၂၈ နာရီလုံးမအိပ်ရဘဲ ခွဲစိတ်မှု ၅ ခုကိုပြုလုပ်ပေးခဲ့ပြီးနောက် ကြမ်းပြင်ပေါ်မှာခွေကွေးကာ ချက်ချင်းအိပ်ပျော်သွားခဲ့လို့ လူသိများသွားခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦး

ကျွန်တော်တို့ထဲမှတော်တော်များများဟာ ကျန်းမာရေးနှင့်ပတ်သက်လာရင် အများကြီးမသိတဲ့အတွက် ကျွန်တော်တို့ရဲ့လိုအပ်ချက်များကို အမြန်ဆုံးမြင့်တက်လာစေရန် ဆရာဝန်များနှင့် သူနာပြုများရဲ့အကူအညီကို ရယူကြရပါတယ်။ သို့ပေမဲ့ ၎င်းကျန်မာရေးဆိုင်ရာ ပရောဖက်ရှင်နယ်များဟာ အလုပ်ကိုမရပ်မနားလုပ်ကြရပြီး လူနာများအား ကြည့်ရှုပေးရန်အတွက် ၂၄ နာရီလုံးလုံး မအိပ်ကြရတာကိုတော့ လူအနည်းငယ်မျှသာသိကြပါတယ်။ ၂၄ နာရီလုံးလုံးမအိပ်ဘဲ ၎င်းကို အကျင့်တစ်ခုလိုဖြစ်အောင်လုပ်ဖို့ကို သင်စိတ်ကူးကြည့်ဖူးပါသလား။

.

ကျွန်တော့်အထင်တော့ ကျွန်တော်တို့အားလုံးဟာ အိပ်ရေးမဝဘဲ တစ်နေကုန်မနေနိုင်ဘူးဆိုတာကတော့ အသေအချာပါဘဲ။ ခုလည်း တရုတ်နိုင်ငံရှိ ခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူ့ရဲ့မျက်နှာဖုံးနဲ့ဦးထုပ်ကိုမချွတ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေခဲ့တဲ့ဓာတ်ပုံတစ်ပုံကို ရိုက်ကူးယူခဲ့ပါတယ်။

.

တစ်ကယ်တော့ ၂၈ နာရီ အဆိုင်းဖြင့် သူ့ရဲ့ ငါးကြိမ်မြောက်ခွဲစိတ်မှုအပြီးမှာ ဒေါက်တာ Luo Heng အမည်ရှိတဲ့၎င်းခွဲစိတ်ဆရာဝန်ဟာ ပင်ပန်းစွာနဲ့ ကြမ်းပြင်ပေါ်မှာ ကွေးကောက်ကာ အိပ်ပျော်သွားခဲ့ရပါတယ်။ ၎င်းဓာတ်ပုံကို တရုတ်နိုင်ငံ Anhui ပြည်နယ် Dingyuan ကောင်တီရှိ ဆေးရုံတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး တရုတ်လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Weibo ပေါ်မှာ ဝေမျှခဲ့တဲ့ထိုဓာတ်ပုံဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

.

မျှော်လင့်ထားသည့်အတိုင်း ၎င်းဓာတ်ပုံဟာ လူအများထံမှရောထွေးတဲ့တုံ့ပြန်မှုများစွာကို ရရှိခဲ့ပါတယ်။ ဤလူငယ်ဆရာဝန်အား သူ့ရဲ့ရည်စူးမှုအတွက် ချီးကျူးပေးခဲ့ကြတဲ့သူများစွာရှိပေမဲ့လည်း လူအများအပြားက သူ့ရဲ့ကျန်းမာရေးကိုသာမက သူ့ရဲ့လူနာများအား အလုပ်များလွန်းတဲ့ဆရာဝန်တစ်ဦးအနေဖြင့် မည်သို့လုပ်ဆောင်နေခဲ့တဲ့ပုံကိုပါ အတော်လေး စိတ်ပူပေးခဲ့ကြပါတယ်။ သင်သာ အိပ်ရေးမဝခဲ့ရင် သင်ဟာ tiptop ပုံစံဖြင့် မနေနိုင်သလို သင့်ရဲ့အလုပ်ကိုလည်း အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။

.

ထို့ကြောင့် ဒေါက်တာ Luo Heng လုပ်နေတဲ့အရာများကဲ့သို့ အလားတူလိုက်လုပ်နေတဲ့ဆရာဝန်များဟာ ၎င်းတို့ရဲ့လူနာများရဲ့အသက်အန္တရာယ်ကို ထိရောက်သွားစေနိုင်ကြောင်း လူအများက ထိုကဲ့သို့လည်း ပြောဆိုခဲ့ကြပါတယ်။ ထို့အပြင် ဝမ်းနည်းစရာကောင်းတဲ့အမှန်တရားတစ်ခုကတော့ ၎င်းဆေးရုံမှာ လူနာများစွာရှိသလောက် ဆရာဝန်များက အနည်းငယ်သာရှိခြင်းဘဲဖြစ်ပါတယ်။

ထို့ကြောင့် လူအများက ထိုကဲ့သို့သော ဆရာဝန်နည်းနေတဲ့ပြဿနာကို မဝေးတော့တဲ့အနာဂတ်မှာတောင်မဖြေရှင်းနိုင်သေးဘူးဆိုရင် ဒေါက်တာ Luo ကဲ့သို့သောဆရာဝန်များလည်း ဆက်လက်တည်ရှိနေရအုံးမည်ဖြစ်ကြောင်း ၎င်းဆေးရုံရဲ့သက်ဆိုင်ရာအကြီးအကဲများအား ပြောကြားခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "၂၈ နာရီလုံးမအိပ်ရဘဲ ခွဲစိတ်မှု ၅ ခုကိုပြုလုပ်ပေးခဲ့ပြီးနောက် ကြမ်းပြင်ပေါ်မှာခွေကွေးကာ ချက်ချင်းအိပ်ပျော်သွားခဲ့လို့ လူသိများသွားခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦး"

Leave a comment

Your email address will not be published.


*