ျပဳတ္က်ေတာ့မဲ့ကေလးငယ္ကို ကယ္တင္ႏိုင္ဖို႔အတြက္ တိုက္ခန္းရဲ႕ဝရံတာကို အကာအကြယ္မပါဘဲ spiderman အလားတြယ္တက္သြားခဲ့တဲ့ အမ်ိဳးသားတစ္ဦး(႐ုပ္သံ)

Mali ႏိုင္ငံမွေျပာင္းေ႐ြ႕ေနထိုင္သူတစ္ဦးဟာ ပဲရစ္ၿမိဳ႕ရွိ တိုက္ခန္းအထပ္ေပါင္း ေလးထပ္ရဲ႕ဝရံတာမွတြဲခိုရင္း ေျမျပင္ေပၚသို႔ ျပဳတ္က်ေတာ့မဲ့ကေလးငယ္ေလးတစ္ဦးကို ကယ္တင္ရန္ အကာအကြယ္မပါဘဲ ၎တိုက္ခန္းဝရံတာသို႔ တြယ္တက္သြားခဲ့တာေၾကာင့္ လက္ေတြ႕ဘဝရဲ႕ spiderman ဟု အမည္ေပးခံခဲ့ရပါတယ္။ အသက္ ၂၂ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့အဆိုပါအမ်ိဳးသားရဲ႕အမည္မွာ Mamoudou Gassama ျဖစ္ၿပီး သူဟာ အႏၲရာယ္ရွိေနတဲ့ကေလးေလးကို ေတြ႕လိုက္တာနဲ႔ ခ်က္ခ်င္းပင္ ကယ္ဆယ္ဖို႔လုပ္ေဆာင္ခဲ့ပါတယ္။ သူဟာ တိုက္ခန္းအျပင္ဘက္ရွိနံရံေပၚသို႔တြယ္တက္ကာ ေလးထပ္ေျမာက္မွာရွိေနတဲ့အဆိုပါကေလးေလးဆီေရာက္ရန္ ဝရံတာတစ္ခုကေနတစ္ခုဆီသို႔ မေၾကာက္မလန္႔ဘဲ အလ်င္အျမန္တြယ္တက္ခဲ့ပါတယ္။

ထို႔ေနာက္ သူဟာ အဆိုပါေလးႏွစ္အ႐ြယ္ကေလးကို ကယ္တင္ႏိုင္ခဲ့ၿပီး လုံၿခဳံတဲ့ေနရာဆီသို႔ ေခၚေဆာင္သြားခဲ့ပါတယ္။ Gassama ဟာ သူ႔ဘဝတက္လွမ္းအတြက္ ပိုမိုေကာင္းမြန္တဲ့အလုပ္တစ္ခုကို ရရန္ ၎ဗီဒီယိုအားမ႐ိုက္မိခင္ ရက္အနည္းငယ္အလိုကတည္းက ျပင္သစ္ႏိုင္ငံသို႔ ေ႐ြ႕ေျပာင္းလာခဲ့တာပါ။ “ ကြၽန္ေတာ္က ဘာမွမေတြးဘဲ အဲ့တိုင္းဘဲ တြယ္တက္လိုက္တာ ၊ ဘုရားသခင္ကိုေက်းဇူးတင္တယ္၊ဘုရားသခင္က ကြၽန္ေတာ့္ကို ကူညီေပးခဲ့တယ္ ၊ ကြၽန္ေတာ္ပိုတက္ေလ ကြၽန္ေတာ္တက္ဖို႔ သတၱိပိုရွိေလ ျဖစ္ခဲ့တယ္ ၊ အဲ့ဒါပါဘဲ ” ဟု Gassama က ဆိုခဲ့ပါတယ္။

ထို႔အျပင္ “ ကံေကာင္းစြာပဲ၊ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈရွိၿပီးကေလးကို သြားကယ္ေပးဖို႔ သတၱိရွိခဲ့တဲ့လူတစ္ေယာက္ရွိေနခဲ့တယ္” ဟု ၎အျဖစ္အပ်က္ႏွင့္ပတ္သက္၍ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထိုကဲ့သို႔ ေျပာၾကားခဲ့ပါတယ္။ ထို႔ေနာက္ ၎အျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီး Gassama ဟာ သူ႔ရဲ႕ရဲရင့္မႈႏွင့္ ဟီး႐ိုးဆန္မႈတို႔ေၾကာင့္ ျပင္သစ္သမၼတက သူ႔အား ႏိုင္ငံသားတစ္ဦးအျဖစ္ခံယူခြင့္ကို ေပးအပ္ခ်ီးျမင့္ေပးခဲ့ပါတယ္။ Gassama ရဲ႕ကိုယ္က်ိဳးမငဲ့တဲ့လူသားဆန္တဲ့လုပ္ရပ္ဟာ သူ႔အတြက္ ေရွ႕ေလွ်ာက္မွာအခြင့္အလမ္းမ်ားစြာရွိသြားေစတဲ့အျပင္ ျပင္သစ္ႏိုင္ငံရဲ႕ႏိုင္ငံသားတစ္ဦးအျဖစ္ပါ ခံယူခြင့္ရသြားခဲ့ရပါတယ္။ ဒါဟာ Gassama အတြက္ ဝမ္းသာပီတီျဖစ္စရာတစ္ခုပါဘဲဗ်ာ။

.

