အိမ်မှာလျှပ်စစ်မီးမရှိလို့ လမ်းမီးတိုင်ရဲ့အလင်းရောင်တစ်ခုအောက်မှာ အိမ်စာတွေလုပ်နေခဲ့တဲ့ ကောင်လေးငယ်တစ်ဦး



Mia (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်နိုင်ငံ Davao မြို့ရှိ Calinan ခရိုင်မှာ လမ်းလျှောက်နေစဉ် Netizen Brian Parantar က လမ်းဘေးမှာ ဝပ်နေတဲ့ လူငယ်လေးတစ်ဦးကို သတိပြုမိခဲ့ပါတယ် ။ ကောင်လေးက လမ်းမီးတိုင်ရဲ့အလင်းရောင်အောက်မှာ စာတွေ လေ့လာနေတာပါ ။ ကောင်လေးဟာ အိမ်မှာ လျှပ်စစ်မီးမရှိတာကြောင်း သူ့ရဲ့ အိမ်စာများပြီးမြောက်ရန် သူလုပ်နိုင်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် Parantar က ချီးကျူးစကားဆိုခဲ့ပါတယ် ။ “ဟုတ်ပါတယ်၊ ဒီလောက်သေးငယ်တဲ့ကောင်လေးက စဉ်းစားဥာဏ်တွေရှိတာဟာ ချီးကျူးစရာကောင်းပေမဲ့ မတော်လို့ ကားသမားက သတိလွတ်ပြီး ကားနဲ့ ကလေးကို ထိမိပြီး အန္တရာယ်ကျရောက်မှာကို စိုရိမ်းတယ်” လို့ Parantar က ပြောခဲ့ပါတယ် ။

Parantar ရဲ့အဆိုအရ သူက ထိုအချိန်မှာ အခြားကလေးတွေ အိမ်မှာ ဘေးကင်းလုံခြုံစွာနေနေချိန် ဒီကလေးကတော့ အိမ်မှာ လျှပ်စစ်မီးမရှိလို့ အလင်းရောင်ရှိတဲ့ နေရာမှာ အိမ်စာထိုင်လုပ်နေတာဟာ ပြည့်ပြည့်စုံစုံနဲ့ နေထိုင် အသုံးပြုရတဲ့ အခြားကလေးများနဲ့ နိုင်းယှဥ်ခဲ့ပြောဆိုခဲ့ပါတယ် ။ ဒါကို Parantar က တစ်နိုင်ငံလုံးက ကလေးတွေကို ဒီ့ထက်ကောင်းကောင်းလေ့လာပြီး အတုယူစရာဖြစ်အောင် ကလေးတွေကို တိုက်တွန်းလိုတာကြောင့် ဝေမျှပေးခဲ့တာပါ ။

Mia (Mckzone Daily)

Be the first to comment on "အိမ်မှာလျှပ်စစ်မီးမရှိလို့ လမ်းမီးတိုင်ရဲ့အလင်းရောင်တစ်ခုအောက်မှာ အိမ်စာတွေလုပ်နေခဲ့တဲ့ ကောင်လေးငယ်တစ်ဦး"

Leave a comment

Your email address will not be published.


*