ဆင္းရဲလြန္းလို႔ ဖ်ားနာေနတဲ့သမီးေလးအတြက္ အစားအေသာက္ေတြခိုးယူမိခဲ့လို႔ အဖမ္းခံခဲ့ရတဲ့ မိခင္တစ္ဦး

တ႐ုတ္ႏိုင္ငံ၊ နန္က်င္းၿမိဳ႕မွ အမႈိက္စုေဆာင္းသူအျဖစ္အလုပ္လုပ္ေနတဲ့ မိခင္တစ္ဦးဟာ ၾကက္ေပါင္နဲ႔ ကေလးစာအုပ္ႏွစ္အုပ္ကို ခိုးယူျခင္းျဖင့္ အဖမ္းခံရပါတယ္ ။ Shanghaiist သတင္းဌာနရဲ႕ အဆိုအရ Liu Jinxia အမည္ရွိ မိခင္တစ္ဦးဟာ သူမမွာအမႊာသမီးႏွစ္ေယာက္ရွိၿပီး သူတို႔ႏွစ္ေယာက္စလုံးက ေက်ာက္ကပ္ဆိုင္ရာ ေရာဂါမ်ား ခံစားေနရတာပါ ။ သူမရဲ႕ ခင္ပြန္းက သူ႔သမီးရဲ႕ အေျခအေနေၾကာင့္ ေငြေရးေၾကးေရး ခက္ခဲၿပီး မိသားစုမွ ထြက္ခြာသြားခဲ့တာပါ ။ ေငြကို ေခြၽတာရန္ Liu နဲ႔ သူမရဲ႕ ကေလးမ်ားက ေသးငယ္တဲ့အခန္းတစ္ခုမွာ ေနထိုင္ၾကတာပါ ။ Liu ရဲ႕သမီးတစ္ဦးက သူမဟာ ၾကက္ေပါင္နဲ႔ၾကက္ဥတစ္လုံးစားခ်င္ေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့ပါတယ္ ။

သူမကေလးကို မသိမ္ငယ္ေစခ်င္တာေၾကာင့္ Liu က စူပါမားကတ္တစ္ခုကို သြားၿပီး ၾကက္ေပါင္ကို ခိုးယူခဲ့ပါတယ္ ။ သူမရဲ႕ သမီးႏွစ္ေယာက္စလုံးက ေက်ာင္းအတြက္ စာအုပ္တစ္အုပ္လိုအပ္တာေၾကာင့္ သူမက စာအုပ္ႏွစ္အုပ္ကိုပါ ယူၿပီး ထြက္ေျပးရန္ ျပင္ဆင္ခဲ့ပါတယ္ ။ သို႔ေသာ္ သူမထြက္ခြာရန္ ႀကိဳးစားတဲ့အခါ ဆိုင္ရွင္က မိၿပီး အဖမ္းခံရပါတယ္ ။ ေခၚဆိုမႈကို တုံ႔ျပန္တဲ့ ရဲအရာရွိတစ္ဦးက Liu ရဲ႕ အျဖစ္အပ်က္ကို WeChat မွာ တင္ခဲ့ပါတယ္ ။ သူမရဲ႕လုပ္ရပ္က အြန္လိုင္းေပၚမွာ ျပန႔္ႏွံ႔သြားၿပီး တ႐ုတ္တစ္ဝွမ္းက အင္တာနက္သုံးစြဲသူေတြဟာ သူမရဲ႕ေငြေရးေၾကးေရး ဝန္ထုပ္ဝန္ပိုးေတြကို သက္သာေစဖို႔ အလႉေငြေတြလႉဒါန္းခဲ့ပါတယ္ ။

“ဒီအမ်ိဳးသမီးမွာအျပစ္မရွိပါဘူး။ ဒီလိုရာဇဝတ္မႈအတြက္ ဒါဟာ လူ႔အဖြဲ႕အစည္းတစ္ခုလုံးကို အျပစ္တင္ရမယ့္အရာပဲ” လို႔ အင္တာနက္အသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္ ။ ယေန႔အထိ Liu နဲ႔ သူမရဲ႕ သမီးမ်ားကို ကူညီရန္ Netizen မ်ားစြာက စုစုေပါင္းေဒၚလာ ၆၂,၆၀၀ စုေဆာင္းထားပါတယ္ ။

