်ဝပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့သော် သူမကို ညစာစားအုန်းမလားလို့ မေးတဲ့အခါ Jiang က ခေါင်းညိမ့်ကာ သူမအိမ်မှာစားဖို့အတွက် ကြက်သားဟင်းဝယ်ရန် ရည်ရွယ်ပြီး ပေါင်မုန့်နဲ့ စားမယ်လို့ ပြောခဲ့ပါတယ် ။ Jiang ရဲ့ ခင်ပွန်းက သူ့ဇနီးဟာ အသက်အရွယ်ကြီးပေမဲ့ အလွန်ကျန်းမာပြီး အစာစားချင်စိတ်အမြဲရှိတယ်လို့ ပြောဆိုခဲ့ပါတယ် ။ “ သူမဟာ အစာစားပြီးတာတောင် မကြာခဏဗိုက်ဆာတတ်တယ်” လို့ Jiang ရဲ့ ခင်ပွန်းက ဆိုပါတယ် ။

JRose (Mckzone Daily)

Source : asiaone

Be the first to comment on "ညစာမစားခင် ဟင်းပွဲ ၁၀ ပန်းကန်ကို ၄၅ မိနစ်အတွက်း အကုန်စားပစ်ပြီး အိမ်ရောက်ရင် ညစာထပ်စားမယ်ဆိုတဲ့ အဖွား"

Leave a comment

Your email address will not be published.


*