မသန္စြမ္းတဲ့ သားေလးရဲ႕ အုတ္ဂူေပၚမွာ ျမင္သူတိုင္း စိတ္အားတက္ႂကြေစမယ့္ ႐ုပ္ထုကို ထားရွိေပးခဲ့တဲ့ ဖခင္တစ္ဦး

Utah ႏိုင္ငံက ဇနီးေမာင္ႏွံ Ernest နဲ႔ Anneke Robison တို႔က Matthew Standford Robison အမည္ရွိ ကေလးေလးက သူတို႔ရဲ႕ ဘဝထဲသို႔ ႀကိဳဆိုခဲ့ၾကပါတယ္ ။ သူတို႔ဇနီးေမာင္ႏွံဟာ သူတို႔သားေလးေမြးဖြားတာကို အရမ္းဝမ္းသာခဲ့ေပမယ့္ ဆရာဝန္ေတြက သတင္းဆိုးနဲ႔ေရာက္လာတဲ့အခါ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈက တိုေတာင္းခဲ့ပါတယ္ ။ ကိုယ္ဝန္ေဆာင္စဥ္ ေအာက္ဆီဂ်င္မလုံေလာက္မႈေၾကာင့္ Matthew ဟာ မ်က္စိကြယ္ၿပီး လည္ပင္းမွ ေအာက္ပိုင္းေသခဲ့ပါတယ္ ။ ဆရာဝန္မ်ားက သူဟာ နာရီအနည္းငယ္သာအသက္ရွင္ႏိုင္ေျခရွိတယ္လို႔ ဆိုပါတယ္ ။ ဒါေပမယ့္ Matthew က ဆရာဝန္ေတြရဲ႕ေမွ်ာ္မွန္းခ်က္ေတြကို ဆန႔္က်င္ၿပီး မေသဆုံးခင္ ၿငိမ္းခ်မ္းစြာမိသားစုနဲ႔အတူ ဆယ္ႏွစ္ခြဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခဲ့ပါတယ္ ။

Matthew က သူ႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံး Wheelchair နဲ႔သာေနခဲ့ရၿပီး စကားအနည္းငယ္မွ်သာေျပာႏိုင္ေသာ္လည္း သူ႔ကိုသိတဲ့ သူေတြကို ေပ်ာ္႐ႊင္မႈေပးႏိုင္ခဲ့ပါတယ္ ။ Ernest နဲ႔ Anneke တို႔က Matthew ဆုံးပါးသြားတဲ့အခါမွာ သူက ထူးျခားတဲ့ သခ်ႋဳင္းအမွတ္အသားနဲ႔ ထိုက္တန္တယ္ဆိုတာကို သိခဲ့ဒါေၾကာင့္ ဖခင္ျဖစ္သူ Ernest က Matthew အတြက္ လွပတဲ့ အထိမ္းအမွတ္အေဆာက္အဦးတစ္ခုကို ဒီဇိုင္းဆြဲၿပီး ေပးအပ္ခဲ့ပါတယ္ ။ လွပတဲ့႐ုပ္ထုဟာ ျမင္သူတိုင္းကို ေမွ်ာ္လင့္ခ်က္ေပးစြမ္းပါတယ္ ။ ဒါဟာ တကယ့္ကို ထူးျခားတဲ့ေကာင္ေလးတစ္ေယာက္ကို မွတ္မိဖို႔ အထူးနည္းလမ္းတစ္ခုပါ ။

Ernest နဲ႔ Anneke တို႔က သားျဖစ္သူ Matthew ရဲ႕ ခံစားခဲ့ရတာေတြကိုေတြ႕ရွိခဲ့ၿပီး သူတို႔ ဇနီးေမာင္ႏွံက ပရဟိတကို စတင္လုပ္ေဆာင္ခဲ့ပါတယ္ ။ သူတို႔ရဲ႕အဖြဲ႕အစည္းက မသန္စြမ္းသူမ်ားအတြက္ အေထာက္အကူျပဳပစၥည္းမ်ား ေထာက္ပံ့ေပးျခင္းျဖစ္ပါတယ္ ။