JRose (Mckzone Daily)

Source : stomp.straitstimes

Unicode

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှ အမှိုက်စုဆောင်းသူအဖြစ်အလုပ်လုပ်နေတဲ့ မိခင်တစ်ဦးဟာ ကြက်ပေါင်နဲ့ ကလေးစာအုပ်နှစ်အုပ်ကို ခိုးယူခြင်းဖြင့် အဖမ်းခံရပါတယ် ။ Shanghaiist သတင်းဌာနရဲ့ အဆိုအရ Liu Jinxia အမည်ရှိ မိခင်တစ်ဦးဟာ သူမမှာအမွှာသမီးနှစ်ယောက်ရှိပြီး သူတို့နှစ်ယောက်စလုံးက ကျောက်ကပ်ဆိုင်ရာ ရောဂါများ ခံစားနေရတာပါ ။ သူမရဲ့ ခင်ပွန်းက သူ့သမီးရဲ့ အခြေအနေကြောင့် ငွေရေးကြေးရေး ခက်ခဲပြီး မိသားစုမှ ထွက်ခွာသွားခဲ့တာပါ ။ ငွေကို ချွေတာရန် Liu နဲ့ သူမရဲ့ ကလေးများက သေးငယ်တဲ့အခန်းတစ်ခုမှာ နေထိုင်ကြတာပါ ။ Liu ရဲ့သမီးတစ်ဦးက သူမဟာ ကြက်ပေါင်နဲ့ကြက်ဥတစ်လုံးစားချင်ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါတယ် ။

သူမကလေးကို မသိမ်ငယ်စေချင်တာကြောင့် Liu က စူပါမားကတ်တစ်ခုကို သွားပြီး ကြက်ပေါင်ကို ခိုးယူခဲ့ပါတယ် ။ သူမရဲ့ သမီးနှစ်ယောက်စလုံးက ကျောင်းအတွက် စာအုပ်တစ်အုပ်လိုအပ်တာကြောင့် သူမက စာအုပ်နှစ်အုပ်ကိုပါ ယူပြီး ထွက်ပြေးရန် ပြင်ဆင်ခဲ့ပါတယ် ။ သို့သော် သူမထွက်ခွာရန် ကြိုးစားတဲ့အခါ ဆိုင်ရှင်က မိပြီး အဖမ်းခံရပါတယ် ။ ခေါ်ဆိုမှုကို တုံ့ပြန်တဲ့ ရဲအရာရှိတစ်ဦးက Liu ရဲ့ အဖြစ်အပျက်ကို WeChat မှာ တင်ခဲ့ပါတယ် ။ သူမရဲ့လုပ်ရပ်က အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားပြီး တရုတ်တစ်ဝှမ်းက အင်တာနက်သုံးစွဲသူတွေဟာ သူမရဲ့ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးတွေကို သက်သာစေဖို့ အလှူငွေတွေလှူဒါန်းခဲ့ပါတယ် ။

“ဒီအမျိုးသမီးမှာအပြစ်မရှိပါဘူး။ ဒီလိုရာဇဝတ်မှုအတွက် ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်တင်ရမယ့်အရာပဲ” လို့ အင်တာနက်အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ် ။ ယနေ့အထိ Liu နဲ့ သူမရဲ့ သမီးများကို ကူညီရန် Netizen များစွာက စုစုပေါင်းဒေါ်လာ ၆၂,၆၀၀ စုဆောင်းထားပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဆင္းရဲလြန္းလို႔ ဖ်ားနာေနတဲ့သမီးေလးအတြက္ အစားအေသာက္ေတြခိုးယူမိခဲ့လို႔ အဖမ္းခံခဲ့ရတဲ့ မိခင္တစ္ဦး"

Leave a comment

Your email address will not be published.


*