အလှပြင်ဆိုင်ဝန်းထမ်းရဲ့ ဆိုးရွားတဲ့ ဝန်ဆောင်မှုကြောင့် RM1 သန်း (ဒေါ်လာ ၂၅၈ သိန်း) ဖြင့် တရားစွဲဆိုခဲ့တဲ့ Customer အမျိုးသမီး

စင်္ကာပူနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးဟာ မလေးရှားနိုင်ငံ Johor Bahru ရှိ အလှပြင်ဆိုင်တစ်ဆိုင်သို့ သွားခဲ့ပါတယ် ။ သူမက ထိုအချိန်မှာ မကျေနပ်ချက်များစွာနဲ့ ဝန်ဆောင်မှုကို မကျေနပ်ဘူးလို့ဆိုကာ ပိုက်ဆံပေးရန် ငြင်းဆန်ခဲ့ပါတယ် ။ ရက်အနည်းငယ်အကြာမှာ ထိုအမျိုးသမီးက ဆံပင်ညှပ်ရန်နဲ့ ဆံပင်ကိုဆိုးရန် အလှပြင်ဆိုင်သို့ ပြန်သွားခဲ့ပါတယ် ။ သူမစိတ်ပြောင်းသွားပြီး သူမရဲ့ ပထမဆုံးလည်ပတ်မှုအတွက် ငွေပေးချေမယ်လို့ တွေးလိုက်တဲ့အခါ အလှပြင်ဆိုင်အလုပ်သမားများက သူမရဲ့ ဆံပင်ကို ညှပ်ပေးခဲ့ပေမယ့် အဲဒါပြီးသွားတဲ့အခါ အမျိုးသမီးက ဆံပင်ညှပ်တာမကြိုက်ဘူး၊ ဆိုးဆေးက မကောင်းဘူးလို့ ညည်းညူနေခဲ့ပါတယ် ။ သူမဟာ အခကြေးငွေမပေးဘဲ အလှပြင်ဆိုင်ကနေ ပြန်ထွက်သွားခဲ့ပါတယ် ။

.

ဒါပေမယ့် ဒီတစ်ခါတော့ အလှပြင်ဆိုင်အလုပ်သမားတွေက သူမပေးခဲ့တဲ့ ငွေတွေအတွက် ပြန်ပေးဖို့ ယဉ်ယဉ်ကျေးကျေးမေးဖို့ သူမဖုန်းကို ခေါ်ခဲ့ပါတယ် ။ အမျိုးသမီးဟာ ဒေါသတကြီးနဲ့ အလှပြင်ဆိုင်ကို ပြန်လာပြီးအလုပ်သမားတွေကို ရိုက်ပုတ်ပြီး သူတို့ရဲ့အလုပ်က မကောင်းဘူး သူတို့ကို လစာပေးဖို့ မထိုက်တန်ဘူးဆိုပြီး ပြောခဲ့ပါတယ် ။ အလုပ်သမားများရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ဖောက်သည်က “ ငါအရမ်းမကျေမနပ်ဖြစ်နေတယ်။ ငါ့ကို မင်းတို့ စိတ်ဖိစီးစေတဲ့အတွက် RM1 သန်း ($ 258k) နဲ့ငါ တရားစွဲမယ်။ ငါအခု အရမ်းဒေါသထွက်နေတယ် ” လို့ ခြိမ်းခြောက်ခဲ့ပါတယ် ။

.

သူမက ရဲများကို ခေါ်ရန် ရဲရင့်စွာပြောခဲ့ပြီး အလှပြင်ဆိုင်အလုပ်သမားများနဲ့ ပိုင်ရှင်ကို ရာဇ ဝတ်မှု ကျူးလွန်တယ်လို့ ပြောခဲ့သော်လည်း ရဲများက သူမကို ထိုကဲ့သို့သော အငြင်းပွားမှုများကို အမှုငယ်များနဲ့ သာဖြေရှင်းရမယ်လို့ ပြောကြားခဲ့ပါတယ် ။

.

အလှပြင်ဆိုင်ပိုင်ရှင်က ထိုအမျိုးသမီးကို ငွေတောင်းခံမနေတော့ဘဲ သူမကိုလွှတ်လိုက်ပြီး အမှုမဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဆိုင်ရှင်တစ်ဦးက သူမရဲ့ဝန်ထမ်းတစ်ဦးကို အခုလိုလုပ်လိုက်တဲ့အတွက် ဝမ်းနည်းနေသော်လည်း ၎င်းတို့က လုပ်ငန်းအသစ် စတင်နေသေးသဖြင့် ထိုပြသနာအသေးအဖွဲကိစ္စများအားလုံးကို လွယ်လွယ်နဲ့ ကြေအေးခဲ့လိုက်ပါတယ် ။

JRose (KBdailynews)

Reference : rachfeed

Be the first to comment on "အလှပြင်ဆိုင်ဝန်းထမ်းရဲ့ ဆိုးရွားတဲ့ ဝန်ဆောင်မှုကြောင့် RM1 သန်း (ဒေါ်လာ ၂၅၈ သိန်း) ဖြင့် တရားစွဲဆိုခဲ့တဲ့ Customer အမျိုးသမီး"

Leave a comment

Your email address will not be published.


*