မိခင်နဲ့ ညီမလေးကို ကျွေးမွေးနိုင်ရန် စက်ဘီးတစ်စီးနဲ့ လမ်းဘေးက အမှိုက်တွေကိုစုဆောင်းပြီး ဝင်ငွေရှာနေခဲ့တဲ့ ၅ တန်းကလေး

မနေ့က Buriram ပြည်နယ်ရှိ လမ်းဘေးတစ်နေရာမှာ ဖြတ်သွားတဲ့ Thip Thanthai Nampanya အမည်ရှိ ကားမောင်းသမားတစ်ဦးက စက်ဘီးတစ်စီးနဲ့ လမ်းဘေးတစ်လျှောက်လုံးက ပလတ်စတစ်အမှိုက်တွေလိုက်ကောက်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ပြီး မေးမြန်းခဲ့ပါတယ် ။ နေရာအနှံ့မှာ ပလတ်စတစ်အမှိုက်တွေ လိုက်ကောက်ရတဲ့အကြောင်းရင်းက Nong Mark အမည်ရှိ ကောင်လေးဟာ သူ့ရဲ့ မိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုး ပေါ့ပါးအောင် ကူညီလိုကြောင်း ပြောကြားခဲ့ပါတယ် ။ သူတို့မိသားစုက ဆင်းရဲတာကြောင့် ကောင်လေးရဲ့မိဘတွေက အမှိုက်များကို စုဆောင်းရောင်းချရန် အသက်မွေးဝမ်းကျောင်းပြုကြပါတယ် ။

.

သို့သော် Covid ကာလအတွင်းမှာ ယခင်ကလို အမှိုက်များကို စုဆောင်းရန်နဲ့ ရောင်းရန်အရာ များစွာမရှိတော့တဲ့အပြင် မိခင်က သူ့ရဲ့ညီမလေးကို ဂရုစိုက်ရတာကြောင့် ဖခင်က ပလတ်စတစ်များ စုဆောင်းရန်တစ်ယောက်တည်း အပြင်ထွက်ရှာခဲ့ရတာပါ ။

.

ဒါ့ကြောင့် ကောင်လေးက သူ့ရဲ့မိဘကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်တာပါ ဆိုပြီး ကောင်လေးက ဆိုပါတယ် ။ သူတို့ စုဆောင်းရှာဖွေထားတဲ့ အမှိုက်တွေမှ ရောင်းလို့ရတဲ့ ငွေတွေကိုလည်း အမေနဲ့ ညီမလေးကို ထောက်ပံ့ရန် သုံးရတယ် လို့ ပြောခဲ့ပါတယ် ။ Mark က သူဆင်းရဲနေသော်လည်း တစ်နေ့ သူဟာ သူဌေးတစ်‌ယောက်ဖြစ်အောင်ကြိုးစားမယ်လို့လည်း ရည်မှန်းချက်ထားပါတယ် ။

.

သတင်းထောက်က Nong Mark ရဲ့ အိမ်သို့ သွားရောက်စုံစမ်းတဲ့ အခါမှာ Markရဲ့ အိမ်အခြေအနေက အိမ်ပတ်လည်မှာ သွပ်ပြားအမိုးအပြည့်နဲ့ ဖွာနေတာတွေ့ရပါတယ် ။

Mark ရဲ့ အမေဖြစ်သူ Watcharaporn Klomwong နဲ့ တွေ့ဆုံခဲ့ပြီး Mark ရဲ့အမေက သမီးငယ်လေးတစ်ယောက်ကိုပွေ့ချီထားပြီး မိခင်ဖြစ်သူ Watcharaphon ကိုမေးတဲ့အခါ Mark ဟာ လုံ့လဝီရိယရှိတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့ပါတယ် ။ သူတို့က အမှိုက်တွေလိုက်ကောက်ပြီး ရောင်းချရင် တစ်နေ့ကို ဘတ် ၁၀၀-၂၀၀ သာရရှိတာပါ ။

Mark အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ငယ်စဉ်ကတည်းက မိဘတွေကို ကူညီဖို့ သိတက်တဲ့ ကလေးတစ်ယောက်ကိုတော့ ကျွန်တော်မလေးစားဘဲ မနေနိုငိတော့ပါဘူး ။ နောက်ပြီး သူတို့မိသားစုရဲ့ အခက်အခဲကို တစ်ယောက်ယောက်က နည်းနည်းဖြစ်ဖြစ် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (Mckzone Daily)

Source : sanook

Be the first to comment on "မိခင်နဲ့ ညီမလေးကို ကျွေးမွေးနိုင်ရန် စက်ဘီးတစ်စီးနဲ့ လမ်းဘေးက အမှိုက်တွေကိုစုဆောင်းပြီး ဝင်ငွေရှာနေခဲ့တဲ့ ၅ တန်းကလေး"

Leave a comment

Your email address will not be published.


*