အဝေးကမိခင်ကို သူ့အားစိတ်မပူရန်နဲ့ သူအဆင်ပြေကြောင်း အာမခံဆိုင်းဘုတ်ကို ကိုင်ပြီး ဓာတ်ပုံကို အမေ့ဆီပို့ခြင်းဖြင့် စိုးရိမ်စိတ်လျော့ချစေခဲ့တဲ့ ကောင်လေး



JRose (Mckzone Daily)

Source : rachfeed

Unicode

သားဖြစ်သူက သူငယ်ချင်းတွေနဲ့ အားလပ်ရက်ခရီးသွားတဲ့အချိန်မှာ မိခင်ကို သူအဆင်ပြေကြောင်း အာမခံဖို့ laminated ဆိုင်းဘုတ်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ကာ သူ့အမေဆီ သူ့ရဲ့ဓာတ်ပုံတွေကို ဝေမျှပြီးတဲ့နောက် ပြန့်နှံ့သွားခဲ့ပါတယ် ။ အမေတွေဟာ သူတို့ရဲ့ကလေးတွေက လူကြီးအရွယ်ဘဲရောက်ရောက် သူတို့ရဲ့အမြင်မှာ ကလေးလေးတစ်ယောက်လိုပါဘဲ ။ လူကြီးဖြစ်ပြီး သူတို့ကလေးမှာကိုယ်ပိုင်မိသားစုတွေရှိရင်တောင် မိဘတွေဟာ မကြာခဏ စိတ်ပူတက်တယ်ဆိုတာ လူတိုင်းသိပါတယ် ။ အထူးသဖြင့် သူတို့တွေခရီးတွေသွားရင်၊ ကျောင်း ဒါမှမဟုတ် သူတို့ရဲ့အလုပ်တွေကြောင့် အဝေးမှာနေရင်သူတို့ရဲ့ ကလေးတွေအတွက် စိုးရိမ်နေတက်ကြတာပါ ။

တူညီတဲ့ခံစားချက်ရှိတဲ့ မိခင်တစ်ယောက်ကဘဲ သိနိုင်တာပါ ။ အထူးသဖြင့် သူမအဝေးကို ရောက်နေရင်‌တောင် သူ့သားကို အရမ်းစိုးရိမ်ပြီး ဝမ်းနည်းသလို ခံစားတက်ကြပါတယ် ။ လူငယ်က သူ့ရဲ့ သူငယ်ချင်းများနဲ့ Baler ၊Dingalan သို့ သွားတဲ့ အခါ သူက သူ့အမေကို (အမေ ၊သားအဆင်ပြေတယ်) ဆိုတဲ့ဆိုင်းဘုတ်နဲ့ အမေဆီကိုပို့ပြီး စိုးရိမ်စိတ်တွေ လျော့ချစေခဲ့ပါတယ် ။ ထိုဓာတ်ပုံများဟာ ကောင်လေးက သူ့ရဲ့အမေတို့နဲ့ ဆက်စပ်နိုင်တဲ့ စိတ်ကူးကောင်းများကို တွေ့နိုင်သဖြင့် netizen များက ပျော်ရွှင်နေကြပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အဝေးကမိခင်ကို သူ့အားစိတ်မပူရန်နဲ့ သူအဆင်ပြေကြောင်း အာမခံဆိုင်းဘုတ်ကို ကိုင်ပြီး ဓာတ်ပုံကို အမေ့ဆီပို့ခြင်းဖြင့် စိုးရိမ်စိတ်လျော့ချစေခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*