ချစ်သူက ငွေကြောင့်မဟုတ်ဘဲ သူမအား အချစ်စစ်နဲ့သာချစ်နေကြောင်းကို ပြန်လည်ရှင်းပြခဲ့ကြတဲ့ အသက် ၃၇နှစ်ကွာဟတဲ့ ချစ်သူစုံတွဲ

အမေရိကန်နိုင်ငံရှိ အသက် ၂၃ နှစ်အရွယ် Quran အမည်ရှိအမျိုးသား ဟာ သူနဲ့အသက် ၃၇ နှစ်ကွာဟတဲ့ အသက် ၆၀ အရွယ် Cheryl အမည်ရှိအမျိုးသမီးနှင့် ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့စုံတွဲ ဟာ ပုံမှန် နမ်းတာ၊ ပွေ့ဖက်တာ၊ အတူတူကခုန်တာများကို TikTok ဗီဒီယိုမှာ မကြာခဏ တင်လေ့ရှိကြပါတယ်။ မကြာသေးခင်က သူတို့ရဲ့ TikTok ဗီဒီယိုတစ်ခုရှိကြည့်ရှုသူများထဲမှတစ်ဦးက “မင်းတို့ရဲ့ နှစ်ဖက်မိသားစုစလုံးက မင်းတို့ ချိန်းတွေ့တာကို သဘောတူကြရဲ့လား”လို့မေးတဲ့အပေါ် သူတို့နှစ်ဦးစလုံးက ပျော်ရွှင်စွာဖြင့် “သဘောတူပါတယ်” လို့ ဖြေကြားပေးခဲ့ကြပါတယ်။ ထို့အပြင် ၎င်းတို့ဟာ Troller များထံမှ ၎င်းတို့နှစ်ဦးရဲ့အချစ်ရေးနှင့်ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်များစွာကိုလည်း မကြာခဏ လက်ခံရရှိလေ့ရှိပါတယ်။

.

Troller များစွာက Cheryl ဟာ ချစ်သူကောင်မလေးနဲ့မတူဘဲ အဖွားနဲ့သာတူတယ်လို့ပြောခဲ့ကြပြီး အခြားသူများကလည်း Quran ဟာ ငွေကြောင့်သာ Cheryl ကိုချစ်နေတယ်လို့ ပြောခဲ့ကြကာ ၎င်းတို့စုံတွဲအား ဝေဖန်ရှုပ်ချခဲ့ကြပါတယ်။

.

“ မျက်နှာဖုံးကိုဘဲ ကြည့်ပြီး စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကို မင်းတို့ မဆုံးဖြတ်သင့်ပါဘူး ၊အသက်အရွယ်ကလည်း ကိန်းဂဏန်းတစ်ခုပါပဲ ၊ ငါတို့ရဲ့ချစ်ခြင်းကို ဘယ်သူကမှ ဝင်စွတ်ဖက်လို့မရပေမဲ့ မိုက်ရူးရဲဆန်တဲ့စကားတွေကိုပြောပြီး ငါတို့ကို လိုက်နှောက်ယှက်နေတာကလည်း အမှန်တရားကအမှန်တရားပါဘဲ“ လို့ Cheryl က Instagram live တစ်ခုမှာ Troller များအား ပြန်ပြောခဲ့ပါတယ်။

.

” ငါ ဘာမှမမှားပါဘူး၊ ငါတို့ ကခုန်ကြတယ်၊အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ဖြန့်ဝေပေးတယ်၊ ငါတို့အတွက် ကောင်းတဲ့အရာတွေ အများကြီးရှိတာ ကြောင့် အမုန်းတရားကို အနိုင်ပေးမှာမဟုတ်ဘူး၊ သူက ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ၊ သူ့ကိုလည်း ကောင်းကောင်းဆက်ဆံပေးတယ်၊ လူတိုင်းက ဘာကိုစိုးရိမ်နေကြတာလဲ ”လို့ သူမက ဆက်ပြီး ပြောထားခဲ့ပါသေးတယ်။

သို့ပေမဲ့ Troller များက ၎င်းတို့စုံတွဲအား ဆက်လက်မုန်းတီးနေကြတဲ့သူများလည်းရှိသလို သူမရဲ့စကားသံများကြောင့် သူမတို့စုံတွဲအပေါ် စိတ်ခံစားချက်များပြောင်းလဲသွားခဲ့ကြတဲ့သူများလည်း ရှိနေခဲ့ပါတယ်။ဟုတ်ပါတယ် အသက်အရွယ်က ကိန်းဂဏာန်းတစ်ခုသာသာပါဘဲ။ စာဖတ်သူတို့ကော ၎င်းတို့စုံတွဲကို ဘယ်လိုထင်မြင်ယူဆမိပါသလဲဗျာ။

Mia (Mckzone Daily)

Source : everytruenews24

Be the first to comment on "ချစ်သူက ငွေကြောင့်မဟုတ်ဘဲ သူမအား အချစ်စစ်နဲ့သာချစ်နေကြောင်းကို ပြန်လည်ရှင်းပြခဲ့ကြတဲ့ အသက် ၃၇နှစ်ကွာဟတဲ့ ချစ်သူစုံတွဲ"

Leave a comment

Your email address will not be published.


*