အများသုံးလမ်းမပေါ်မှာ တွင်းပေါက်များကြောင့် ကားတွေမပျက်စီးစေလိုတာမို့ အင်္ဂတေများ လိုက်ဖြည့်နေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်



JRose (Mckzone Daily)

Source : rachfeed

Unicode

ပုံမှန်အားဖြင့် ကားအသွားအလားများတဲ့ လမ်းတွေမှာ ကျင်းတွေအများကြီးရှိနေတာက သင့်ရဲ့ ကားများကိုပျက်စီးစေနိုင်ပါတယ် ။ ဒါပေမယ့်အစိုးရရဲ့ရန်ပုံငွေမရှိတာတို့ သို့မဟုတ် နိုင်ငံရေးကိစ္စတွေလိုမျိုး အခြားအကြောင်းပြချက်တွေကြောင့် ဒီလမ်းကို မပြုပြင်ခဲ့ရပါဘူး ။ Michigan က ၁၂ နှစ်အရွယ်ကလေးလေး မွန်တီစကော့ဟာ အများသုံးလမ်းမကြီးတစ်ခုမှာ တွင်းပေါက်အကြီးများကြောင့် လမ်းပေါ်သွားလာနေတဲ့ ကားများကို မပျက်စီးစေလိုတာကြောင့် အပေါက်များကို အင်္ဂတေတွေထည့်ဖြည့်ခဲ့တဲ့ ပုံကြောင့် ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေခဲ့ပါတယ် ။ မွန်တီရဲ့ လုပ်ဆောင်ပုံကို ဖခင်ဖြစ်သူ Trinell Renee Payne က ဂုဏ်ယူဝံ့ကြွားတဲ့အနေနဲ့ သူ့သားရဲ့ ဓာတ်ပုံကို ဝေမျှခဲ့တာပါ ။

ဗီဒီယိုထဲမှာ ကလေးက အနီရောင်နဲ့လိမ္မော်ရောင် Hoodie ကို ဝတ်ထားပြီး အင်္ဂတေထည့်ထားတဲ့ ပုံးကို သယ်လာပြီး တွင်းပေါက်ကို ဖြည့်လိုက်ပါတယ် ။ လမ်းက အတော်လေးဆိုးဝါးပြီး တွင်းပေါက်များနဲ့ ပြည့်နေပြီး ကလေးက တွင်းအချို့ကို ဖြည့်ထားပြီး ဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အများသုံးလမ်းမပေါ်မှာ တွင်းပေါက်များကြောင့် ကားတွေမပျက်စီးစေလိုတာမို့ အင်္ဂတေများ လိုက်ဖြည့်နေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်"

Leave a comment

Your email address will not be published.


*