သမီးဖြစ်သူရဲ့ညစ်ပတ်နေတဲ့ဖိနပ်က ဘေးရှိခရီးသည်ရဲ့စကတ်အား ထိမိသွားမှာကိုစိုးရိမ်ကာ လက်ဖြင့် ကာထားပေးခဲ့တာကြောင့် လူအများရဲ့ချီးကျူးခြင်းကို ခံခဲ့ရတဲ့ မိခင်ကောင်းတစ်ဦး

လူတွေက သင့်ရဲ့ရိုးရှင်းတဲ့အမူအရာကနေ သင့်ရဲ့စရိုက်ကို ဖတ်ယူနိုင်ကြပါတယ်။ “ ဥပမာဖြင့် သင်ယူခြင်းက သီအိုရီများထက်သာလွန်သည် ” ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ။ ကလေးများရဲ့ငယ်ရွယ်စဉ်အခါမှာ မိဘများဟာ ၎င်းတို့ရဲ့စံပြပုဂ္ဂိုလ်များသာဖြစ်ကြပါတယ်။ ကလေးများရဲ့ကြီးပြင်းလာပုံဟာ မိဘများရဲ့အပြုအမူနှင့်သင်ကြားဆုံးမမှုများအပေါ် များစွာမူတည်နေပါတယ်။

ဥပမာတစ်ခုအနေဖြင့် ငယ်ရွယ်တဲ့မိခင်တစ်ဦးဟာ သူမရဲ့ ၃နှစ်အရွယ်သမီးကို မြေအောက်ရထားပေါ်သို့ ခေါ်ဆောင်လာခဲ့ပါတယ်။ ထိုအချိန်မှာ မြေအောက်ရထားက ခရီးသည်များနှင့်ပြည့်နေခဲ့ပါတယ်။ ထို့နောက် မြေအောက်ရထားရှိ လူမရှိဘဲနေရာလွတ်နေတဲ့ ထိုင်ခုံတန်းတစ်နေရာကိုတွေ့ရှိသွားခဲ့ပြီးနောက် အဆိုပါကလေးနှင့်သူမရဲ့မိခင်တို့ဟာ ၎င်းနေရာမှာ အတူတူထိုင်ခဲ့ကြပါတယ်။

ရုတ်တရက် သမီးဖြစ်သူက ပြတင်းပေါက်ကနေအပြင်ကို ကြည့်ဖို့ ထိုင်ခုံပေါ်သို့ဒူးထောက်လိုက်ပြီး ထိုအနေအထားနှင့်အတူ သမီးဖြစ်သူဟာ သူမအနား၌လူရှိနေတာကို သတိမပြုမိခဲ့ပါဘူး။

ထို့နောက် သမီးဖြစ်သူရဲ့ညစ်ပတ်နေတဲ့ဖိနပ်က သူမရဲ့ဘေးရှိခရီးသည်အမျိုးသမီးရဲ့စကတ်ကိုထိတော့မှာကို အမေဖြစ်သူကမြင်လိုက်တဲ့အခါသူမဟာ ခရီးသည်ရဲ့စကတ်ကို မထိမိစေရန်သမီးဖြစ်သူရဲ့ဖိနပ်ကို ချက်ချင်း လက်ဖြင့်ကာကာ ဖမ်းဆုပ်ထားခဲ့ပါတော့တယ်။

အမေဖြစ်သူဟာ သမီးဖြစ်သူရဲ့ဘေးရှိ ခရီးသည်က မသက်မသာခံစားသွားမှာကိုသိကာ စိုးရိမ်နေခဲ့ပုံရပါတယ်။ ၎င်းမြင်ကွင်းကို ၎င်းမြေအောက်ရထားမှလိုက်ပါလာတဲ့ netizen တစ်ဦးက မှတ်တမ်းတင်ထားခဲ့ကာ သူမရဲ့ social media acc မှာ ၎င်းဗီဒီယိုအား “ ဒီငယ်ရွယ်တဲ့အမေက အလွန်ပညာတတ်သူဖြစ်ပြီးသူမရဲ့ကလေးဟာလည်း ပညာတတ်ကလေးဖြစ်လာလိမ့်မယ် ၊ ဒါက သိမ်မွေ့သလို မိဘတစ်ဦးရဲ့အမြင့်ဆုံးပညာရေးအဆင့်ပဲ ” ဟူတဲ့ caption ဖြင့် ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အချိန်တိုအတွင်းမှာ ၎င်း post ဟာ netizen တွေဆီကနေ အပြုသဘောဆောင်တဲ့မှတ်ချက်များစွာကို ရရှိသွားခဲ့ပါတယ်။ “ အမေရဲ့ပြုစုပျိုးထောင်မှုပုံစံက အရမ်းကောင်းတယ် ” ၊ ” မိဘတွေက သူတို့ကလေးတွေအတွက် စံနမူနာကောင်းတွေပါ ၊ ဒီကလေးမလေးဟာ ယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်လာမှာ ကျိန်းသေတယ် ” စတဲ့မှတ်ချက်များစွာကို ရရှိခဲ့ပါတယ်။

တစ်ကယ်လည်း မိခင်တို့ဟာ သေးငယ်တဲ့အသေးစိတ်အချက်အလက်များကိုတောင် ဂရုတစိုက်ရှိတတ်ကြပါတယ်။ အဆိုပါသမီးလေးကြီးပြင်းလာတဲ့အခါ သူမဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး အလိုက်သိတတ်တဲ့ပညာတတ်တစ်ယောက်လည်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။

JRose (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "သမီးဖြစ်သူရဲ့ညစ်ပတ်နေတဲ့ဖိနပ်က ဘေးရှိခရီးသည်ရဲ့စကတ်အား ထိမိသွားမှာကိုစိုးရိမ်ကာ လက်ဖြင့် ကာထားပေးခဲ့တာကြောင့် လူအများရဲ့ချီးကျူးခြင်းကို ခံခဲ့ရတဲ့ မိခင်ကောင်းတစ်ဦး"

Leave a comment

Your email address will not be published.


*