.

.

.

.

.

Mia (Mckzone Daily)

Source : goodtimes

Unicode

Mali နိုင်ငံမှပြောင်းရွေ့နေထိုင်သူတစ်ဦးဟာ ပဲရစ်မြို့ရှိ တိုက်ခန်းအထပ်ပေါင်း လေးထပ်ရဲ့ဝရံတာမှတွဲခိုရင်း မြေပြင်ပေါ်သို့ ပြုတ်ကျတော့မဲ့ကလေးငယ်လေးတစ်ဦးကို ကယ်တင်ရန် အကာအကွယ်မပါဘဲ ၎င်းတိုက်ခန်းဝရံတာသို့ တွယ်တက်သွားခဲ့တာကြောင့် လက်တွေ့ဘဝရဲ့ spiderman ဟု အမည်ပေးခံခဲ့ရပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့အဆိုပါအမျိုးသားရဲ့အမည်မှာ Mamoudou Gassama ဖြစ်ပြီး သူဟာ အန္တရာယ်ရှိနေတဲ့ကလေးလေးကို တွေ့လိုက်တာနဲ့ ချက်ချင်းပင် ကယ်ဆယ်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ တိုက်ခန်းအပြင်ဘက်ရှိနံရံပေါ်သို့တွယ်တက်ကာ လေးထပ်မြောက်မှာရှိနေတဲ့အဆိုပါကလေးလေးဆီရောက်ရန် ဝရံတာတစ်ခုကနေတစ်ခုဆီသို့ မကြောက်မလန့်ဘဲ အလျင်အမြန်တွယ်တက်ခဲ့ပါတယ်။

ထို့နောက် သူဟာ အဆိုပါလေးနှစ်အရွယ်ကလေးကို ကယ်တင်နိုင်ခဲ့ပြီး လုံခြုံတဲ့နေရာဆီသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ Gassama ဟာ သူ့ဘဝတက်လှမ်းအတွက် ပိုမိုကောင်းမွန်တဲ့အလုပ်တစ်ခုကို ရရန် ၎င်းဗီဒီယိုအားမရိုက်မိခင် ရက်အနည်းငယ်အလိုကတည်းက ပြင်သစ်နိုင်ငံသို့ ရွေ့ပြောင်းလာခဲ့တာပါ။ “ ကျွန်တော်က ဘာမှမတွေးဘဲ အဲ့တိုင်းဘဲ တွယ်တက်လိုက်တာ ၊ ဘုရားသခင်ကိုကျေးဇူးတင်တယ်၊ဘုရားသခင်က ကျွန်တော့်ကို ကူညီပေးခဲ့တယ် ၊ ကျွန်တော်ပိုတက်လေ ကျွန်တော်တက်ဖို့ သတ္တိပိုရှိလေ ဖြစ်ခဲ့တယ် ၊ အဲ့ဒါပါဘဲ ” ဟု Gassama က ဆိုခဲ့ပါတယ်။

ထို့အပြင် “ ကံကောင်းစွာပဲ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိပြီးကလေးကို သွားကယ်ပေးဖို့ သတ္တိရှိခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့တယ်” ဟု ၎င်းအဖြစ်အပျက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုကဲ့သို့ ပြောကြားခဲ့ပါတယ်။ ထို့နောက် ၎င်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး Gassama ဟာ သူ့ရဲ့ရဲရင့်မှုနှင့် ဟီးရိုးဆန်မှုတို့ကြောင့် ပြင်သစ်သမ္မတက သူ့အား နိုင်ငံသားတစ်ဦးအဖြစ်ခံယူခွင့်ကို ပေးအပ်ချီးမြင့်ပေးခဲ့ပါတယ်။ Gassama ရဲ့ကိုယ်ကျိုးမငဲ့တဲ့လူသားဆန်တဲ့လုပ်ရပ်ဟာ သူ့အတွက် ရှေ့လျှောက်မှာအခွင့်အလမ်းများစွာရှိသွားစေတဲ့အပြင် ပြင်သစ်နိုင်ငံရဲ့နိုင်ငံသားတစ်ဦးအဖြစ်ပါ ခံယူခွင့်ရသွားခဲ့ရပါတယ်။ ဒါဟာ Gassama အတွက် ဝမ်းသာပီတီဖြစ်စရာတစ်ခုပါဘဲဗျာ။

Mia (Mckzone Daily)

Be the first to comment on "ျပဳတ္က်ေတာ့မဲ့ကေလးငယ္ကို ကယ္တင္ႏိုင္ဖို႔အတြက္ တိုက္ခန္းရဲ႕ဝရံတာကို အကာအကြယ္မပါဘဲ spiderman အလားတြယ္တက္သြားခဲ့တဲ့ အမ်ိဳးသားတစ္ဦး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*