ညီငယ်လေး နဲ့ အဖွားကို ပြုစုဖို့ ဘဝအတွက် ရုန်းကန်နေရတဲ့ အားကိုးရာမဲ့တဲ့ ၇ နှစ်အရွယ် ကလေးမလေး

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ သတင်းထောက်တစ်ဦးက Kham Ta Kla ခရိုင်ရှိ အားကိုရာမဲ့၂ တန်းကျောင်းသူလေးတစ်ဦးရဲ့ အိမ်သို့ သွားရောက်စုံစမ်းခဲ့ပါတယ် ။ Nong Vermicelli အမည်ရှိ ၇ နှစ်မိန်းကလေးတစ်ဦးဟာ Nong King လို့ခေါ်တဲ့ သူမရဲ့ ၃ နှစ်အရွယ်ညီလေး နဲ့ ၆၀ အရွယ် မစ္စစ် Toi Inchai လို့ခေါ်တဲ့ သူမရဲ့ အဖွားနဲ့ အတူ တဲအိမ်တစ်ခုမှာ နေထိုင်ပြီး ဆင်းရဲတာကြောင့် စားဝတ်နေရေးအတွက် သူမ ကိုယ်တိုင် ရုန်းကန်နေရပါတယ် ။ သူမတို့ မိသားစုနေတဲ့ တဲအိမ်လေးကလည်း သွပ်မိုးအဟောင်းနဲ့ ပျက်စီးယိုယွင်းနေပါပြီ ။ အဘွားဖြစ်သူ Nang Toi က သူ့မြေးလေးရဲ့ မိဘတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းကြပြီး ကလေးတွေ အဘွားဆီ ထားခဲ့ပြီး သူတို့က ဘယ်တွေ ပျောက်လို့ ပျောက်မှန်း မသိဘူးလို့ အဖွားက ဆိုပါတယ် ။

အဖွားတို့ မိသားစုက ဆင်းရဲတာကြောင့် ဝင်ငွေရတဲ့ အလုပ်အကိုင်လည်းမရှိ တာမို့ အခက်တွေ့နေကြရပါတယ် ။ အဖွားဖြစ်သူကလည်း အသက်ကြီးနေပြီမို့ မကြာခဏဖျားတက်သလို့ သူ့မြေးတွေကို လည်း မပြုစုနိုင်ခဲ့ပါဘူး ။

ဒါကြောင့် ၇ နှစ်အရွယ် Nong Vermicelli က အဖွားကို အဝတ်လျှော်တာ၊ ပန်းကန်ဆေးတာ၊ ညီလေးကိုထမင်းကျွေးတာ၊ ဟင်းချက်တာတို့ကအစ အဖွားကို အမြဲကူညီနေရခဲ့ပါတယ် ။

Nong Vermicelli က ကျောင်းဆရာမတစ်ယောက်ဖြစ်ဖို့ သူမမှာ အိပ်မက်ရှိခဲ့ပါတယ် ။ ရောဂါကြောင့် ကျောင်းပိတ်းထားရလို့ Nong Vermicelli က သင်ခန်းစာတွေ မလေ့လာရတော့ပါဘူး ။

Online ပေါ်လေ့လာမယ်ဆိုလည်း ဆင်းရဲတာမို့ အဆင်မပြေဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကြင်နာဆက်တဲ့ ဆရာမ Souphaphone Srisuput က Nong Vermicelli ကို အိမ်ရောက်သင်ကြားပေးခဲ့ပါတယ် ။

ဆရာမက Nong Vermicelli ရဲ့ အိမ်ကို ရောက်တဲ့ အခါမှာ အံ့သြသွားပြီး စိတ်မကောင်းဖြစ်ကာ သူတို့ရဲ့ မိသားစုတွေကို ကူညီထောက်ပံ့ပေးကြဖို့ အခြားသူတွေကို လှုံ့ဆော်ပေးခဲ့ပါတယ် ။

ဒီမိန်းကလေးက သူတို့မှာ ထမင်းတွေမစားရရင်တောင် သူမမှာ ဆရာမဖြစ်ချင်တဲ့ အိမ်မက်တစ်ခုရှိနေခဲ့တာပါ ။ Nong Vermicelli ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်အောင် လူမှုအဖွဲ့အစည်းများ သို့မဟုတ် ပရဟိတလုပ်ငန်းရှင်များ ကူညီပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (Mckzone Daily)

Source : sanook

Be the first to comment on "ညီငယ်လေး နဲ့ အဖွားကို ပြုစုဖို့ ဘဝအတွက် ရုန်းကန်နေရတဲ့ အားကိုးရာမဲ့တဲ့ ၇ နှစ်အရွယ် ကလေးမလေး"

Leave a comment

Your email address will not be published.


*