JRose (Mckzone Daily)

Source : inspiremore

Unicode

Utah နိုင်ငံက ဇနီးမောင်နှံ Ernest နဲ့ Anneke Robison တို့က Matthew Standford Robison အမည်ရှိ ကလေးလေးက သူတို့ရဲ့ ဘဝထဲသို့ ကြိုဆိုခဲ့ကြပါတယ် ။ သူတို့ဇနီးမောင်နှံဟာ သူတို့သားလေးမွေးဖွားတာကို အရမ်းဝမ်းသာခဲ့ပေမယ့် ဆရာဝန်တွေက သတင်းဆိုးနဲ့ရောက်လာတဲ့အခါ သူတို့ရဲ့ပျော်ရွှင်မှုက တိုတောင်းခဲ့ပါတယ် ။ ကိုယ်ဝန်ဆောင်စဉ် အောက်ဆီဂျင်မလုံလောက်မှုကြောင့် Matthew ဟာ မျက်စိကွယ်ပြီး လည်ပင်းမှ အောက်ပိုင်းသေခဲ့ပါတယ် ။ ဆရာဝန်များက သူဟာ နာရီအနည်းငယ်သာအသက်ရှင်နိုင်ခြေရှိတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် Matthew က ဆရာဝန်တွေရဲ့မျှော်မှန်းချက်တွေကို ဆန့်ကျင်ပြီး မသေဆုံးခင် ငြိမ်းချမ်းစွာမိသားစုနဲ့အတူ ဆယ်နှစ်ခွဲ ပျော်ပျော်ရွှင်ရွှင်နေခဲ့ပါတယ် ။

Matthew က သူ့ရဲ့ ဘဝတစ်လျှောက်လုံး Wheelchair နဲ့သာနေခဲ့ရပြီး စကားအနည်းငယ်မျှသာပြောနိုင်သော်လည်း သူ့ကိုသိတဲ့ သူတွေကို ပျော်ရွှင်မှုပေးနိုင်ခဲ့ပါတယ် ။ Ernest နဲ့ Anneke တို့က Matthew ဆုံးပါးသွားတဲ့အခါမှာ သူက ထူးခြားတဲ့ သင်္ချိုင်းအမှတ်အသားနဲ့ ထိုက်တန်တယ်ဆိုတာကို သိခဲ့ဒါကြောင့် ဖခင်ဖြစ်သူ Ernest က Matthew အတွက် လှပတဲ့ အထိမ်းအမှတ်အဆောက်အဦးတစ်ခုကို ဒီဇိုင်းဆွဲပြီး ပေးအပ်ခဲ့ပါတယ် ။ လှပတဲ့ရုပ်ထုဟာ မြင်သူတိုင်းကို မျှော်လင့်ချက်ပေးစွမ်းပါတယ် ။ ဒါဟာ တကယ့်ကို ထူးခြားတဲ့ကောင်လေးတစ်ယောက်ကို မှတ်မိဖို့ အထူးနည်းလမ်းတစ်ခုပါ ။

Ernest နဲ့ Anneke တို့က သားဖြစ်သူ Matthew ရဲ့ ခံစားခဲ့ရတာတွေကိုတွေ့ရှိခဲ့ပြီး သူတို့ ဇနီးမောင်နှံက ပရဟိတကို စတင်လုပ်ဆောင်ခဲ့ပါတယ် ။ သူတို့ရဲ့အဖွဲ့အစည်းက မသန်စွမ်းသူများအတွက် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "မသန္စြမ္းတဲ့ သားေလးရဲ႕ အုတ္ဂူေပၚမွာ ျမင္သူတိုင္း စိတ္အားတက္ႂကြေစမယ့္ ႐ုပ္ထုကို ထားရွိေပးခဲ့တဲ့ ဖခင္တစ္ဦး"

Leave a comment

Your email address will not be published.


*