ကမ္ဘာတစ်ဝှမ်းစွန့်စားမှုခရီးထွက်ရတာ နှစ်သက်တဲ့ မသန်စွမ်းသူငယ်ချင်းကို လိုက်လျောညီထွေဖြစ်တဲ့ ‘ကျောပိုးအိတ်’ နဲ့ ကျောပိုးပြီး သယ်ဆောင်သွားပါခဲ့တဲ့ သူငယ်ချင်းကောင်း (ရုပ်သံ)

“ သင်အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ မင်းရဲ့တိုက်ပွဲက မင်းရဲ့ကိုယ်ပိုင်လက္ခဏာ မဟုတ်ဘူး” လို့ Indiana ပြည်နယ် Fort Wayne မှာနေထိုင်တဲ့အသက် ၃၅ နှစ်အရွယ် Kevan Chandler က The Epoch Times ကိုအီးမေးလ်နဲ့ပြောခဲ့ပါတယ်။ “ We Carry Kevan” စာရေးဆရာ Kevan အမည်ရှိ အမျိုးသားက ကျောရိုးကြွက်သားကျုံ့ခြင်းအမျိုးအစား ၂၊ ရှားပါးအာရုံကြောကြွက်သားဆိုင်ရာရောဂါနဲ့ မွေးဖွားလာခဲ့ပါတယ် ။

သူက North Carolina ရှိ သူ့ရဲ့ မိဘများနဲ့ မောင်နှမနှစ်ယောက်နဲ့အတူ ကြီးပြင်းလာခဲ့တာပါ ။ Kevan ရဲ့ အကြီးမားဆုံးသော ရည်မှန်းချက်မှာ ကမ္ဘာကြီးကို အမြဲမြင်နေရန်ဖြစ်ပါတယ် ။

ထို့ကြောင့် ၎င်းဖြစ်နိုင်ချေကို ဖြစ်စေရန် Kevan က လုံခြုံစွာသော့ခတ်ပြီး သယ်ဆောင်သွားနိုင်မယ့် ကျောပိုးအိတ်ကို ဒီဇိုင်းထုတ်ရန် လုပ်ခဲ့ပါတယ် ။ သူငယ်ချင်းများက Kevan ကို ကျောပိုးကာ ကမ္ဘာ့အလှပဆုံးနေရာအချို့သို့ ခြေလျင်ခရီးများဆက်တိုက် ထွက်ခဲ့ကြပါတယ် ။

၂၀၁၆ ခုနှစ်မှာ သူတို့ရဲ့ စွန့်စားမှုခရီးကို ဥရောပမှ စတင်ခဲ့ပါတယ် ။ ဒီခရီးစဉ်အတွင်း သူငယ်ချင်းနဲ့ ရုပ်ရှင်ဒါရိုက်တာ Luke Thompson က “ The View from Here” ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ် ။ ထိုနှစ်နှောင်းပိုင်းမှာ သူတို့က မြောက်ကာရိုလိုင်းနားရဲ့ Pilot Mountain ကို တက်ခဲ့ကြပါတယ် ။

၂၀၁၈ ခုနှစ်နွေရာသီမှာ သူတို့က သုံးပတ်ခရီးအဖြစ် တရုတ်သို့ စွန့်စားထွက်ခွာခဲ့ပါတယ် ။ သူတို့အဖွဲ့ထဲမှ ဒါရိုက်တာ Thompson က လမ်းတစ်လျှောက်“ We Carry Kevan-China in” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးခဲ့လိုက်ပါတယ် ။

Kevan တို့အဖွဲ့က ယခုအခါမှာ ကျောပိုးအိတ်ကို အများပြည်သူအတွက် ထုတ်လုပ်နေပြီး ကမ္ဘာတစ်ဝန်းရှိ မိသားစု ၅၀၀ ကျော်သို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ် ။

.

သူတို့အဖွဲ့အစည်းရဲ့ website မှတဆင့် ကျောပိုးအိတ်ကို မည်သူမဆိုအခမဲ့ ရယူနိုင်ပါတယ် ။ ယနေ့အထိ Kevan နဲ့ ‌သူ့ရဲ့ သူငယ်ချင်းများက နိုင်ငံခုနစ်ခုသို့ အတူတကွအလည်အပတ် သွားခဲ့ကြပါတယ် ။

သို့ရာတွင် Kevan က သူရဲ့ခရီးနဲ့ သူ့ရဲ့မစ်ရှင်အကြောင်း စာအုပ်တစ်အုပ်ကိုပင် ရေးသားခဲ့ပြီး သူတို့ရဲ့ကိုယ်ပိုင်တိုက်ပွဲကို ကျော်လွှားရန်ကြိုးစားနေသူအားလုံးကို Kevin က “ သင့်ရဲ့ တိုက်ပွဲများအတွက် စိတ်ရှည်ပါ၊ သင့်ပတ်ဝန်းကျင်ရှိသူများကို ကြင်နာပါ၊ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ရဲ့ ရုန်းကန်မှုများကို ရှာဖွေပါ ” လို့ အကြံပေးခဲ့ပါတယ် ။

JRose (Mckzone Daily)

Reference : theepochtimes

Be the first to comment on "ကမ္ဘာတစ်ဝှမ်းစွန့်စားမှုခရီးထွက်ရတာ နှစ်သက်တဲ့ မသန်စွမ်းသူငယ်ချင်းကို လိုက်လျောညီထွေဖြစ်တဲ့ ‘ကျောပိုးအိတ်’ နဲ့ ကျောပိုးပြီး သယ်ဆောင်သွားပါခဲ့တဲ့ သူငယ်ချင်းကောင်း (ရုပ်သံ)"

Leave a comment

Your email address will not be published.


*