ဆရာဖြစ်သူက သားလေးရဲ့ ထမင်းဘူးကို မဆေးပါပေးလို့ ဒေါသထွက်ပြီး အွန်လိုင်းပေါ်မှာ Post တင်ကာ အော်ငေါက်ခဲ့တဲ့ မိခင်တစ်ဦး
JRose (Mckzone Daily)
Source : rachfeed
Unicode
ဒေါသထွက်နေတဲ့ အမေတစ်ယောက်ဟာ ဆရာဖြစ်သူက သူမသားရဲ့ ထမင်းဘူးကို မဆေးကြောပေးခဲ့တာကြောင့် ဆရာ့ကို ဒေါသသကြီးနဲ့ အော်ငေါက်ခဲ့တာပါ ။ World of Buzz ရဲ့ အဆိုအရဒေါသထွက်နေတဲ့မလေးရှားမိခင်တစ်ဦးဟာ သူမရဲ့ Facebook အကောင့်မှာ တင်ပြီး သူမရဲ့ မက်ဆေ့ချ်များကို screenshots များဖြင့် မျှဝေခဲ့ပါတယ် ။ ” ထမင်းဘူးလေးပါ ဆေးပေးလိုက်ရင်ဘာဖြစ်မလို့လဲ ။ ပန်းကန်ဆေးဖို့ ပိုက်ဆံပါ ပေးရမလားပြော။ ရိုးသားမှုနဲ့သာလုပ်ပါ ။ ငါ့ကို မကျေမနပ်ဖြစ်အောင် နင်လုပ်မိတာများနေပြီး ငါတို့မိဘတွေက Whatsapp အဖွဲ့မှာ မင်းဟာ အမူအကျင့်မရှိတဲ့ ဆရာတစ်ယောက်ဆိုပြီး ငါသတင်းတင်ပြီး ဖော်ထုတ်လို့ရတယ်! ” လို့ အမေက ဒေါသတကြီးဖြင့် ဆရာကို အော်ပြောလိုက်ပါတယ် ။
ဆရာက သူမရဲ့ဒေါသထွက်စာများကို မဖြေတာကြောင့် ဒေါသထွက်နေတဲ့မိခင်တစ်ဦးက Whatsapp အဖွဲ့မှ screenshots များပို့ခဲ့ပါတယ် ။ ထိုမိခင်ဟာ အခြားမိဘများက သူမဘက်ပါပြီး ဆရာကို ဒေါသထွက်လိမ့်မယ်လို့ထင်ခဲ့ပေမယ့် အခြားမိဘများက ဆရာ့ဘက်ကိုသာပါပြီး သူမကလေးရဲ့ ထမင်းဘူးကို ဆေးဖို့က ဆရာတစ်ယောက်ရဲ့ အလုပ်မဟုတ်ဘူးလို့ လူအများကပြောတော့ သူမအံ့သြသွားပြီး အရှက်ရသွားခဲ့ပါတယ် ။ နောက်ပြီး အခြားမိဘတွေအပြင် netizen တွေဆီက ဒါဟာ ဆရာရဲ့ တာဝန်မဟုတ်ကြောင်းကို များစွာ အထောက်ခံနေကြပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "ဆရာဖြစ်သူက သားလေးရဲ့ ထမင်းဘူးကို မဆေးပါပေးလို့ ဒေါသထွက်ပြီး အွန်လိုင်းပေါ်မှာ Post တင်ကာ အော်ငေါက်ခဲ့တဲ့ မိခင်တစ်ဦး"
Leave a comment
Your email address will not be published.
*